သင့္လက္ရွိအခ်စ္ေရးက သင့္အတြက္စစ္မွန္တဲ့အခ်စ္မဟုတ္ေသးဘူးဆိုတာ သိနိုင္တဲ့အခ်က္မ်ား

ေလာကၾကီးမွာ အခ်စ္စစ္မွန္ရင္ေပ်ာ္ရႊင္မႈေတြခ်ည္းပဲလည္းမဟုတ္ဘူး၊ အဆင္မေျပမႈေတြကိုလည္း မလြဲမေသြၾကံုရတယ္လို႕ ဆိုၾကပါတယ္။ အရာအားလံုး ျပီးျပည့္စံုတာမ်ိဳးေတာ့မျဖစ္နိုင္ေပမယ့္ အခ်စ္ေၾကာင့္ ဘဝကေပ်ာ္ရႊင္မႈေတြပိုမ်ားလာတာမ်ိဳးပဲ ပိုျဖစ္သင့္ပါတယ္။ အခ်စ္ေၾကာင့္ စိတ္ညစ္တာ၊ စိတ္ပင္ပန္းတာေတြပိုမ်ားေနရင္ အဲ့ဒါက အခ်စ္စစ္မဟုတ္နိုင္ပါဘူး။

(၁) အရာရာ တစ္ဖက္သတ္ျဖစ္ေနတာအခ်စ္စစ္မဟုတ္ဘူး

freepik

ခ်စ္တယ္လို႕ ပါးစပ္ကတဖြဖြေျပာေပမယ့္ လက္ေတြ႕မွာကိုယ့္အတြက္မစဉ္းစားေပးတာ၊ ကိုယ့္အတြက္မၾကည့္တာ၊ တစ္ဖက္ကအျမဲသည္းခံျပီး၊ တစ္ဖက္ကအျမဲအနိုင္ယူေနတာမ်ိဳးကို စစ္မွန္တဲ့အခ်စ္လို႕မဆိုနိုင္ပါဘူး။ အခ်စ္စစ္ဆိုတာက နွစ္ဖက္မွ်တမႈရွိပါတယ္။

(၂) ေအာက္က်ို႕ေတာင္းပန္ေနရတာ အခ်စ္စစ္မဟုတ္ဘူး

ကိုယ့္ကိုဂရုစိုက္ဖုိ႕၊ ကိုယ့္အတြက္စဉ္းစားေပးဖို႕၊ ကိုယ့္အတြက္ၾကည့္ေပးဖုိ႕ေအာက္က်ိဳ႕ေတာင္းပန္ေနရတာမ်ိဳး၊ မလံုျခံဳတဲ့စိတ္ခံစားခ်က္ကိုျဖစ္ေစတာမ်ိဳးက အခ်စ္စစ္မဟုတ္ပါဘူး။ အခ်စ္စစ္က ဂရုစိုက္ဖို႕ေတာင္းဆိုစရာမလို၊ ေအာက္က်ိဳ႕ေနစရာမလိုဘဲ၊ လံုျခံုတဲ့ခံစားမႈကိုျဖစ္ေစတာမ်ိဳးပါ။

(၃) အျမဲတမ္းငိုေၾကြးေနရတာအခ်စ္စစ္မဟုတ္ဘူး

freepik

အခ်စ္ကတခါတရံသင့္ကိုဝမ္းနည္းေစေပမယ့္ အျမဲတမ္းေတာ့ ဝမ္းနည္းေစမွာမဟုတ္ပါဘူး။ ေပ်ာ္ရႊင္ရတာထက္ ဝမ္းနည္းရတာကပိုမ်ားေနတာ အခ်စ္စစ္မဟုတ္ပါဘူး။ အျမဲတမ္းဝမ္းနည္းေစတဲ့သူမ်ိဳးကို ခ်စ္မိေနတယ္ဆိုရင္ေတာ့ လက္တြဲျဖုတ္နိုင္ေအာင္ ၾကိုးစားသင့္ပါတယ္။

(၄) သူကိုယ့္အနားေနထြက္မသြားဖို႕ဆြဲထားေနရတာအခ်စ္စစ္မဟုတ္ဘူး

ကိုယ့္ကိုထားမသြားဖို႕၊ သူကိုယ့္အနားကထြက္မသြားဖို႕ ဆြဲထားေနရတာမ်ိဳး၊ ကိုယ့္အနားမွာေနဖို႕ ခ်ည္ေနွာင္ေနရတာမ်ိဳးက အခ်စ္စစ္မဟုတ္ပါဘူး။အခ်စ္စစ္မွန္ရင္ ဆြဲထားစရာမလိုဘဲ ထြက္မသြားပါဘူး။

(၅) သင့္ကိုအထီးက်န္ေစရင္ အခ်စ္စစ္မဟုတ္ဘူး

freepik

ခ်စ္သူရွိေပမယ့္ အထီးက်န္ေနတာမ်ိဳး၊ အခ်စ္ခံရတဲ့ခံစားခ်က္မ်ိဳးမရွိဘဲ အျမဲလိုလိုဝမ္းနည္းေနရတာမ်ိဳး၊ ျပႆနာေတြကို တစ္ေယာက္တည္းရင္ဆိုင္ေျဖရွင္းေနရတာမ်ိဳး၊ ရင္ဖြင့္တာေတြကိုနားေထာင္ေပးမယ့္သူမရွိတာမ်ိဳး၊ အဲ့လို ခံစားခ်က္ေတြက လူတစ္ေယာက္ကိုခ်စ္မိတဲ့ေနာက္ျဖစ္လာတာဆိုရင္ေတာ့ ဒီအခ်စ္က အဲ့ဒီလူနဲ႕မထိုက္တန္ပါဘူး။ သင္တို႕နွစ္ေယာက္ၾကားက အခ်စ္က မစစ္မွန္ပါဘူး။

written by PP

လောကကြီးမှာ အချစ်စစ်မှန်ရင်ပျော်ရွှင်မှုတွေချည်းပဲလည်းမဟုတ်ဘူး၊ အဆင်မပြေမှုတွေကိုလည်း မလွဲမသွေကြုံရတယ်လို့ ဆိုကြပါတယ်။ အရာအားလုံး ပြီးပြည့်စုံတာမျိုးတော့မဖြစ်နိုင်ပေမယ့် အချစ်ကြောင့် ဘဝကပျော်ရွှင်မှုတွေပိုများလာတာမျိုးပဲ ပိုဖြစ်သင့်ပါတယ်။ အချစ်ကြောင့် စိတ်ညစ်တာ၊ စိတ်ပင်ပန်းတာတွေပိုများနေရင် အဲ့ဒါက အချစ်စစ်မဟုတ်နိုင်ပါဘူး။

(၁) အရာရာ တစ်ဖက်သတ်ဖြစ်နေတာအချစ်စစ်မဟုတ်ဘူး

ချစ်တယ်လို့ ပါးစပ်ကတဖွဖွပြောပေမယ့် လက်တွေ့မှာကိုယ့်အတွက်မစဉ်းစားပေးတာ၊ ကိုယ့်အတွက်မကြည့်တာ၊ တစ်ဖက်ကအမြဲသည်းခံပြီး၊ တစ်ဖက်ကအမြဲအနိုင်ယူနေတာမျိုးကို စစ်မှန်တဲ့အချစ်လို့မဆိုနိုင်ပါဘူး။ အချစ်စစ်ဆိုတာက နှစ်ဖက်မျှတမှုရှိပါတယ်။

(၂) အောက်ကျို့တောင်းပန်နေရတာ အချစ်စစ်မဟုတ်ဘူး

ကိုယ့်ကိုဂရုစိုက်ဖို့၊ ကိုယ့်အတွက်စဉ်းစားပေးဖို့၊ ကိုယ့်အတွက်ကြည့်ပေးဖို့အောက်ကျို့တောင်းပန်နေရတာမျိုး၊ မလုံခြုံတဲ့စိတ်ခံစားချက်ကိုဖြစ်စေတာမျိုးက အချစ်စစ်မဟုတ်ပါဘူး။ အချစ်စစ်က ဂရုစိုက်ဖို့တောင်းဆိုစရာမလို၊ အောက်ကျို့နေစရာမလိုဘဲ၊ လုံခြုံတဲ့ခံစားမှုကိုဖြစ်စေတာမျိုးပါ။

(၃) အမြဲတမ်းငိုကြွေးနေရတာအချစ်စစ်မဟုတ်ဘူး

အချစ်ကတခါတရံသင့်ကိုဝမ်းနည်းစေပေမယ့် အမြဲတမ်းတော့ ဝမ်းနည်းစေမှာမဟုတ်ပါဘူး။ ပျော်ရွှင်ရတာထက် ဝမ်းနည်းရတာကပိုများနေတာ အချစ်စစ်မဟုတ်ပါဘူး။ အမြဲတမ်းဝမ်းနည်းစေတဲ့သူမျိုးကို ချစ်မိနေတယ်ဆိုရင်တော့ လက်တွဲဖြုတ်နိုင်အောင် ကြိုးစားသင့်ပါတယ်။

(၄) သူကိုယ့်အနားနေထွက်မသွားဖို့ဆွဲထားနေရတာအချစ်စစ်မဟုတ်ဘူး

ကိုယ့်ကိုထားမသွားဖို့၊ သူကိုယ့်အနားကထွက်မသွားဖို့ ဆွဲထားနေရတာမျိုး၊ ကိုယ့်အနားမှာနေဖို့ ချည်နှောင်နေရတာမျိုးက အချစ်စစ်မဟုတ်ပါဘူး။အချစ်စစ်မှန်ရင် ဆွဲထားစရာမလိုဘဲ ထွက်မသွားပါဘူး။

(၅) သင့်ကိုအထီးကျန်စေရင် အချစ်စစ်မဟုတ်ဘူး

ချစ်သူရှိပေမယ့် အထီးကျန်နေတာမျိုး၊ အချစ်ခံရတဲ့ခံစားချက်မျိုးမရှိဘဲ အမြဲလိုလိုဝမ်းနည်းနေရတာမျိုး၊ ပြဿနာတွေကို တစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းနေရတာမျိုး၊ ရင်ဖွင့်တာတွေကိုနားထောင်ပေးမယ့်သူမရှိတာမျိုး၊ အဲ့လို ခံစားချက်တွေက လူတစ်ယောက်ကိုချစ်မိတဲ့နောက်ဖြစ်လာတာဆိုရင်တော့ ဒီအချစ်က အဲ့ဒီလူနဲ့မထိုက်တန်ပါဘူး။ သင်တို့နှစ်ယောက်ကြားက အချစ်က မစစ်မှန်ပါဘူး။

written by PP