ေခါင္းကိုက္တာကိုခ်က္ခ်င္းသက္သာေစျပီး စိတ္ၾကည္လင္ေစမယ့္သဘာဝနည္းလမ္းမ်ား

ရာသီဥတုပူရင္ပဲျဖစ္ျဖစ္၊ အစားအေသာက္ေၾကာင့္ပဲျဖစ္ျဖစ္၊ အိပ္္ေရးမဝလို႕ပဲျဖစ္ျဖစ္ ေခါင္းကိုက္တတ္ပါတယ္။ ေခါင္းကိုက္တာက ခံရခက္တဲ့ေဝဒနာျဖစ္ျပီး ကုသဖို႕ေတာ့သိပ္မခက္လွပါဘူး။ ေခါင္းကိုက္တာကိုအခ်ိန္တိုအတြင္းေပ်ာက္ေစမယ့္ သဘာဝနည္းလမ္းေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ခ်င္းလက္ဖက္ရည္ေသာက္ပါ

freepik

ေရေနြးပူပူတစ္ခြက္ထဲကို ခ်င္းနွစ္လႊာ၊သံုးလႊာေလာက္ထည့္ျပီး ၁၀ မိနစ္ခန္႕အဖံုးအုပ္ထားျပီး အဲ့ဒီအရည္ကို ေသာက္ေပးပါ။ ေခါင္းကိုက္ေနတာ ခ်က္ခ်င္းသက္သာသြားပါမယ္။

(၂) ေျခေထာက္ဆားစိမ္ပါ

ေရၾကက္သီးေနြးတစ္ဇလံုထဲကို ဆားနွစ္ဇြန္း၊ လက္ဖက္ေျခာက္အနည္းငယ္၊ သံလြင္ဆီအနည္းငယ္တို႕ကိုထည့္ေမႊျပီး အဲ့ဒီေရထဲမွာ ေျခေထာက္ကို ၁၅ မိနစ္ခန္႕စိမ္ေပးပါ။ ေခါင္းကိုက္သက္သာသြားပါလိမ့္မယ္။

(၃) ေရေအးအဝတ္ကိုသံုးပါ

freepik

အဝတ္တစ္ခုကိုယူျပီး ေရေအးေအးမွာနစ္လိုက္ကာ ေရစင္ေအာင္ညွစ္လိုက္ပါ။ အဲ့ဒီအဝတ္စကို လည္ပင္းမွာ ကပ္ေပးလိုက္ပါ။ အဝတ္စပူေႏြးသြားရင္ေရျပန္ဆြတ္ျပီးျပန္ကပ္ေပးပါ။ ၁၅ မိနစ္ခန္႕အဲ့ဒီအတိုင္းလုပ္ေပးလိုက္ပါ။ မခံမရပ္နိုင္ေအာင္ေခါင္းကိုက္ေနတာေတြေတာင္ သက္သာသြားပါလိမ့္မယ္။

(၄) အလင္းေရာင္နည္းတဲ့ေနရာမွာေနပါ

ေခါင္းကိုက္တာက အလင္းစူးစူးေတြေအာက္မွာေနရင္ ေခါင္းကိုက္တာကိုပိုဆိုးေစပါတယ္။ ဒါေၾကာင့္ ေခါင္းကိုက္ေနခ်ိန္မွာ ေတာက္ပလြန္းတဲ့မီးေတြကိုပိတ္ထားပါ၊ အလင္းေရာင္နည္းတဲ့ေနရာမွာေနပါ၊ ဖုန္း၊ ကြန္ပ်ဴတာကအလင္းေရာင္စူးစူးေတြကို မၾကည့္ပါနဲ႕။ ခဏေလာက္အဲ့ဒီလိုေနလိုက္ရင္ ေခါင္းကိုက္သက္သာသြားပါလိမ့္မယ္။

(၅) ေကာ္ဖီ သို႕မဟုတ္ လက္ဖက္ရည္ေသာက္ပါ

freepik

ကဖင္းက ေခါင္းကိုက္တာကို သက္သာေပ်ာက္ကင္းေစပါတယ္။ ဒါေၾကာင့္ ေခါင္းကိုက္တဲ့အခါ ေကာ္ဖီ ဒါမွမဟုတ္ လက္ဖက္ရည္တစ္ခြက္ကို အခ်ိဳမထည့္ဘဲ ေသာက္ေပးလိုက္ပါ။

written by PP

ရာသီဥတုပူရင်ပဲဖြစ်ဖြစ်၊ အစားအသောက်ကြောင့်ပဲဖြစ်ဖြစ်၊ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ် ခေါင်းကိုက်တတ်ပါတယ်။ ခေါင်းကိုက်တာက ခံရခက်တဲ့ဝေဒနာဖြစ်ပြီး ကုသဖို့တော့သိပ်မခက်လှပါဘူး။ ခေါင်းကိုက်တာကိုအချိန်တိုအတွင်းပျောက်စေမယ့် သဘာဝနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ချင်းလက်ဖက်ရည်သောက်ပါ

ရေနွေးပူပူတစ်ခွက်ထဲကို ချင်းနှစ်လွှာ၊သုံးလွှာလောက်ထည့်ပြီး ၁၀ မိနစ်ခန့်အဖုံးအုပ်ထားပြီး အဲ့ဒီအရည်ကို သောက်ပေးပါ။ ခေါင်းကိုက်နေတာ ချက်ချင်းသက်သာသွားပါမယ်။

(၂) ခြေထောက်ဆားစိမ်ပါ

ရေကြက်သီးနွေးတစ်ဇလုံထဲကို ဆားနှစ်ဇွန်း၊ လက်ဖက်ခြောက်အနည်းငယ်၊ သံလွင်ဆီအနည်းငယ်တို့ကိုထည့်မွှေပြီး အဲ့ဒီရေထဲမှာ ခြေထောက်ကို ၁၅ မိနစ်ခန့်စိမ်ပေးပါ။ ခေါင်းကိုက်သက်သာသွားပါလိမ့်မယ်။

(၃) ရေအေးအဝတ်ကိုသုံးပါ

အဝတ်တစ်ခုကိုယူပြီး ရေအေးအေးမှာနစ်လိုက်ကာ ရေစင်အောင်ညှစ်လိုက်ပါ။ အဲ့ဒီအဝတ်စကို လည်ပင်းမှာ ကပ်ပေးလိုက်ပါ။ အဝတ်စပူနွေးသွားရင်ရေပြန်ဆွတ်ပြီးပြန်ကပ်ပေးပါ။ ၁၅ မိနစ်ခန့်အဲ့ဒီအတိုင်းလုပ်ပေးလိုက်ပါ။ မခံမရပ်နိုင်အောင်ခေါင်းကိုက်နေတာတွေတောင် သက်သာသွားပါလိမ့်မယ်။

(၄) အလင်းရောင်နည်းတဲ့နေရာမှာနေပါ

ခေါင်းကိုက်တာက အလင်းစူးစူးတွေအောက်မှာနေရင် ခေါင်းကိုက်တာကိုပိုဆိုးစေပါတယ်။ ဒါကြောင့် ခေါင်းကိုက်နေချိန်မှာ တောက်ပလွန်းတဲ့မီးတွေကိုပိတ်ထားပါ၊ အလင်းရောင်နည်းတဲ့နေရာမှာနေပါ၊ ဖုန်း၊ ကွန်ပျူတာကအလင်းရောင်စူးစူးတွေကို မကြည့်ပါနဲ့။ ခဏလောက်အဲ့ဒီလိုနေလိုက်ရင် ခေါင်းကိုက်သက်သာသွားပါလိမ့်မယ်။

(၅) ကော်ဖီ သို့မဟုတ် လက်ဖက်ရည်သောက်ပါ

ကဖင်းက ခေါင်းကိုက်တာကို သက်သာပျောက်ကင်းစေပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့အခါ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်တစ်ခွက်ကို အချိုမထည့်ဘဲ သောက်ပေးလိုက်ပါ။

written by PP