လောကမှာ ကောင်းကျိုးချမ်းသာရဖို့အချက် လေးချက် လိုအပ်တယ်။

လောကမှာ ကောင်းကျိုးချမ်းသာရဖို့အချက် လေးချက် လိုအပ်တယ်။

၁။ မိမိသန္တာန်မှာ ကုသိုလ်စိတ်တွေ များများဖြစ်စေရမယ်။

ကုသလ – ကုသိုလ်

ကု ဆိုတာ အဆိုးတရားတွေကို သလ ဖယ်ရှားပေးနိုင်တဲ့ စွမ်းအားရှိတဲ့ သဘာဝတရားမျိုးကို ခေါ်တယ်။

အဲဒီသဘာဝစွမ်းအားတွေဟာဘာကို ပြောသလဲဆိုရင် အလောဘ အဒေါသ အမောဟတို့ကို ခေါ်တယ်။

အလောဘဆိုတာကိုယ့်ရဲ့ပစ္စည်းကိုအများနဲ့ မျှဝေခံစားနိုင်ဖို့၊စွန့်လွှတ်နိုင်တဲ့ စိတ်မျိုး၊အလောဘစိတ်ကို ထားနိုင်ရမယ်။

အဒေါသဆိုတာအများရဲ့အကျိုးကိုလိုလားတဲ့ မေတ္တာဖြစ်တယ်။

အမောဟဆိုတာဘာကိုလုပ်သင့်သလဲ၊ မလုပ်သင့်ဘူးလဲ ဆိုတာကိုသိတဲ့ အသိပညာမျိုး ဖြစ်တယ်။

အဲဒီ သဘာဝတရားတွေဟာ အဆိုးတရားတွေကိုဖယ်ရှားနိုင်တာမို့ ကုသိုလ်လို့ ခေါ်တယ်။

အဲဒီကုသိုလ်တရားတွေ ကိုယ့်ရဲ့သန္တာမှာဖြစ်အောင် လုပ်ရမယ်တဲ့။

သဒ္ဓါတရားတွေ၊ သီလတရားတွေဖြစ်စေရမယ်။သမာဓိစွမ်းအားတွေ ဖြစ်စေရမယ်။အကောင်းအဆိုး အကြောင်းအကျိုးကိုခွဲခြားသိနိုင်တဲ့ အသိဉာဏ်အသိပညာစွမ်းအားတွေငါ့သန္တာန်မှာ ဖြစ်စေရမယ်လို့ စိတ်ထဲမှာသန္နိဋ္ဌာန်ချထားလိုက်ရမယ်။

၂။ ကုသိုလ်စိတ်ဖြစ်ဖို့အတွက် သမုဒါစာရအလေ့အကျင့် လိုအပ်တယ်။

ဆိုပါစို့။မနက်အိပ်ရာထရင် မျက်နှာသစ်မယ်။ဘုရားရှိခိုးမယ်။ ဘုရာရှိခိုးလို့ ပြီးမှ မနက်စာစားမယ်။ဘုရားမရှိခိုးဘဲနဲ့ မနက်စာ မစားဘူး။ နောက်မေတ္တာပို့မယ်ပေါ့။ကုသိုလ်စိတ်ဖြစ်အောင် အလေ့အကျင့်ဆိုတာလုပ်ပေးရတယ်။

ဥပမာ အိမ်ရှင်မတွေဆိုလည်း ထမင်းချက်ရင်းနဲ့ငါချက်ထားတဲ့ ထမင်းဟင်းတွေ စားရင်းဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါစေ။

အားလုံးချမ်းသာသုခတွေ ပြည့်ဝကြပါစေ ဆိုပြီးတော့မေတ္တာထားကြရမယ်။

မေတ္တာပွားမယ်ဆိုလည်း ဘယ်အချိန်မှာမဆိုပွားလို့ရတယ်။

ကာယကံမေတ္တာ ဝစီကံမေတ္တာ မနောကံမေတ္တာတွေဖြစ်အောင် လမ်းသွားရင်း ဆူးတွေ့လို့ ဖယ်ရှားပေးတာမျိုးက ကာယကံမေတ္တာ၊ကောင်းတဲ့အကြံဉာဏ်ပေးတာမျိုး ဝစီကံမေတ္တာ၊စိတ်ထဲကနေ သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေလို့ပွားများပေးတာမျိုး မနောကံမေတ္တာ၊

အဲဒီလို ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊မနောကံမေတ္တာနဲ့ နေထိုင်တဲ့အတွက်အကုသိုလ်မဖြစ်ပဲ ကုသိုလ်နဲ့ နေတယ်လို့ ခေါ်တယ်နော်။

ငါ့ရဲ့ သန္တာန်မှာ ကုသိုလ်စိတ်တွေများများဖြစ်စေရမယ်။

မြင်မြင်သမျှ အပေါ်မှာ မေတ္တာစိတ်နဲ့ပဲလုပ်ကိုင်ဆောင်ရွက် ပြောဆိုဆက်ဆံရမယ်ဆိုပြီးတော့ဆုံးဖြတ်ချက် ချထားလိုက်ပါတဲ့။

၃။ အမြဲတမ်း ကိုယ့်ရဲ့စိတ်ကလေးကိုအကောင်းဘက်ကိုပဲ ညွတ်နေအောင် ထားပေးရမယ်။

တစ်ယောက်တည်း အေးဆေးစွာ နေမိရင်ဘာကိုတွေးမိလည်းဆိုတာ ပြန်ဆန်းစစ်ကြည့်။

ကိုယ့်စိတ်ကလေးဟာ ကောင်းတဲ့ဘက်ကိုညွတ်နေရမယ်။

မကောင်းတဲ့ဘက်ကို ညွတ်နေမိရင်ကောင်းတဲ့ဘက်ကို သတိထားပြီး ညွတ်မိအောင်ထိန်းသိမ်းလေ့ကျင့်ပေးရမယ်။ဒါ လေ့ကျင့်ရင် ရနိုင်တယ်။

၄။အာဘုဇိတ – နှလုံးသွင်းတရား၊ယောနိသောမနသိကာရ၊

ဘယ်ကိစ္စမဆိုမှန်မှန်ကန်ကန် စဉ်းစားတာ၊အသိဉာဏ်နဲ့ စဉ်းစားတာ၊နှလုံးသွင်းမှု မှန်ကန်တာ၊

ကုသိုလ်မှန်သမျှတို့သည် ယောနိသောမနသိကာရပေါ်အခြေခံသည်လို့ မြတ်စွာဘုရားက ဟောထားတယ်။

ဒါကြောင့်မို့ ကုသိုလ်ဖြစ်ဖို့ရာဟောဒီအချက်လေးချက်နဲ့ ပြည့်စုံရမယ်တဲ့။

ကုသိုလ်တွေ များလာခြင်းဖြင့်ကောင်းကျိုးချမ်းသာတွေ ရရှိလာမယ်။

ဒီဘဝမှာလည်း ကောင်းကျိုးချမ်းသာတွေ ရရှိမယ်။နောင်ဘဝမှာလည်း ကောင်းတဲ့အကျိုး ခံစားရမယ်။

နှစ်ဘက်လုံး ကောင်းမွန်တဲ့ တရားဖြစ်လို့ ဒီလိုကုသိုလ်မျိုး များများရအောင် လေ့ကျင့်ယူရမယ်။

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ေလာကမွာ ေကာင္းက်ိဳးခ်မ္းသာရဖို႔အခ်က္ ေလးခ်က္ လိုအပ္တယ္။

၁။ မိမိသႏၲာန္မွာ ကုသိုလ္စိတ္ေတြ မ်ားမ်ားျဖစ္ေစရမယ္။

ကုသလ – ကုသိုလ္

ကု ဆိုတာ အဆိုးတရားေတြကို သလ ဖယ္ရွားေပးနိုင္တဲ႔ စြမ္းအားရွိတဲ႔ သဘာဝတရားမ်ိဳးကို ေခၚတယ္။

အဲဒီသဘာဝစြမ္းအားေတြဟာဘာကို ေျပာသလဲဆိုရင္ အေလာဘ အေဒါသ အေမာဟတို႔ကို ေခၚတယ္။

အေလာဘဆိုတာကိုယ့္ရဲ႕ပစၥည္းကိုအမ်ားနဲ႔ မွ်ေဝခံစားနိုင္ဖို႔၊စြန္႔လႊတ္နိုင္တဲ႔ စိတ္မ်ိဳး၊အေလာဘစိတ္ကို ထားနိုင္ရမယ္။

အေဒါသဆိုတာအမ်ားရဲ႕အက်ိဳးကိုလိုလားတဲ႔ ေမတၱာျဖစ္တယ္။

အေမာဟဆိုတာဘာကိုလုပ္သင့္သလဲ၊ မလုပ္သင့္ဘူးလဲ ဆိုတာကိုသိတဲ႔ အသိပညာမ်ိဳး ျဖစ္တယ္။

အဲဒီ သဘာဝတရားေတြဟာ အဆိုးတရားေတြကိုဖယ္ရွားနိုင္တာမို႔ ကုသိုလ္လို႔ ေခၚတယ္။

အဲဒီကုသိုလ္တရားေတြ ကိုယ့္ရဲ႕သႏၲာမွာျဖစ္ေအာင္ လုပ္ရမယ္တဲ႔။

သဒၶါတရားေတြ၊ သီလတရားေတြျဖစ္ေစရမယ္။သမာဓိစြမ္းအားေတြ ျဖစ္ေစရမယ္။အေကာင္းအဆိုး အေၾကာင္းအက်ိဳးကိုခြဲျခားသိနိုင္တဲ႔ အသိဥာဏ္အသိပညာစြမ္းအားေတြငါ႔သႏၲာန္မွာ ျဖစ္ေစရမယ္လို႔ စိတ္ထဲမွာသႏၷိ႒ာန္ခ်ထားလိုက္ရမယ္။

၂။ ကုသိုလ္စိတ္ျဖစ္ဖို႔အတြက္ သမုဒါစာရအေလ႔အက်င့္ လိုအပ္တယ္။

ဆိုပါစို႔။မနက္အိပ္ရာထရင္ မ်က္နွာသစ္မယ္။ဘုရားရွိခိုးမယ္။ ဘုရာရွိခိုးလို႔ ၿပီးမွ မနက္စာစားမယ္။ဘုရားမရွိခိုးဘဲနဲ႔ မနက္စာ မစားဘူး။ ေနာက္ေမတၱာပို႔မယ္ေပါ႔။ကုသိုလ္စိတ္ျဖစ္ေအာင္ အေလ႔အက်င့္ဆိုတာလုပ္ေပးရတယ္။

ဥပမာ အိမ္ရွင္မေတြဆိုလည္း ထမင္းခ်က္ရင္းနဲ႔ငါခ်က္ထားတဲ႔ ထမင္းဟင္းေတြ စားရင္းဝမ္းေျမာက္ဝမ္းသာ ျဖစ္ၾကပါေစ။

အားလံုးခ်မ္းသာသုခေတြ ျပည္႔ဝၾကပါေစ ဆိုၿပီးေတာ႔ေမတၱာထားၾကရမယ္။

ေမတၱာပြားမယ္ဆိုလည္း ဘယ္အခ်ိန္မွာမဆိုပြားလို႔ရတယ္။

ကာယကံေမတၱာ ဝစီကံေမတၱာ မေနာကံေမတၱာေတြျဖစ္ေအာင္ လမ္းသြားရင္း ဆူးေတြ႕လို႔ ဖယ္ရွားေပးတာမ်ိဳးက ကာယကံေမတၱာ၊ေကာင္းတဲ႔အႀကံဥာဏ္ေပးတာမ်ိဳး ဝစီကံေမတၱာ၊စိတ္ထဲကေန သတၱဝါေတြ က်န္းမာခ်မ္းသာၾကပါေစလို႔ပြားမ်ားေပးတာမ်ိဳး မေနာကံေမတၱာ၊

အဲဒီလို ကာယကံေမတၱာ၊ ဝစီကံေမတၱာ၊မေနာကံေမတၱာနဲ႔ ေနထိုင္တဲ႔အတြက္အကုသိုလ္မျဖစ္ပဲ ကုသိုလ္နဲ႔ ေနတယ္လို႔ ေခၚတယ္ေနာ္။

ငါ႔ရဲ႕ သႏၲာန္မွာ ကုသိုလ္စိတ္ေတြမ်ားမ်ားျဖစ္ေစရမယ္။

ျမင္ျမင္သမွ် အေပၚမွာ ေမတၱာစိတ္နဲ႔ပဲလုပ္ကိုင္ေဆာင္ရြက္ ေျပာဆိုဆက္ဆံရမယ္ဆိုၿပီးေတာ႔ဆံုးျဖတ္ခ်က္ ခ်ထားလိုက္ပါတဲ႔။

၃။ အၿမဲတမ္း ကိုယ့္ရဲ႕စိတ္ကေလးကိုအေကာင္းဘက္ကိုပဲ ညြတ္ေနေအာင္ ထားေပးရမယ္။

တစ္ေယာက္တည္း ေအးေဆးစြာ ေနမိရင္ဘာကိုေတြးမိလည္းဆိုတာ ျပန္ဆန္းစစ္ၾကည့္။

ကိုယ့္စိတ္ကေလးဟာ ေကာင္းတဲ႔ဘက္ကိုညြတ္ေနရမယ္။

မေကာင္းတဲ႔ဘက္ကို ညြတ္ေနမိရင္ေကာင္းတဲ႔ဘက္ကို သတိထားၿပီး ညြတ္မိေအာင္ထိန္းသိမ္းေလ႔က်င့္ေပးရမယ္။ဒါ ေလ႔က်င့္ရင္ ရနိုင္တယ္။

၄။အာဘုဇိတ – နွလံုးသြင္းတရား၊ေယာနိေသာမနသိကာရ၊

ဘယ္ကိစၥမဆိုမွန္မွန္ကန္ကန္ စဥ္းစားတာ၊အသိဥာဏ္နဲ႔ စဥ္းစားတာ၊နွလံုးသြင္းမႈ မွန္ကန္တာ၊

ကုသိုလ္မွန္သမွ်တို႔သည္ ေယာနိေသာမနသိကာရေပၚအေျခခံသည္လို႔ ျမတ္စြာဘုရားက ေဟာထားတယ္။

ဒါေၾကာင့္မို႔ ကုသိုလ္ျဖစ္ဖို႔ရာေဟာဒီအခ်က္ေလးခ်က္နဲ႔ ျပည့္စံုရမယ္တဲ႔။

ကုသိုလ္ေတြ မ်ားလာျခင္းျဖင့္ေကာင္းက်ိဳးခ်မ္းသာေတြ ရရွိလာမယ္။

ဒီဘဝမွာလည္း ေကာင္းက်ိဳးခ်မ္းသာေတြ ရရွိမယ္။ေနာင္ဘဝမွာလည္း ေကာင္းတဲ႔အက်ိဳး ခံစားရမယ္။

နွစ္ဘက္လံုး ေကာင္းမြန္တဲ႔ တရားျဖစ္လို႔ ဒီလိုကုသိုလ္မ်ိဳး မ်ားမ်ားရေအာင္ ေလ႔က်င့္ယူရမယ္။

ေဒါက္တာအရွင္နႏၵမာလာဘိဝံသ