လူဖြစ်ကျိုးနပ်အောင် ပြုလုပ်နည်း

သင်…..အခုနေ ရုတ်တရက် ချက်ခြင်း ” သေ သွားတယ် ” ဆိုပါစို့….။သင်..ဘာပြင်ဆင်ထားပါသလဲ…။

သေခြင်းတရား ဆိုတာ အချိန်မရွေး လာတတ်တယ်ဆိုတာ.. ဓမ္မမိတ်ဆွေတို့လည်း သိထားကြပါတယ်။

အဲဒီလို သိသိကြီးနဲ့ ကိုပဲ.. “မဖြစ်လောက် သေးပါဘူး.. မဖြစ်နိုင်သေးပါဘူး..” ဆိုပြီး ၊ကိုယ်မျက်စိရှေ့မှာပဲ၊ နည်းမျိုးစုံ နဲ့ရုတ်တရက် အသက်ဆုံးရှုံး သွားသွား ကြတဲ့လူတွေလည်း မနည်းလှတော့ပါဘူး။

သံသရာမှာ ဘဝပေါင်းများစွာ ကျင်လည်နေကြတဲ့အနက် ..သေခြင်းတရားဆိုတာ လွန်ဆန်နိုင်တဲ့သူ တစ်ယောက်မှ မရှိတဲ့ အလျောက်၊ ဘယ်ပုံဘယ်နည်း နဲ့အသက်ဆုံးရှုံးတာပဲ ဖြစ်ပါစေ…

အခုလက်ရှိအချိန်မှာတော့၊ ရဖို့မလွယ်ဘူူးဆိုတဲ့ လူ့ဘဝကို ရနေတဲ့ အပြင်၊ ဗုဒ္ဓဘာသာဝင်လည်း ဖြစ်နေပါလျက်နဲ့တရားအားထုတ်တာ ကို မပြုလိုက်ရဘဲ၊ အသက်ဆုံးရှုံးလိုက်ရပြီ ဆိုရင်တော့…အတော်ကို နစ်နာပြီး၊ လူဖြစ်ကျိုး မနပ်လှပါဘူး လို့ ပြောရမှာပဲ ဖြစ်ပါတယ်။

ဘာလို့လည်းဆိုတော့…ဒီလို သာသနာနဲ့ဆုံပြီး၊ လူလာဖြစ်ဖို့ဆိုတာအင်မတန်မှ ခက်ခဲလွန်းလို့ပါ။

အခုမျက်မှောက်ခေတ်ကာလဟာ “ဝိပဿနာခေတ် ” လို့ခေါ်ဆိုလို့ရနိုင်အောင်လို့တရားပြတဲ့ကမ္မဋ္ဌာန်းဆရာတွေ များပြားလာတာတင် မကဘဲ၊ တရားအားထုတ်ပုံတွေ နဲ့ပတ်သက်တဲ့ နည်းလမ်းတွေ၊

တရားဓမ္မတွေကို ရဟန်းသံဃာတော်တွေ နဲ့အခြား သီလ၊သမာဓိ၊ ပညာဂုဏ် တွေကို လေ့လာဆည်းပူးလိုက်စားကြသူတွေက နည်းအမျိုးမျိုး နဲ့တရားအားထုတ်ချင်လာကြအောင်လို့စာအုပ်စာပေတွေ နဲ့ အင်တာနက် စာမျက်နှာတွေမှာ ပြုစုဖေါ်ပြတာတွေ ရှိနေတဲ့အတွက်၊ ဝိပဿနာ ကို အမှန်တစ်ကယ် အားထုတ်ချင်သူတို့အဖို့ အထူးပင်အားရကျေနပ် ဝမ်းမြောက်စရာ ကောင်းလှပါတယ်။ဒါပေမယ့်..လက်ရှိအမြင်မှာတော့..

မိဘက ဗုဒ္ဓဘာသာဝင်ဖြစ်လို့၊ အဲဒီမိဘက ပေါက်ပွားလာတဲ့ အတွက်ကြောင့် ၊ မိမိတို့ကိုယ် မိမိတို့ဗုဒ္ဓဘာသာဝင်လို့သတ်မှတ် ခေါ်ဆို ခံယူထားကြပေမယ့်လည်း၊ တစ်ကယ်တန်းကျတော့ အမည်ခံ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဆင့်လောက်သာနဲ့ပဲ ကျေနပ်နေကြပြီး…

ဝိပဿနာဘာဝနာ တရားအားထုတ်ရတယ် ဆိုတဲ့ အသိတရား နဲ့ဝေးကွာနေကြသူတွေသာများကြပါတယ်။

အလုပ်အကိုင် မပြည့်စုံလို့အနေအထိုင်နဲ့စားဝတ်နေရေး အတွက် လုံးပမ်းနေရတဲ့ အတွက် မိသားစုဝမ်းစာ ရှာနေရတဲ့အတွက်ကြောင့် တရားဓမ္မတွေနဲ့အလှမ်းဝေးကွာနေတဲ့ သူတွေရှိသလို…

တစ်ချို့ကလည်း..အတိတ်က ကောင်းတာလုပ်ခဲ့ဖူးတဲ့ ကံအကြောင်းလေးက ရှိခဲ့တော့ ၊ အခုလက်ရှိဘဝ မှာ အဆင်ပြေပြေလေး နေနေရတဲ့ ဘဝလေး၊ ရောက်ရှိနေတဲ့ နေရာလေးကို သာယာနေပြီး၊ မိသားစု သူငယ်ချင်းတွေ နဲ့အတူ၊ သောက်သောက်စားစား ပျော်ပျော်ပါးပါး နဲ့သာ ကျေနပ်နေကြပြီး…..

တရားအားထုတ်ဖို့ဆိုတဲ့ အသိတရားကို မေ့လျောနေကြတဲ့ သူတွေကသာ ဒုနဲ့ဒေး နေစဉ်နဲ့အမျှ မြင်တွေနေရပါတယ်။

ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ပါ။ဘေးလူအမြင်တော့.. ကိုယ်က ဆရာကြီး တစ်ဆူသဖွယ်..ပေါ့။

မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဆုံးမှစကား နဲ့ပြောရရင်..” ကိုယ်ဟုတ်မှ.. ဟုတ်တာ” တဲ့…။

ဘေးကလူတွေ က ဘယ်လောက်ပဲ သဘောကျနေနေ၊ ကိုယ့်ကိုယ်ကိုတော့ ကိုယ်တိုင် အသိဆုံးပါ။ဓမ္မမိတ်ဆွေတို့ကို တကယ့်ကို အားထုတ်စေချင်ပါတယ်။

တကယ်တော့…တရားအားထုတ်ဖို့ဘယ်လိုပဲ တိုက်တွန်း တိုက်တွန်း ၊ ကိုယ့်ဖာသာသာကိုယ် သံဝေဂတွေ ရပြီး အားထုတ်ချင်စိတ်ဖြစ်လာတာကတော့..အကောင်းဆုံးပါ။

ဒါပေမယ့် အဲဒီအချိန်လည်းရောက်ရော..တရားအားထုတ်ဖို့.. ခန္ဓာကိုယ်က မလိုက်နိုင်၊ ရောဂါတွေက တစ်ခုပြီး တစ်ခု ထူပြောလာပြီး၊ အဲဒီတော့မှ နောင်တတွေက အပြည့်နဲ့..

သေခါနီး မျက်ရည်စမ်းစမ်း နဲ့ပဲ၊ ခုလို ခက်ခက်ခဲခဲ နဲ့ရရှိလာတဲ့ လူ့ဘဝကို ဒီတစ်ကြိမ်မှာလည်း လွယ်လွယ်ကူကူနဲ့ထပ်ပြီး လက်လွှတ်လိုက်ရပြန်ကာ လူ့ဘဝကို နိဂုံးချုပ်ရပြန်ပါတယ်။

သာမန်ပုထုဇဉ်တွေ နဲ့သတ္တဝါတိုင်း၊ သတ္တဝါတိုင်း ဟာ သေပြီ ဆိုရင် ကောင်းတဲ့ ဘုံဘဝကို ပြန်ရောက်ဖို့ထက်၊ အပါယ်လေးဘုံ သွားဖို့က ရာနှုန်းပြည့် အသေချာဆုံးသာ ဖြစ်ပါတယ်။

အဲဒီ အပါယ်လေးဘုံက၊ တစ်ခုခုကို တစ်ခေါက်လောက် ကျသွားလို့ကတော့.. တော်တော်နဲ့ပြန်တက်လာဖို့မလွယ်ကူ တော့ပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဘုံတွေမှာ ကုသိုလ်တရားရရှိဖို့က အင်မတန်ခက်ခဲလှတဲ့ အတွက်ကြောင့်ပါ။

ဒီဘဝမှာ တရားအားမထုတ်လို့ တစ်ချက်လေးလွဲသွားတာနဲ့ “ဘွားတေး”လုပ်လို့မရပါဘူး။

အကယ်၍..တကယ့်ကို ကံအလွန်ကောင်းလွန်လွန်း လို့ နောက်တစ်ခါ လူလာဖြစ်ရင်တောင်မှ ခုလို သာသနာနဲ့ဆုံဖို မလွယ်။ဒီလိုအခွင့်အရေး မျိုးလည်း ဘာမှ ရှိမှာ မဟုတ်ပါဘူး။

အကယ်၍များ …အခုဘဝမှာ သံဝေဂလေး ဖြစ်လာလို့တရားအားထုတ်ချင်စိတ်ဖြစ်လာမယ် ဆိုရင်တော့..လက်လှမ်းမီသလောက် အသိပေးပါရစေ…။

ပါဠိတွေ နားမလည်ဘူး..တို့၊ရောဂါရှိလို့ ကြာကြာမထိုင်နိုင်ဘူး..တို့၊ခါးနာနေလို့..တို့၊ ဒူးကတော့ နာနေလို့…တို့၊အကြောင်းပြမနေပါနဲ့။

မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ ” လျောင်း၊ ထိုင်၊ ရပ်၊ သွား” ဆိုတဲ့ လေးပါးဣရိယာပုထ် ( ပုံစံ လေးမျိုးပေါ့ ) တစ်ခုခု နဲ့ပွားများအားထုတ်လို့ရပါတယ်။

ပါဠိ တွေ နားမလည် လို့လည်း စိတ်မပျက်ပါနဲ့၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ဆိုတဲ့ စကားသုံးခွန်းကြားဖူးယုံနဲ့လောလောဆယ် လုံလောက်ပြီလို့မှတ်ပါ။ ဒီစကားသုံးခွန်းကတော့ နေ့စဉ် ကြားနေကျ စကားလုံးတွေပါပဲ၊

စာမတတ်တာတွေ၊ ဉာဏ်ထိုင်းတာတွေဟာ တရားအတွက် ပြသနာမရှိပါဘူး ။ သီလ လုံလုံခြုံခြုံ နဲ့တရားကိုသာ ကြိုးကြိုးစားစားအားထုတ်ကြဖို့အရေးကြီးပါတယ်။

“ဝိပဿနာ” ဆိုတာ လွယ်လွယ်လေးပါ…စဉ်းစားတတ်တဲ့ ဉာဏ် နဲ့ ဝိရီယ ရှိရင် ရနေပြီ။

ဉာဏ်ဆိုတဲ့နေရာမှာလည်း…တစ်ချို့က သူများတွေ ထက်သာတဲ့၊ ထက်မြက်တဲ့ ဉာဏ်ရှိကြပေမယ့် ” သိတတ်တဲ့ဉာဏ် ” မဖြစ်ရင် အကျိုးမရှိပါဘူး။ ဒါကြောင့် သိတတ်တဲ့ “ဉာဏ်” ရှိကြဖို့လိုအပ်ပါတယ်။

တရားအားထုတ်ချင်တယ်ဆိုရင်တော့ အထက်ကပြောသလို ပုံစံ( ၄ )မျိုးထဲက ပုံစံတစ်မျိုးမျိုးနဲ့အားထုတ်လို့ရပါတယ်။ အားထုတ်ပုံ ၊ အားထုတ်နည်းတွေကတော့ အင်တာနက် စာမျက်နှာတွေမှာများစွာရှိပေမယ့်..

လောလောဆယ် ထိုင်ပြီးအားထုတ်တဲ့ နည်းကို ဥပမာပေးတင်ပြလိုက်ပါတယ်။

လောလောဆယ်.. အားထုတ်ဖြစ်ဖို့က အဓိကကျတာမို့..၅ မိနစ်ကြာအောင်ထိုင်မယ်၊ ဒါမှမဟုတ်( ၁ဝ)မိနစ်ကြာအောင် ထိုင်မယ် စသည်ဖြင့် သံန္နိဋ္ဌာန်ချလိုက်ပါ။

သက်သာသလို..တင်ပျဉ်ခွေသာ ထိုင်လိုက်ပါ။လက်ဝါးနှစ်ဖက်ကို ဖြန့်ပြီး ဘယ်ဖက်လက်ဝါးပေါ် ညာဖက်လက်ဝါး တင်လိုက်ပါ ၊

လက်မ နှစ်ချောင်းကို ထိပ်ချင်းထိထားပါ၊ခါးကို ( ၉ဝ )ဒီဂရီ မတ်နေအောင်ထားပါ။

ပြီးယင် အသက် ပုံမှန်ကလေးရှု၊ ရှုနေတဲ့ နှာသီး ထိပ်ဖျားက လေဝင် လေထွက် ကို အာရုံပြုပြီး၊ လေဝင်သွားရင် “ဝင်တယ်” ဆိုပြီး အသိစိတ်က မှတ်၊ လေပြန်ထုတ်ရင်

“ထွက်တယ်” ဆိုပြီး အသိစိတ်က မှတ်၊အကယ်၍…မှတ်နေရင်းက…ထူးထူးခြားခြား ခန္ဓာကိုယ်မှာ တစ်ခုခုပေါ့…ဘာပေါ်ပေါ်..ဘာပဲ ပေါ်လာပေါ်လာ “သိတယ် သိတယ် “ဆိုပြီး မှတ်နေယုံပါပဲ။

ငြိမ်ငြိမ်လေးထိုင်ပြီး မှတ်နေရတဲ့ ကိစ္စ၊ပင်ပန်းတာလည်း မဟုတ်၊ ဘာမှ..မလုပ်တတ်စရာမရှိဘူး။

ပြီးတော့..အကျင့် မရှိသေးတော့..ကြာတော့..ညောင်းလာမှာပါ။ ညောင်းလို့နာ လာတဲ့အခါ.. နာတယ် လို့ မှတ်ပေါ့..။

အစပိုင်းမှာ မခံမရပ်နိုင် ဖြစ်လာရင် ၊ သည်းမခံနိုင်တဲ့ အဆုံး..

နည်းနည်းသက်သာအောင် အနေအထားကို ပြင်လို့ရပါတယ်၊ ဖြည်းဖြည်းပြင်ပေါ့နော် ၊ အဲဒီလို ပြင်တဲ့အခါမှာလည်းပဲ “ပြင်တယ် ပြင်တယ်” ဆိုပြီး စိတ်က သိနေရမှာပါ။

ကုန်ကုန်ပြောမယ်ဘာပေါ်ပေါ် စိတ်က မလွတ်စေနဲ့၊ရှုမှတ်ရင်း ရှုမှတ်ရင်း ၊ ခန္ဓာ ပေါ်မှာ တစ်ခုထက်မက မှတ်ရမှာတွေ များလာရင်တော့.. အဲဒီအခါမှာ အထင်ရှား ဖြစ်နေတာကို ရှု ပါ..။

အဲဒါပါပဲ…..” ဝိပဿနာ ” ဆိုတာ။

ကဲ.. ဘယ်လောက်လွယ်လဲ..။တကယ်တော့…တရားအားထုတ်တယ် ဆိုတာ ဘာလည်းဆိုရင်…

တရားတာတွေ ကိုသိစေချင်လို့၊ လောကရဲ့အမှန်တရားတွေကို သိသွားရအောင်လို့ အားထုတ်ရတဲ့အတွက် တရားအားထုတ်တယ်လို့ခေါ်တာပဲ ဖြစ်ပါတယ်။

ဒီတော့….ဘာမှ မစဉ်းစားပါနဲ့.. လေဝင်တာ နဲ့ လေထွက်တာ ကိုပဲ စောင့်သာကြည့်နေပါ။စောင့်ကြည့်တယ် ဆိုတော့..ခုချက်ချင်းတော့ မတွေ့နိုင်သေးပါဘူး။ဘာကို တွေ့မှာလဲ ဆိုရင် ခုနပြောတဲ့ “အမှန်တရား” တွေကို တစ်ကယ် တွေ့မြင်မှာဖြစ်ပါတယ်။

ဓမ္မမိတ်ဆွေတို့….

မိမိတို့ရဲ့ပတ်ဝန်းကျင် နဲ့နေ့စဉ် ကျင်လည်နေရတာတွေ၊ အခုလက်ရှိ သိနေတာတွေ၊ အခု မြင်နေတာတွေ ဟာ တစ်ခုမှ အမှန်တွေ မဟုတ်ပါဘူး၊ အမှားတွေချည်းပါဘဲ၊ တစ်လွဲတွေ သိပြီး၊ တစ်လွဲတွေ မြင်နေကြတာပဲဖြစ်ပါတယ်။

အမှန်တရားတွေကို သိချင်ရင်၊ လက်တွေ့မြင်ချင်တယ်ဆိုရင်တော့..မျက်လုံးမှိတ်ကြည့် မှ မြင်မှာဖြစ်ပါတယ်။

မျက်စိမှိတ်ထားပေမယ့် ဘာနဲ့မြင်မှာလဲဆိုရင်..” ဉာဏ်” နဲ့မြင်မှာဖြစ်ပါတယ်။

အဲဒီလို ဉာဏ် နဲ့မြင်နေပြီဆိုရင်တော့…ဓမ္မမိတ်ဆွေတို့..လူဖြစ်ကျိုးနပ်ပြီလို့သာ ခံယူလိုက်ကြပါတော့..။

“လူဖြစ်ကျိုးနပ်ကြပါစေ”လို့ ဆန္ဒပြုလျက်……

( ခန္ဓာ-၅ပါးတစ်ဦး )

အဓိက ကတော့…စ လုပ်ဖြစ်ဖို့ပါပဲ..၊ လုပ်ရင်းနဲ့ဝိပဿနာဉာဏ်တွေတိုးလာကြမှာပါ။

လူျဖစ္က်ိဳးနပ္ေအာင္ ျပဳလုပ္နည္း

သင္…..အခုေန ႐ုတ္တရက္ ခ်က္ျခင္း ” ေသ သြားတယ္ ” ဆိုပါစို႔….။သင္..ဘာျပင္ဆင္ထားပါသလဲ…။

ေသျခင္းတရား ဆိုတာ အခ်ိန္မေရြး လာတတ္တယ္ဆိုတာ.. ဓမၼမိတ္ေဆြတို ့လည္း သိထားၾကပါတယ္။

အဲဒီလို သိသိႀကီးနဲ႔ ကိုပဲ.. “မျဖစ္ေလာက္ ေသးပါဘူး.. မျဖစ္ႏိုင္ေသးပါဘူး..” ဆိုၿပီး ၊ကိုယ္မ်က္စိေရွ ့မွာပဲ၊ နည္းမ်ိဳးစံု နဲ ့႐ုတ္တရက္ အသက္ဆံုးရံႈး သြားသြား ၾကတဲ့လူေတြလည္း မနည္းလွေတာ့ပါဘူး။

သံသရာမွာ ဘဝေပါင္းမ်ားစြာ က်င္လည္ေနၾကတဲ့အနက္ ..ေသျခင္းတရားဆိုတာ လြန္ဆန္ႏိုင္တဲ့သူ တစ္ေယာက္မွ မရွိတဲ့ အေလ်ာက္၊ ဘယ္ပံုဘယ္နည္း နဲ ့အသက္ဆံုးရံႈးတာပဲ ျဖစ္ပါေစ…

အခုလက္ရွိအခ်ိန္မွာေတာ့၊ ရဖို႔မလြယ္ဘူူးဆိုတဲ့ လူ ့ဘဝကို ရေနတဲ့ အျပင္၊ ဗုဒၶဘာသာဝင္လည္း ျဖစ္ေနပါလ်က္နဲ ့တရားအားထုတ္တာ ကို မျပဳလိုက္ရဘဲ၊ အသက္ဆံုးရံႈးလိုက္ရၿပီ ဆိုရင္ေတာ့…အေတာ္ကို နစ္နာၿပီး၊ လူျဖစ္က်ိဳး မနပ္လွပါဘူး လို႔ ေျပာရမွာပဲ ျဖစ္ပါတယ္။

ဘာလို ့လည္းဆိုေတာ့…ဒီလို သာသနာနဲ ့ဆံုၿပီး၊ လူလာျဖစ္ဖို ့ဆိုတာအင္မတန္မွ ခက္ခဲလြန္းလို ့ပါ။

အခုမ်က္ေမွာက္ေခတ္ကာလဟာ “ဝိပႆနာေခတ္ ” လို႔ေခၚဆိုလို ့ရႏိုင္ေအာင္လို ့တရားျပတဲ ့ကမၼ႒ာန္းဆရာေတြ မ်ားျပားလာတာတင္ မကဘဲ၊ တရားအားထုတ္ပံုေတြ နဲ႔ပတ္သက္တဲ့ နည္းလမ္းေတြ၊

တရားဓမၼေတြကို ရဟန္းသံဃာေတာ္ေတြ နဲ ့အျခား သီလ၊သမာဓိ၊ ပညာဂုဏ္ ေတြကို ေလ့လာဆည္းပူးလိုက္စားၾကသူေတြက နည္းအမ်ိဳးမ်ိဳး နဲ ့တရားအားထုတ္ခ်င္လာၾကေအာင္လို ့စာအုပ္စာေပေတြ နဲ ့ အင္တာနက္ စာမ်က္ႏွာေတြမွာ ျပဳစုေဖၚျပတာေတြ ရွိေနတဲ့အတြက္၊ ဝိပႆနာ ကို အမွန္တစ္ကယ္ အားထုတ္ခ်င္သူတို ့အဖို ့ အထူးပင္အားရေက်နပ္ ဝမ္းေျမာက္စရာ ေကာင္းလွပါတယ္။ဒါေပမယ့္..လက္ရွိအျမင္မွာေတာ့..

မိဘက ဗုဒၶဘာသာဝင္ျဖစ္လို ့၊ အဲဒီမိဘက ေပါက္ပြားလာတဲ့ အတြက္ေၾကာင့္ ၊ မိမိတို ့ကိုယ္ မိမိတို ့ဗုဒၶဘာသာဝင္လို ့သတ္မွတ္ ေခၚဆို ခံယူထားၾကေပမယ့္လည္း၊ တစ္ကယ္တန္းက်ေတာ့ အမည္ခံ မိ႐ိုးဖလာ ဗုဒၶဘာသာဝင္ အဆင့္ေလာက္သာနဲ ့ပဲ ေက်နပ္ေနၾကၿပီး…

ဝိပႆနာဘာဝနာ တရားအားထုတ္ရတယ္ ဆိုတဲ့ အသိတရား နဲ ့ေဝးကြာေနၾကသူေတြသာမ်ားၾကပါတယ္။

အလုပ္အကိုင္ မျပည့္စံုလို ့အေနအထိုင္နဲ ့စားဝတ္ေနေရး အတြက္ လံုးပမ္းေနရတဲ့ အတြက္ မိသားစုဝမ္းစာ ရွာေနရတဲ့အတြက္ေၾကာင့္ တရားဓမၼေတြနဲ ့အလွမ္းေဝးကြာေနတဲ့ သူေတြရွိသလို…

တစ္ခ်ိဳ ့ကလည္း..အတိတ္က ေကာင္းတာလုပ္ခဲ့ဖူးတဲ့ ကံအေၾကာင္းေလးက ရွိခဲ့ေတာ့ ၊ အခုလက္ရွိဘဝ မွာ အဆင္ေျပေျပေလး ေနေနရတဲ့ ဘဝေလး၊ ေရာက္ရွိေနတဲ့ ေနရာေလးကို သာယာေနၿပီး၊ မိသားစု သူငယ္ခ်င္းေတြ နဲ ့အတူ၊ ေသာက္ေသာက္စားစား ေပ်ာ္ေပ်ာ္ပါးပါး နဲ ့သာ ေက်နပ္ေနၾကၿပီး…..

တရားအားထုတ္ဖို ့ဆိုတဲ့ အသိတရားကို ေမ့ေလ်ာေနၾကတဲ့ သူေတြကသာ ဒုနဲ ့ေဒး ေနစဥ္နဲ ့အမွ် ျမင္ေတြေနရပါတယ္။

ကိုယ့္ကိုယ္ကို ျပန္ဆန္းစစ္ၾကည့္ပါ။ေဘးလူအျမင္ေတာ့.. ကိုယ္က ဆရာႀကီး တစ္ဆူသဖြယ္..ေပါ့။

မိုးကုတ္ဆရာေတာ္ဘုရားႀကီးရဲ ့ဆံုးမွစကား နဲ ့ေျပာရရင္..” ကိုယ္ဟုတ္မွ.. ဟုတ္တာ” တဲ့…။

ေဘးကလူေတြ က ဘယ္ေလာက္ပဲ သေဘာက်ေနေန၊ ကိုယ့္ကိုယ္ကိုေတာ့ ကိုယ္တိုင္ အသိဆံုးပါ။ဓမၼမိတ္ေဆြတို ့ကို တကယ့္ကို အားထုတ္ေစခ်င္ပါတယ္။

တကယ္ေတာ့…တရားအားထုတ္ဖို ့ဘယ္လိုပဲ တိုက္တြန္း တိုက္တြန္း ၊ ကိုယ့္ဖာသာသာကိုယ္ သံေဝဂေတြ ရၿပီး အားထုတ္ခ်င္စိတ္ျဖစ္လာတာကေတာ့..အေကာင္းဆံုးပါ။

ဒါေပမယ့္ အဲဒီအခ်ိန္လည္းေရာက္ေရာ..တရားအားထုတ္ဖို ့.. ခႏၶာကိုယ္က မလိုက္ႏိုင္၊ ေရာဂါေတြက တစ္ခုၿပီး တစ္ခု ထူေျပာလာၿပီး၊ အဲဒီေတာ့မွ ေနာင္တေတြက အျပည့္နဲ ့..

ေသခါနီး မ်က္ရည္စမ္းစမ္း နဲ ့ပဲ၊ ခုလို ခက္ခက္ခဲခဲ နဲ ့ရရွိလာတဲ့ လူ႔ဘဝကို ဒီတစ္ႀကိမ္မွာလည္း လြယ္လြယ္ကူကူနဲ ့ထပ္ၿပီး လက္လႊတ္လိုက္ရျပန္ကာ လူ႔ဘဝကို နိဂုံးခ်ဳပ္ရျပန္ပါတယ္။

သာမန္ပုထုဇဥ္ေတြ နဲ ့သတၱဝါတိုင္း၊ သတၱဝါတိုင္း ဟာ ေသၿပီ ဆိုရင္ ေကာင္းတဲ့ ဘံုဘဝကို ျပန္ေရာက္ဖို ့ထက္၊ အပါယ္ေလးဘံု သြားဖို ့က ရာႏႈန္းျပည့္ အေသခ်ာဆံုးသာ ျဖစ္ပါတယ္။

အဲဒီ အပါယ္ေလးဘံုက၊ တစ္ခုခုကို တစ္ေခါက္ေလာက္ က်သြားလို ့ကေတာ့.. ေတာ္ေတာ္နဲ ့ျပန္တက္လာဖို ့မလြယ္ကူ ေတာ့ပါဘူး။ဘာျဖစ္လို ့လည္းဆိုေတာ့ အဲဒီဘံုေတြမွာ ကုသိုလ္တရားရရွိဖို ့က အင္မတန္ခက္ခဲလွတဲ့ အတြက္ေၾကာင့္ပါ။

ဒီဘဝမွာ တရားအားမထုတ္လို ့ တစ္ခ်က္ေလးလြဲသြားတာနဲ ့ “ဘြားေတး”လုပ္လို ့မရပါဘူး။

အကယ္၍..တကယ့္ကို ကံအလြန္ေကာင္းလြန္လြန္း လို ့ ေနာက္တစ္ခါ လူလာျဖစ္ရင္ေတာင္မွ ခုလို သာသနာနဲ ့ဆံုဖို မလြယ္။ဒီလိုအခြင့္အေရး မ်ိဳးလည္း ဘာမွ ရွိမွာ မဟုတ္ပါဘူး။

အကယ္၍မ်ား …အခုဘဝမွာ သံေဝဂေလး ျဖစ္လာလို ့တရားအားထုတ္ခ်င္စိတ္ျဖစ္လာမယ္ ဆိုရင္ေတာ့..လက္လွမ္းမီသေလာက္ အသိေပးပါရေစ…။

ပါဠိေတြ နားမလည္ဘူး..တို ့၊ေရာဂါရွိလို ့ ၾကာၾကာမထိုင္ႏိုင္ဘူး..တို ့၊ခါးနာေနလို ့..တို ့၊ ဒူးကေတာ့ နာေနလို ့…တို ့၊အေၾကာင္းျပမေနပါနဲ႔။

ျမတ္စြာဘုရားရွင္ေဟာၾကားခဲ့တဲ့ ” ေလ်ာင္း၊ ထုိင္၊ ရပ္၊ သြား” ဆိုတဲ့ ေလးပါးဣရိယာပုထ္ ( ပံုစံ ေလးမ်ိဳးေပါ့ ) တစ္ခုခု နဲ ့ပြားမ်ားအားထုတ္လို ့ရပါတယ္။

ပါဠိ ေတြ နားမလည္ လို ့လည္း စိတ္မပ်က္ပါနဲ ့၊ အနိစၥ၊ ဒုကၡ၊ အနတၱ လို ့ဆိုတဲ့ စကားသံုးခြန္းၾကားဖူးယံုနဲ ့ေလာေလာဆယ္ လံုေလာက္ၿပီလို ့မွတ္ပါ။ ဒီစကားသံုးခြန္းကေတာ့ ေန ့စဥ္ ၾကားေနက် စကားလံုးေတြပါပဲ၊

စာမတတ္တာေတြ၊ ဥာဏ္ထိုင္းတာေတြဟာ တရားအတြက္ ျပသနာမရွိပါဘူး ။ သီလ လံုလံုျခံဳျခံဳ နဲ ့တရားကိုသာ ႀကိဳးႀကိဳးစားစားအားထုတ္ၾကဖို ့အေရးႀကီးပါတယ္။

“ဝိပႆနာ” ဆိုတာ လြယ္လြယ္ေလးပါ…စဥ္းစားတတ္တဲ့ ဉာဏ္ နဲ ့ ဝိရီယ ရွိရင္ ရေနၿပီ။

ဉာဏ္ဆိုတဲ့ေနရာမွာလည္း…တစ္ခ်ိဳ ့က သူမ်ားေတြ ထက္သာတဲ့၊ ထက္ျမက္တဲ့ ဉာဏ္ရွိၾကေပမယ့္ ” သိတတ္တဲ့ဉာဏ္ ” မျဖစ္ရင္ အက်ိဳးမရွိပါဘူး။ ဒါေၾကာင့္ သိတတ္တဲ့ “ဉာဏ္” ရွိၾကဖို ့လိုအပ္ပါတယ္။

တရားအားထုတ္ခ်င္တယ္ဆိုရင္ေတာ့ အထက္ကေျပာသလို ပံုစံ( ၄ )မ်ိဳးထဲက ပံုစံတစ္မ်ိဳးမ်ိဳးနဲ ့အားထုတ္လို ့ရပါတယ္။ အားထုတ္ပံု ၊ အားထုတ္နည္းေတြကေတာ့ အင္တာနက္ စာမ်က္ႏွာေတြမွာမ်ားစြာရွိေပမယ့္..

ေလာေလာဆယ္ ထိုင္ၿပီးအားထုတ္တဲ့ နည္းကို ဥပမာေပးတင္ျပလိုက္ပါတယ္။

ေလာေလာဆယ္.. အားထုတ္ျဖစ္ဖို ့က အဓိကက်တာမို ့..၅ မိနစ္ၾကာေအာင္ထိုင္မယ္၊ ဒါမွမဟုတ္( ၁ဝ)မိနစ္ၾကာေအာင္ ထိုင္မယ္ စသည္ျဖင့္ သံႏၷိ႒ာန္ခ်လိုက္ပါ။

သက္သာသလို..တင္ပ်ဥ္ေခြသာ ထိုင္လိုက္ပါ။လက္ဝါးႏွစ္ဖက္ကို ျဖန္ ့ၿပီး ဘယ္ဖက္လက္ဝါးေပၚ ညာဖက္လက္ဝါး တင္လိုက္ပါ ၊

လက္မ ႏွစ္ေခ်ာင္းကို ထိပ္ခ်င္းထိထားပါ၊ခါးကို ( ၉ဝ )ဒီဂရီ မတ္ေနေအာင္ထားပါ။

ၿပီးယင္ အသက္ ပံုမွန္ကေလးရႈ၊ ရႈေနတဲ့ ႏွာသီး ထိပ္ဖ်ားက ေလဝင္ ေလထြက္ ကို အာရံုျပဳၿပီး၊ ေလဝင္သြားရင္ “ဝင္တယ္” ဆိုၿပီး အသိစိတ္က မွတ္၊ ေလျပန္ထုတ္ရင္

“ထြက္တယ္” ဆိုၿပီး အသိစိတ္က မွတ္၊အကယ္၍…မွတ္ေနရင္းက…ထူးထူးျခားျခား ခႏၶာကိုယ္မွာ တစ္ခုခုေပါ့…ဘာေပၚေပၚ..ဘာပဲ ေပၚလာေပၚလာ “သိတယ္ သိတယ္ “ဆိုၿပီး မွတ္ေနယံုပါပဲ။

ၿငိမ္ၿငိမ္ေလးထိုင္ၿပီး မွတ္ေနရတဲ့ ကိစၥ၊ပင္ပန္းတာလည္း မဟုတ္၊ ဘာမွ..မလုပ္တတ္စရာမရွိဘူး။

ၿပီးေတာ့..အက်င့္ မရိွေသးေတာ့..ၾကာေတာ့..ေညာင္းလာမွာပါ။ ေညာင္းလို ့နာ လာတဲ့အခါ.. နာတယ္ လို ့ မွတ္ေပါ့..။

အစပိုင္းမွာ မခံမရပ္ႏိုင္ ျဖစ္လာရင္ ၊ သည္းမခံႏိုင္တဲ့ အဆံုး..

နည္းနည္းသက္သာေအာင္ အေနအထားကို ျပင္လို ့ရပါတယ္၊ ျဖည္းျဖည္းျပင္ေပါ့ေနာ္ ၊ အဲဒီလို ျပင္တဲ့အခါမွာလည္းပဲ “ျပင္တယ္ ျပင္တယ္” ဆိုၿပီး စိတ္က သိေနရမွာပါ။

ကုန္ကုန္ေျပာမယ္ဘာေပၚေပၚ စိတ္က မလြတ္ေစနဲ ့၊ရႈမွတ္ရင္း ရႈမွတ္ရင္း ၊ ခႏၶာ ေပၚမွာ တစ္ခုထက္မက မွတ္ရမွာေတြ မ်ားလာရင္ေတာ့.. အဲဒီအခါမွာ အထင္ရွား ျဖစ္ေနတာကို ရႈ ပါ..။

အဲဒါပါပဲ…..” ဝိပႆနာ ” ဆိုတာ။

ကဲ.. ဘယ္ေလာက္လြယ္လဲ..။တကယ္ေတာ့…တရားအားထုတ္တယ္ ဆိုတာ ဘာလည္းဆိုရင္…

တရားတာေတြ ကိုသိေစခ်င္လို ့၊ ေလာကရဲ ့အမွန္တရားေတြကို သိသြားရေအာင္လို ့ အားထုတ္ရတဲ့အတြက္ တရားအားထုတ္တယ္လို ့ေခၚတာပဲ ျဖစ္ပါတယ္။

ဒီေတာ့….ဘာမွ မစဥ္းစားပါနဲ ့.. ေလဝင္တာ နဲ ့ ေလထြက္တာ ကိုပဲ ေစာင့္သာၾကည့္ေနပါ။ေစာင့္ၾကည့္တယ္ ဆိုေတာ့..ခုခ်က္ခ်င္းေတာ့ မေတြ႕ႏိုင္ေသးပါဘူး။ဘာကို ေတြ႕မွာလဲ ဆိုရင္ ခုနေျပာတဲ့ “အမွန္တရား” ေတြကို တစ္ကယ္ ေတြ ့ျမင္မွာျဖစ္ပါတယ္။

ဓမၼမိတ္ေဆြတို ့….

မိမိတို ့ရဲ ့ပတ္ဝန္းက်င္ နဲ ့ေန ့စဥ္ က်င္လည္ေနရတာေတြ၊ အခုလက္ရွိ သိေနတာေတြ၊ အခု ျမင္ေနတာေတြ ဟာ တစ္ခုမွ အမွန္ေတြ မဟုတ္ပါဘူး၊ အမွားေတြခ်ည္းပါဘဲ၊ တစ္လြဲေတြ သိၿပီး၊ တစ္လြဲေတြ ျမင္ေနၾကတာပဲျဖစ္ပါတယ္။

အမွန္တရားေတြကို သိခ်င္ရင္၊ လက္ေတြ ့ျမင္ခ်င္တယ္ဆိုရင္ေတာ့..မ်က္လံုးမွိတ္ၾကည့္ မွ ျမင္မွာျဖစ္ပါတယ္။

မ်က္စိမွိတ္ထားေပမယ့္ ဘာနဲ ့ျမင္မွာလဲဆိုရင္..” ဉာဏ္” နဲ ့ျမင္မွာျဖစ္ပါတယ္။

အဲဒီလို ဉာဏ္ နဲ ့ျမင္ေနၿပီဆိုရင္ေတာ့…ဓမၼမိတ္ေဆြတို ့..လူျဖစ္က်ိဳးနပ္ၿပီလို ့သာ ခံယူလိုက္ၾကပါေတာ့..။

“လူျဖစ္က်ိဳးနပ္ၾကပါေစ”လို ့ ဆႏၵျပဳလ်က္……

( ခႏၶာ-၅ပါးတစ္ဦး )

အဓိက ကေတာ့…စ လုပ္ျဖစ္ဖို ့ပါပဲ..၊ လုပ္ရင္းနဲ႔ဝိပႆနာဉာဏ္ေတြတိုးလာၾကမွာပါ။