မသိမိုက်ထက် သိမိုက်က ပိုပြီးဆိုးတယ် – မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

အမိုက်ဇာတ်သိမ်းနိုင်အောင် ကြိုးစားကြ

မသိမိုက်ထက် သိမိုက်က ပိုပြီးဆိုးတယ် ၊

ကလေးမိုက်ထက် လူကြီးမိုက်က ပိုပြီး ကြောက်စရာကောင်းတယ် ။

မိုက်သင့်တဲ့ အချိန် မိုက်တာထက်မမိုက်သင့်တဲ့အချိန် မိုက်မိလျှင်အချိန်မဲ့ အမှောင်မို့ ရှောင်သူ မလွတ်နိုင်ဘူး၊

အမှောင်ကြီးလေ အရှောင်ခက်လေပဲ။

လူအချို့က အရိုးရင့်လေ ခေါင်းမာလေပဲ။

နှလုံးအိမ်ကျယ်လေ မိုက်သွေး အခိုများလေပဲ။

သူ့မှာရှိသမျှ အရာအားလုံးကအောက်ကိုချည်း လှည့်နေတယ်။

သိသလောက် တတ်သလောက် စိတ်ကိုအောက်စိုက်ထားနေတတ်တယ်။

စိတ်ထက်သလောက်လည်းအောက်ဘက်အသွားသန်နေတတ်တယ်။

အဲလိုလူမျိုးမှာ တစ်လမ်းသွားပဲရှိတော့မှာ ၊နှစ်လမ်းသွားမရှိတော့ဘူး။

သည်လို မိုက်မဲတဲ့ ဘဝမျိုး ၊အသိမျိုး၊ အမူအကျင့်မျိုးတွေဟာဘုရားသာသနာနဲ့တွေ့တုန်းအခါမှာမရှိသင့်တော့ဘူး ။

အမိုက်ဇာတ်သိမ်းနိုင်အောင် ကြိုးစားကြ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

အမိုက္ဇာတ္သိမ္းနိုင္ေအာင္ ႀကိဳးစားၾက

မသိမိုက္ထက္ သိမိုက္က ပိုၿပီးဆိုးတယ္ ၊

ကေလးမိုက္ထက္ လူႀကီးမိုက္က ပိုၿပီး ေၾကာက္စရာေကာင္းတယ္ ။

မိုက္သင့္တဲ့ အခ်ိန္ မိုက္တာထက္မမိုက္သင့္တဲ့အခ်ိန္ မိုက္မိလၽွင္အခ်ိန္မဲ့ အေမွာင္မို့ ေရွာင္သူ မလြတ္နိုင္ဘူး၊

အေမွာင္ႀကီးေလ အေရွာင္ခက္ေလပဲ။

လူအခ်ိဳ့က အရိုးရင့္ေလ ေခါင္းမာေလပဲ။

ႏွလုံးအိမ္က်ယ္ေလ မိုက္ေသြး အခိုမ်ားေလပဲ။

သူ႔မွာရွိသမၽွ အရာအားလုံးကေအာက္ကိုခ်ည္း လွည့္ေနတယ္။

သိသေလာက္ တတ္သေလာက္ စိတ္ကိုေအာက္စိုက္ထားေနတတ္တယ္။

စိတ္ထက္သေလာက္လည္းေအာက္ဘက္အသြားသန္ေနတတ္တယ္။

အဲလိုလူမ်ိဳးမွာ တစ္လမ္းသြားပဲရွိေတာ့မွာ ၊ႏွစ္လမ္းသြားမရွိေတာ့ဘူး။

သည္လို မိုက္မဲတဲ့ ဘဝမ်ိဳး ၊အသိမ်ိဳး၊ အမူအက်င့္မ်ိဳးေတြဟာဘုရားသာသနာနဲ႔ေတြ႕တုန္းအခါမွာမရွိသင့္ေတာ့ဘူး ။

အမိုက္ဇာတ္သိမ္းနိုင္ေအာင္ ႀကိဳးစားၾက။

မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး