မနေရလို့ သေရသောခါ…အသေလှတဲ့သူဖြစ်ဖို့..

မနေရလို့ သေရသောခါ…အသေလှတဲ့သူဖြစ်ဖို့..

၁.. အစွဲကင်းရမယ်။

၂.. တစ်ကိုယ်ကောင်းမဆန်ရဘူး။

၃.. ကုသိုလ်ပူနွေးနေရမယ်။

၄.. အသိအမြင်မှန်ကန်ရမယ်။

ဒီအရည်အသွေး လေးမျိုးနဲ့ ပြည့်စုံတဲ့ ကုသိုလ်ပိုင်ရှင်ဖြစ်မှ ကောင်းရာသုဂတိ ရောက်နိုင်မယ်…။

“မနေရလို့ သေရသောခါ..”ဆိုတဲ့ စကားအတိုင်းပေါ့..

မနေရတော့တာကိုပဲ သေတယ်ပြောတယ်..။ နေတာရပ်သွားရင် သေတာပဲပေါ့..

အဲ့ဒီတော့ နေနေတုန်းမှာ ချစ်စွဲ မုန်းစွဲ ကင်းတဲ့စိတ်နဲ့ နေသွားမယ်ဆိုရင် နေတာလေး ပြတ်သွားတဲ့အချိန်ကျတော့ ချစ်စွဲ မုန်းစွဲကင်းတဲ့ စိတ်နဲ့ပြတ်သွားမှာပေါ့..

ချစ်စွဲ မုန်းစွဲ ကင်းတဲ့စိတ်နဲ့ အနေပြတ်သွားတယ်ဆိုတာ ချစ်စွဲ မုန်းစွဲ ကင်းတဲ့စိတ်နဲ့ သေသွားတာပဲပေါ့… ဒါဆိုရင်အသေလှတဲ့ လူ.. ဖြစ်သွားပြီ ။

ဒီတော့ သေသောအခါ ချစ်စွဲမုန်းစွဲ ကင်းဖို့အတွက် နေစဉ်မှာကတည်းက. ချစ်စွဲ မုန်းစွဲ ကင်းအောင်ကြိုးစားကြရမယ်။

လိုရင်းကတော့.. ဒါန.. သီလ.. သမထ.. ဝိပဿ နာ ကုသိုလ် အာရုံတစ်ခုခု နဲ့နေရင် ဒီအစွဲကကင်းသွားတာပါပဲ…။

နှာသီး၀ လေထိရာအရပ် သတိကပ်ပြီး ဝင်လေ ထွက်လေ ရဲ့ တိုးသဘော… ထိသဘောနဲ့. ပတ်သက်ဆက်စပ်လာသမျှ ရုပ်သဘော… နာမ်သဘော… ဖြစ်ပျက်သဘောတွေကို ဉာဏ်အဆင့်အားလျှော်စွာ သိ..သိနေမယ်ဆိုရင် ဘာချစ်စွဲ မုန်းစွဲမှ အစွဲနိုင်တော့ပါဘူး..။

အစွဲကင်းစေတဲ့ နည်းလမ်းတွေ အားလုံးထဲမှာ ဝင်လေ ထွက်လေ ရီုမှတ်မှု..(အာနာပါနကမ္မဋ္ဌာန်း. ) ဟာ အားအကိုးရဆုံး ပါပဲ..။

ပုဂ္ဂိုလ် သတ္တဝါ မပါ သဘောသက်သက်ကိုသာ အာရုံပြုရလို့ပါ..။ ဝင်လေ ထွက်လေရဲ့ တိုးသဘော.. ထိသဘော.. အေးသဘော… နွေးသဘောဟာ ဘာမှ စွဲလမ်းစရာ အကြောင်းမရှိဘူး..။

ကိုယ့်စိတ်က ဘာဝနာ အာရုံတစ်ခုခုကို အမြဲဆွဲထားရမယ်… ဒါဆိုရင် အဆွဲမြတ်တာပေါ့.. တစ်နည်းအားဖြင့် ကိုယ့်စိတ်မှာ ဘာ အာရုံ ပေါ်လာပေါ်လာ ဘာဝနာတစ်ခုခု ဖြစ်သွားအောင် ဆွဲယူပစ်လိုက်ရမယ်..။ ဒါဆိုရင်လည်း.. အဆွဲမြတ်တာပဲ..။

အဆွဲမြတ်ရင် အစွဲပြတ်ပါတယ် ။ဘာဝနာ အဆွဲမြတ်ရင်ပဲဖြစ်ဖြစ် … အာရုံအဆွဲမြတ်ရင်ပဲဖြစ်ဖြစ်… ချစ်စွဲ.. မုန်းစွဲ အစွဲပြတ်ပါတယ်။

ဒါကြောင့် အစွဲကင်းစင်စိတ်ကြည်လင်သေလျှင်လှပသည်…။

အစွဲကင်းရင် အသက်ရှင်စဉ်မှာလည်း စိတ်ကြည်လင်ပါတယ်..စိတ်အေးချမ်းပါတယ်.. သေပြီးရင်လဲ ကောင်းရာ သုဂတိရောက်ရတဲ့အတွက် အသေလှပါတယ် ။

ရဟန္တာအဆင့်ထိ အစွဲကင်းရင်တော့ နိဗ္ဗာန် အပြီးရောက်ပြီး အသေလှပါတယ်။

ဆရာတော်အရှင်ဆန္ဒာဓိက ရွှေပါရမီတောရ

မေနရလို႔ ေသရေသာခါ…အေသလွတဲ့သူျဖစ္ဖို႔..

၁.. အစြဲကင္းရမယ္။

၂.. တစ္ကိုယ္ေကာင္းမဆန္ရဘူး။

၃.. ကုသိုလ္ပူေႏြးေနရမယ္။

၄.. အသိအျမင္မွန္ကန္ရမယ္။

ဒီအရည္အေသြး ေလးမ်ိဳးနဲ႔ ျပည့္စံုတဲ့ ကုသိုလ္ပိုင္႐ွင္ျဖစ္မွ ေကာင္းရာသုဂတိ ေရာက္ႏိုင္မယ္…။

“မေနရလို႔ ေသရေသာခါ..”ဆိုတဲ့ စကားအတိုင္းေပါ့..

မေနရေတာ့တာကိုပဲ ေသတယ္ေျပာတယ္..။ ေနတာရပ္သြားရင္ ေသတာပဲေပါ့..

အဲ့ဒိီေတာ့ ေနေနတုန္းမွာ ခ်စ္စြဲ မုန္းစြဲ ကင္းတဲ့စိတ္နဲ႔ ေနသြားမယ္ဆိုရင္ ေနတာေလး ျပတ္သြားတဲ့အခ်ိန္က်ေတာ့ ခ်စ္စြဲ မုန္းစြဲကင္းတဲ့ စိတ္နဲ႔ျပတ္သြားမွာေပါ့..

ခ်စ္စြဲ မုန္းစြဲ ကင္းတဲ့စိတ္နဲ႔ အေနျပတ္သြားတယ္ဆိုတာ ခ်စ္စြဲ မုန္းစြဲ ကင္းတဲ့စိတ္နဲ႔ ေသသြားတာပဲေပါ့… ဒါဆိုရင္အေသလွတဲ့ လူ.. ျဖစ္သြားၿပီ ။

ဒီေတာ့ ေသေသာအခါ ခ်စ္စြဲမုန္းစြဲ ကင္းဖို႔အတြက္ ေနစဥ္မွာကတည္းက. ခ်စ္စြဲ မုန္းစြဲ ကင္းေအာင္ႀကိဳးစားၾကရမယ္။

လိုရင္းကေတာ့.. ဒါန.. သီလ.. သမထ.. ၀ိပႆ နာ ကုသိုလ္ အာရံုတစ္ခုခု နဲ႔ေနရင္ ဒီအစြဲကကင္းသြားတာပါပဲ…။

ႏွာသီး၀ ေလထိရာအရပ္ သတိကပ္ၿပီး ၀င္ေလ ထြက္ေလ ရဲ႕ တိုးသေဘာ… ထိသေဘာနဲ႔. ပတ္သက္ဆက္စပ္လာသမ်ွ ႐ုပ္သေဘာ… နာမ္သေဘာ… ျဖစ္ပ်က္သေဘာေတြကို ဥာဏ္အဆင့္အားေလ်ွာ္စြာ သိ..သိေနမယ္ဆိုရင္ ဘာခ်စ္စြဲ မုန္းစြဲမွ အစြဲႏိုင္ေတာ့ပါဘူး..။

အစြဲကင္းေစတဲ့ နည္းလမ္းေတြ အားလံုးထဲမွာ ၀င္ေလ ထြက္ေလ ရီုမွတ္မႈ..(အာနာပါနကမၼ႒ာန္း. ) ဟာ အားအကိုးရဆံုး ပါပဲ..။

ပုဂိၢဳလ္ သတၱ၀ါ မပါ သေဘာသက္သက္ကိုသာ အာရံုျပဳရလို႔ပါ..။ ၀င္ေလ ထြက္ေလရဲ႕ တိုးသေဘာ.. ထိသေဘာ.. ေအးသေဘာ… ေႏြးသေဘာဟာ ဘာမွ စြဲလမ္းစရာ အေၾကာင္းမ႐ွိဘူး..။

ကိုယ့္စိတ္က ဘာ၀နာ အာရံုတစ္ခုခုကို အျမဲဆြဲထားရမယ္… ဒါဆိုရင္ အဆြဲျမတ္တာေပါ့.. တစ္နည္းအားျဖင့္ ကိုယ့္စိတ္မွာ ဘာ အာရံု ေပၚလာေပၚလာ ဘာ၀နာတစ္ခုခု ျဖစ္သြားေအာင္ ဆြဲယူပစ္လိုက္ရမယ္..။ ဒါဆိုရင္လည္း.. အဆြဲျမတ္တာပဲ..။

အဆြဲျမတ္ရင္ အစြဲျပတ္ပါတယ္ ။ဘာ၀နာ အဆြဲျမတ္ရင္ပဲျဖစ္ျဖစ္ … အာရံုအဆြဲျမတ္ရင္ပဲျဖစ္ျဖစ္… ခ်စ္စြဲ.. မုန္းစြဲ အစြဲျပတ္ပါတယ္။

ဒါေၾကာင့္ အစြဲကင္းစင္စိတ္ၾကည္လင္ေသလ်ွင္လွပသည္…။

အစြဲကင္းရင္ အသက္႐ွင္စဥ္မွာလည္း စိတ္ၾကည္လင္ပါတယ္..စိတ္ေအးခ်မ္းပါတယ္.. ေသၿပီးရင္လဲ ေကာင္းရာ သုဂတိေရာက္ရတဲ့အတြက္ အေသလွပါတယ္ ။

ရဟႏၱာအဆင့္ထိ အစြဲကင္းရင္ေတာ့ နိဗၺာန္ အၿပီးေရာက္ၿပီး အေသလွပါတယ္။

ဆရာေတာ္အ႐ွင္ဆႏၵာဓိက ေရႊပါရမီေတာရ