ထူးဆန်းတာက ••• လိုချင်တာများများရလေ ပိုပြီး မပြည့်စုံလေ
အတ္တစိတ်ဟာ နေရာယူလွန်းသွားရင်တစ်ခြားဟာတွေကို တန်ဖိုးချတဲ့စိတ် ဖြစ်လာတယ်။
အတ္တက သူ့မှာ ဘယ်တော့မှ ပြည့်စုံတယ်လို့ မရှိဘူး။
အတ္တဟာ အားငယ်နေတယ်။
ဒါကြောင့် အားကိုးစရာကို ရှာတယ်။
ငွေကို အားကိုးတယ်။ ဂုဏ်ကို အားကိုးတယ်။
ဒါပေမယ့် ဘယ်လောက်ရရ အားငယ်တုန်းပဲ။
ဒါကြောင့် ပြည့်စုံပြီးလို့ မခံစားရဘူး။ အားငယ်စိတ်ကြောင့် မပြည့်စုံတာ။ လိုချင်တာ ။ တကယ် အသုံးလိုလို့ လိုချင်တာ မဟုတ်ဘူး။
အတ္တရဲ့ သဘာဝမှာ ပြည့်စုံခြင်းဆိုတာ ဘယ်တော့မှ မရှိဘူး။
သူ့မှာ အမြဲတမ်းလိုနေတယ်။ အတ္တ ရဲ့ သဘာဝဟာ အမြဲတမ်း ချို့တဲ့နေပါတယ်။
သူ သိန်းတစ်ရာ ရလည်းမပြည့်စုံဘူး။သိန်း တစ်ထောင်ရလည်း မပြည့်စုံဘူး။
ဒေါ်လာ တစ်သန်း ဒေါ်လာ သန်းတစ်ထောင်ရလည်း မပြည့်စုံဘူး။ ဒါ ပိုက်ဆံ ဘက်က ကြည့်တာနော်။
လူဘက်ကနေ ကြည့်ရင် တစ်ယောက်နဲ့ မပြည့်စုံဘူး။ နှစ်ယောက်နဲ့လည်း မပြည့်စုံဘူး။
အိမ်တစ်လုံးလောက်နဲ့ မလုံလောက်ဘူး။ နှစ်လုံးနဲ့လည်း မလုံလောက်သေးဘူး။ကား တစ်စီး မလုံလောက်သေးဘူး။ နှစ်စီး မလုံလောက်သေးဘူး။
အတ္တဟာ လောဘနဲ့ တွဲနေတတ်တယ်။
အတ္တစိတ်က လိုချင်တာ ရရင် ပြည့်စုံသွားမယ် အားရှိမယ်လို့ ထင်နေတာ – နော်။ အားရှိချင်လို့ လိုချင်တာ။
သုံးချင်လို့ လိုချင်တာ မဟုတ်ဘူး။ ရိုးရိုးလောဘက
သုံးချင်တာ။အတ္တက မသုံးချင်ဘူး။ အားရှိချင်တာ။
ထူးဆန်းတာက
လိုချင်တာ များများရလေ ပိုပြီး မပြည့်စုံလေ ဖြစ်လာတယ်။ (ဘာဖြစ်လို့လဲ )
နည်းနည်း ရှိတုန်းက ရောင့်ရဲမှု ရှိတယ်။များများ ရှိလာတော့ မရောင့်ရဲနိုင်တော့ဘူူး။
ဆင်းရဲမှာ ပိုကြောက်တယ်။
အတ္တဟာ တစ်ကိုယ်ကောင်းဆန်တဲ့ သဘောဖြစ်လို့ သူ့အလို ပြည့်ဖို့ တစ်ခုကိုပဲ သူ စဉ်းစားတယ်။
သူ့ အလိုပြည့်ဖို့ သူတစ်ပါးကို ဖျက်ဆီးလိုက်ရတာကို ဝန်မလေးဘူး။
ဥပမာ – ဒီပန်းကလေးကို ကြိုက်တယ်ဆိုပြီး ဆွဲနုတ်သွားပြီး လက်ထဲမှာ ကိုင်ထားပြီးတော့ တော်တော်ကြာတော့ တော်ပါပြီး ငြီးငွေ့သွားပြီးတော့ လွှတ်ပစ်လိုက်မယ်။
အတ္တဟာ ငြီးငွေ့သွားတယ်။
မေတ္တာဟာ မငြီးငွေ့ဘူး။ အတ္တက တစ်ခုခုကို တန်ဖိုးထားတယ် ဆိုတာ ခဏပဲ။ သူ ချစ်တယ် ဆိုတာ အမှန်တော့ သူ့ကိုယ်ကျိုးအတွက်ပဲ။
ဒီပန်းကလေးကို ဆွဲနုတ်ပြီးတော့ လက်ထဲမှာ ကိုင်ထားပြီးတော့ ကြာရင် သူ လွှတ်ပစ်မှာပဲနော်။
နှုတ်လိုက်တဲ့ ပန်းကလေးဟာ ဘယ်လောက်ကြာကြာလန်းဆန်းနေမလဲ •••
နွမ်းသွားရင် သူ သိမ်းထားအုံးမှာလား •••
မသိမ်းထားဘူး။ သူ လွှတ်ပစ်မှာပဲ။ အတ္တစိတ်က သူ့အလို ခဏ ပြည့်ဖို့ ကိုပဲ အလေးထားတယ်။
တစ်ဖက်သား ပျက်စီးသွားတာကို ဂရုမစိုက်ဘူး။
အတ္တဟာ ဖျက်ဆီးချင်တဲ့ သဘောရှိတယ်။
သူ့ရပ်တည်ရာ မြဲဖို့ သူတစ်ပါးကို နေရာဖယ်ချင်တယ်။
အတ္တမရှိရင် ဘယ်သူ့ကိုမှ မဖျက်ဆီးချင်ဘူး။
အတ္တမရှိရင် အရာရာတိုင်းကို ပိုပြီးတော့ တန်ဖိုးထားတယ်။
ပိုပြီး သနားတတ်တယ်။ ပိုပြီး ချစ်တတ်တယ်။
ပိုပြီး လေးစားတတ်တယ်။
ဆရာတော် ဦးဇောတိက ( မဟာမြိုင် တောရ )
” အလှတရားမှ အမှန်တရားသို့ ” စာအုပ်မှ
ထူးဆန္းတာက ••• လိုခ်င္တာမ်ားမ်ားရေလ ပိုျပီး မျပည့္စုံေလ
အတၱစိတ္ဟာ ေနရာယူလြန္းသြားရင္တစ္ျခားဟာေတြကို တန္ဖိုးခ်တ့ဲစိတ္ ျဖစ္လာတယ္။
အတၱက သူ႔မွာ ဘယ္ေတာ့မွ ျပည့္စုံတယ္လို႔ မရွိဘူး။
အတၱဟာ အားငယ္ေနတယ္။
ဒါေၾကာင့္ အားကိုးစရာကို ရွာတယ္။
ေငြကို အားကိုးတယ္။ ဂုဏ္ကို အားကိုးတယ္။
ဒါေပမယ့္ ဘယ္ေလာက္ရရ အားငယ္တုန္းပဲ။
ဒါေၾကာင့္ ျပည့္စုံျပီးလို႔ မခံစားရဘူး။ အားငယ္စိတ္ေၾကာင့္ မျပည့္စုံတာ။ လိုခ်င္တာ ။ တကယ္ အသံုးလိုလို႔ လိုခ်င္တာ မဟုတ္ဘူး။
အတၱရဲ႕ သဘာဝမွာ ျပည့္စံုျခင္းဆိုတာ ဘယ္ေတာ့မွ မရွိဘူး။
သူ႔မွာ အျမဲတမ္းလိုေနတယ္။ အတၱ ရဲ႕ သဘာဝဟာ အျမဲတမ္း ခ်ိဳ႕တ့ဲေနပါတယ္။
သူ သိန္းတစ္ရာ ရလည္းမျပည့္စုံဘူး။သိန္း တစ္ေထာင္ရလည္း မျပည့္စုံဘူး။
ေဒၚလာ တစ္သန္း ေဒၚလာ သန္းတစ္ေထာင္ရလည္း မျပည့္စုံဘူး။ ဒါ ပိုက္ဆံ ဘက္က ၾကည့္တာေနာ္။
လူဘက္ကေန ၾကည့္ရင္ တစ္ေယာက္နဲ႔ မျပည့္စုံဘူး။ ႏွစ္ေယာက္နဲ႔လည္း မျပည့္စုံဘူး။
အိမ္တစ္လံုးေလာက္နဲ႔ မလံုေလာက္ဘူး။ ႏွစ္လံုးနဲ႔လည္း မလံုေလာက္ေသးဘူး။ကား တစ္စီး မလံုေလာက္ေသးဘူး။ ႏွစ္စီး မလံုေလာက္ေသးဘူး။
အတၱဟာ ေလာဘနဲ႔ တြဲေနတတ္တယ္။
အတၱစိတ္က လိုခ်င္တာ ရရင္ ျပည့္စုံသြားမယ္ အားရွွိမယ္လို႔ ထင္ေနတာ – ေနာ္။ အားရွိခ်င္လို႔ လိုခ်င္တာ။
သုံးခ်င္လို႔ လိုခ်င္တာ မဟုတ္ဘူး။ ရိုးရိုးေလာဘက
သံုးခ်င္တာ။အတၱက မသုံးခ်င္ဘူး။ အားရွိခ်င္တာ။
ထူးဆန္းတာက
လိုခ်င္တာ မ်ားမ်ားရေလ ပိုျပီး မျပည့္စုံေလ ျဖစ္လာတယ္။ (ဘာျဖစ္လို႔လဲ )
နည္းနည္း ရွွိတုန္းက ေရာင့္ရဲမႈ ရွိတယ္။မ်ားမ်ား ရွိလာေတာ့ မေရာင့္ရဲႏိုင္ေတာ့ဘူူး။
ဆင္းရဲမွာ ပိုေၾကာက္တယ္။
အတၱဟာ တစ္ကိုယ္ေကာင္းဆန္တ့ဲ သေဘာျဖစ္လို႔ သူ႔အလို ျပည့္ဖို႔ တစ္ခုကိုပဲ သူ စဥ္းစားတယ္။
သူ႔ အလိုျပည့္ဖို႔ သူတစ္ပါးကို ဖ်က္ဆီးလိုက္ရတာကို ဝန္မေလးဘူး။
ဥပမာ – ဒီပန္းကေလးကို ၾကိဳက္တယ္ဆိုျပီး ဆြဲႏုတ္သြားျပီး လက္ထဲမွာ ကိုင္ထားျပီးေတာ့ ေတာ္ေတာ္ၾကာေတာ့ ေတာ္ပါျပီး ျငီးေငြ႕သြားျပီးေတာ့ လႊတ္ပစ္လိုက္မယ္။
အတၱဟာ ျငီးေငြ႕သြားတယ္။
ေမတၱာဟာ မျငီးေငြ႕ဘူး။ အတၱက တစ္ခုခုကို တန္ဖိုးထားတယ္ ဆိုတာ ခဏပဲ။ သူ ခ်စ္တယ္ ဆိုတာ အမွန္ေတာ့ သူ႔ကိုယ္က်ိဳးအတြက္ပဲ။
ဒီပန္းကေလးကို ဆြဲႏုတ္ျပီးေတာ့ လက္ထဲမွာ ကိုင္ထားျပီးေတာ့ ၾကာရင္ သူ လႊတ္ပစ္မွာပဲေနာ္။
ႏႈတ္လိုက္တ့ဲ ပန္းကေလးဟာ ဘယ္ေလာက္ၾကာၾကာလန္းဆန္းေနမလဲ •••
ႏြမ္းသြားရင္ သူ သိမ္းထားအံုးမွာလား •••
မသိမ္းထားဘူး။ သူ လႊတ္ပစ္မွာပဲ။ အတၱစိတ္က သူ႔အလို ခဏ ျပည့္ဖို႔ ကိုပဲ အေလးထားတယ္။
တစ္ဖက္သား ပ်က္စီးသြားတာကို ဂရုမစိုက္ဘူး။
အတၱဟာ ဖ်က္ဆီးခ်င္တ့ဲ သေဘာရွိတယ္။
သူ႔ရပ္တည္ရာ ျမဲဖို႔ သူတစ္ပါးကို ေနရာဖယ္ခ်င္တယ္။
အတၱမရွိရင္ ဘယ္သူ႔ကိုမွ မဖ်က္ဆီးခ်င္ဘူး။
အတၱမရွိရင္ အရာရာတိုင္းကို ပိုျပီးေတာ့ တန္ဖိုးထားတယ္။
ပိုျပီး သနားတတ္တယ္။ ပိုျပီး ခ်စ္တတ္တယ္။
ပိုျပီး ေလးစားတတ္တယ္။
ဆရာေတာ္ ဦးေဇာတိက ( မဟာၿမိဳင္ ေတာရ )
” အလွတရားမွ အမွန္တရားသို႔ ” စာအုပ္မွ