မကောင်းတဲ့မိတ်ဆွေတွေနဲ့ ပေါင်းသင်းတာဟာလည်း စီးပွားပျက်ခြင်းရဲ့ အကြောင်းတရားပဲ

မကောင်းတဲ့မိတ်ဆွေတွေနဲ့ ပေါင်းသင်းတာဟာလည်း စီးပွားပျက်ခြင်းရဲ့ အကြောင်းတရားပဲတဲ့။

လာတယ်လေ သူတို့က `လာ , သွားရအောင်´ဆိုပြီး ဘယ်ခေါ်တုန်းဆို အရက်ဆိုင်ခေါ်တာ။ သောက်ဖော်သောက်ဖက်ခေါ်တာပေါ့။ အဲဒီဘက်ရောက်သွားတယ်။

နောက်တစ်ဆင့်တက်လာတတ်တယ်နော်သောက်ဖော်သောက်ဖက်ကနေ ကြံဖော်ကြံဖက် ဖြစ်လာတယ်။ ဘယ်နားကအိမ် သွားဖောက်ရအောင်၊ ဒါမျိုးတွေပေါ့။နောက်ဆုံးမှာ ပါပမိတ္တဆိုတဲ့ မကောင်းတဲ့မိတ်ဆွေနဲ့ဆိုရင် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်တောင် ပါပမိတ္တနဲ့ဆုံမိလို့ သူ့စကားနားထောင်ပြီး လုပ်မိရင် ပျက်စီးသွားတာပဲနော်။

အဇာတသတ်မင်းဆိုရင် ဘုရင့်ရဲ့သားတော်လည်း ဖြစ်တယ်။ တကယ်ကတော့ သူဟာ အသိဉာဏ်‌ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ မြတ်စွာဘုရားရဲ့ တရားကိုနာရလို့ရှိရင် သူဟာ သောတာပန်ဖြစ်ရမယ့် အရည်အချင်းထိအောင်ရှိတယ်။ သို့သော် ဒေဝဒတ်စကားကို နားယောင်ပြီး အဖေကို သတ်မိတဲ့အတွက် သူ့ရဲ့အခြေအနေကောင်းတွေဟာ အကုန်လုံး ပျက်စီးသွားတယ်။ ပြင်လို့မရတဲ့ အနေအထားထိအောင် ရောက်သွားတယ်။ ဒီအခြေအနေထိအောင် ရောက်နိုင်တယ်၊ ဒါ အမြင့်ဆုံး အပြစ်ပဲနော်။

လောကမှာ အဖော်ရဲ့ သွေးဆောင်မှုကြောင့် ဒုက္ခရောက်သွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပဲရှိတယ်။ မကောင်းတဲ့အဖော်နဲ့ သွားလာမိသည့်အတွက်ကြောင့် ဒုက္ခရောက်သွားတာ။ ဒါလည်း အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုပေါ့နော်။ ဒါ့ကြောင့်မို့ မိသားစုတွေမှာဆိုရင် ကိုယ့်သားသမီးတွေကို ဒီ မကောင်းတဲ့လူနဲ့ မပေါင်းမိအောင် သတိထားနေကြရတာလေ။ အပေါင်းအသင်းမှားသွားမှာကို စိုးရိမ်နေကြရတယ်။ အပေါင်းအသင်းမှားသွားလို့ရှိရင် ကယ်တင်လို့ရမှာ မဟုတ်ဘူးလေ။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

မေကာင္းတဲ့မိတ္ေဆြေတြနဲ႔ ေပါင္းသင္းတာဟာလည္း စီးပြားပ်က္ျခင္းရဲ႕ အေၾကာင္းတရားပဲတဲ့။ လာတယ္ေလ သူတို႔က `လာ , သြားရေအာင္´ဆိုၿပီး ဘယ္ေခၚတုန္းဆို အရက္ဆိုင္ေခၚတာ။ ေသာက္ေဖာ္ေသာက္ဖက္ေခၚတာေပါ႔။ အဲဒီဘက္ေရာက္သြားတယ္။

ေနာက္တစ္ဆင့္တက္လာတတ္တယ္ေနာ္ေသာက္ေဖာ္ေသာက္ဖက္ကေန ႀကံေဖာ္ႀကံဖက္ ျဖစ္လာတယ္။ ဘယ္နားကအိမ္ သြားေဖာက္ရေအာင္၊ ဒါမ်ိဳးေတြေပါ႔။ေနာက္ဆုံးမွာ ပါပမိတၱဆိုတဲ့ မေကာင္းတဲ့မိတ္ေဆြနဲ႔ဆိုရင္ အရည္အခ်င္းရွိတဲ့ ပုဂၢိဳလ္တစ္ေယာက္ေတာင္ ပါပမိတၱနဲ႔ဆုံမိလို႔ သူ့စကားနားေထာင္ၿပီး လုပ္မိရင္ ပ်က္စီးသြားတာပဲေနာ္။

အဇာတသတ္မင္းဆိုရင္ ဘုရင့္ရဲ႕သားေတာ္လည္း ျဖစ္တယ္။ တကယ္ကေတာ့ သူဟာ အသိဉာဏ္‌ရွိတဲ့ ပုဂၢိဳလ္တစ္ေယာက္ပဲ။ ျမတ္စြာဘုရားရဲ႕ တရားကိုနာရလို႔ရွိရင္ သူဟာ ေသာတာပန္ျဖစ္ရမယ့္ အရည္အခ်င္းထိေအာင္ရွိတယ္။ သို႔ေသာ္ ေဒဝဒတ္စကားကို နားေယာင္ၿပီး အေဖကို သတ္မိတဲ့အတြက္ သူ့ရဲ႕အေျခအေနေကာင္းေတြဟာ အကုန္လုံး ပ်က္စီးသြားတယ္။ ျပင္လို႔မရတဲ့ အေနအထားထိေအာင္ ေရာက္သြားတယ္။ ဒီအေျခအေနထိေအာင္ ေရာက္ႏိုင္တယ္၊ ဒါ အျမင့္ဆုံး အျပစ္ပဲေနာ္။

ေလာကမွာ အေဖာ္ရဲ႕ ေသြးေဆာင္မႈေၾကာင့္ ဒုကၡေရာက္သြားတဲ့ ပုဂၢိဳလ္ေတြ အမ်ားႀကီးပဲရွိတယ္။ မေကာင္းတဲ့အေဖာ္နဲ႔ သြားလာမိသည့္အတြက္ေၾကာင့္ ဒုကၡေရာက္သြားတာ။ ဒါလည္း အင္မတန္မွ အေရးႀကီးတဲ့ ကိစၥတစ္ခုေပါ႔ေနာ္။ ဒါ႔ေၾကာင့္မို႔ မိသားစုေတြမွာဆိုရင္ ကိုယ့္သားသမီးေတြကို ဒီ မေကာင္းတဲ့လူနဲ႔ မေပါင္းမိေအာင္ သတိထားေနၾကရတာေလ။ အေပါင္းအသင္းမွားသြားမွာကို စိုးရိမ္ေနၾကရတယ္။ အေပါင္းအသင္းမွားသြားလို႔ရွိရင္ ကယ္တင္လို႔ရမွာ မဟုတ္ဘူးေလ။

ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္