
အိပ္မေပ်ာ္တဲ့ျပႆနာဆိုတာ ဒီေန႕ေခတ္မွာ လူအမ်ားစုျဖစ္ေနတဲ့ျပႆနာပါ။ အေတြးလြန္တတ္တဲ့အက်င့္ေၾကာင့္၊ စိတ္ဖိစီးမႈေတြေၾကာင့္၊ အဆင္မေျပမႈေတြေၾကာင့္ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ညဘက္အိပ္မေပ်ာ္တဲ့ျပႆနာကို ၾကံုေတြ႕ၾကရပါတယ္။ ညဘက္အိပ္မေပ်ာ္ျခင္းက စိတ္ဖိစီးမႈေတြကိုပိုျဖစ္ေစျပီး က်န္းမာေရးအတြက္လည္း လံုးဝမကာင္းပါဘူး။ ဒါေၾကာင့္ ညဘက္မွာ လြယ္လြယ္အိပ္ေပ်ာ္ေစဖို႕၊ ဆယ္မိနစ္အတြင္း အိပ္ေပ်ာ္ေစမယ့္နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ခႏၶာကိုယ္ကိုေျဖေလ်ာ့ထားပါ

၁၀ မိနစ္အတြင္းအိပ္ေပ်ာ္ေစဖို႕ ပထမဆံုးအိပ္ရာေပၚမွာပက္လက္လဲအိပ္ျပီး မ်က္လံုးမွိတ္ကာ ခႏၶာကိုယ္ကိုေျဖေလ်ာ့ထားပါ။ တစ္ကိုယ္လံုးက အေၾကာေတြကို ေျဖေလ်ာ့ထားျပီး ခႏၶာကိုယ္ကဂြမ္းစေလးလို ေပါ့ပါးေနတယ္လို႕ ေတြးလိုက္ပါ။
(၂) အသက္ရွဴတာကိုအာရံုစိုက္ပါ
အိပ္ရာေပၚမွာ ပက္လက္လဲအိပ္ျပီး တစ္ကိုယ္လံုးက အေၾကာေတြကိုေျဖေလွ်ာ့ထားျပီးတာနဲ႕ အသက္ကိုျဖည္းျဖည္းခ်င္းရွဴျပီး အသက္ရွဴတာကို အာရံုစိုက္ထားလိုက္ကာ ေလရွဴသြင္းရွဴထုတ္တာကိုလိုက္မွတ္ထားပါ။
(၃) စိတ္ကိုစုစည္းပါ

အသက္ရွဴတာကိုအာရံုစိုက္ျပီး ေလရွဴသြင္း၊ရွဴထုတ္တာကိုလိုက္မွတ္ျပီး စိတ္အာရံုကိုတျခားဆီလြင့္ထြက္မသြားေစဖို႕အတြက္ စိတ္ထဲကေန ေနြးေထြးျပီးဆိတ္ျငိမ္တဲ့ေနရာတစ္ခုမွာေရာက္ေနတယ္လို႕ ေတြးလိုက္ပါ။ တျခားအေတြးေတြမေတြးဘဲ ေခါင္းအစေျခအဆံုး ေနြးေထြးျပီးလံုျခံုေနတယ္လို႕ပဲေတြးပါ။
ဒီနည္းလမ္းေတြက ညဘက္အိပ္မေပ်ာ္တဲ့သူေတြကို ၁၀ မိနစ္အတြင္း ေကာင္းေကာင္းအိပ္ေပ်ာ္ေစမယ့္နည္းေလးေတြပဲျဖစ္ပါတယ္။ အိပ္မေပ်ာ္တဲ့သူေတြစမ္းၾကည့္ပါလု႕ တိုက္တြန္းလိုက္ပါတယ္။
written by PP
အိပ်မပျော်တဲ့ပြဿနာဆိုတာ ဒီနေ့ခေတ်မှာ လူအများစုဖြစ်နေတဲ့ပြဿနာပါ။ အတွေးလွန်တတ်တဲ့အကျင့်ကြောင့်၊ စိတ်ဖိစီးမှုတွေကြောင့်၊ အဆင်မပြေမှုတွေကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ညဘက်အိပ်မပျော်တဲ့ပြဿနာကို ကြုံတွေ့ကြရပါတယ်။ ညဘက်အိပ်မပျော်ခြင်းက စိတ်ဖိစီးမှုတွေကိုပိုဖြစ်စေပြီး ကျန်းမာရေးအတွက်လည်း လုံးဝမကာင်းပါဘူး။ ဒါကြောင့် ညဘက်မှာ လွယ်လွယ်အိပ်ပျော်စေဖို့၊ ဆယ်မိနစ်အတွင်း အိပ်ပျော်စေမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ခန္ဓာကိုယ်ကိုဖြေလျော့ထားပါ
၁၀ မိနစ်အတွင်းအိပ်ပျော်စေဖို့ ပထမဆုံးအိပ်ရာပေါ်မှာပက်လက်လဲအိပ်ပြီး မျက်လုံးမှိတ်ကာ ခန္ဓာကိုယ်ကိုဖြေလျော့ထားပါ။ တစ်ကိုယ်လုံးက အကြောတွေကို ဖြေလျော့ထားပြီး ခန္ဓာကိုယ်ကဂွမ်းစလေးလို ပေါ့ပါးနေတယ်လို့ တွေးလိုက်ပါ။
(၂) အသက်ရှူတာကိုအာရုံစိုက်ပါ
အိပ်ရာပေါ်မှာ ပက်လက်လဲအိပ်ပြီး တစ်ကိုယ်လုံးက အကြောတွေကိုဖြေလျှော့ထားပြီးတာနဲ့ အသက်ကိုဖြည်းဖြည်းချင်းရှူပြီး အသက်ရှူတာကို အာရုံစိုက်ထားလိုက်ကာ လေရှူသွင်းရှူထုတ်တာကိုလိုက်မှတ်ထားပါ။
(၃) စိတ်ကိုစုစည်းပါ
အသက်ရှူတာကိုအာရုံစိုက်ပြီး လေရှူသွင်း၊ရှူထုတ်တာကိုလိုက်မှတ်ပြီး စိတ်အာရုံကိုတခြားဆီလွင့်ထွက်မသွားစေဖို့အတွက် စိတ်ထဲကနေ နွေးထွေးပြီးဆိတ်ငြိမ်တဲ့နေရာတစ်ခုမှာရောက်နေတယ်လို့ တွေးလိုက်ပါ။ တခြားအတွေးတွေမတွေးဘဲ ခေါင်းအစခြေအဆုံး နွေးထွေးပြီးလုံခြုံနေတယ်လို့ပဲတွေးပါ။
ဒီနည်းလမ်းတွေက ညဘက်အိပ်မပျော်တဲ့သူတွေကို ၁၀ မိနစ်အတွင်း ကောင်းကောင်းအိပ်ပျော်စေမယ့်နည်းလေးတွေပဲဖြစ်ပါတယ်။ အိပ်မပျော်တဲ့သူတွေစမ်းကြည့်ပါလု့ တိုက်တွန်းလိုက်ပါတယ်။
written by PP