ကောင်းအောင်ပြင်ဖို့အတွက် အလေးထားစရာ သုံးမျိုး မှတ်ထားရမယ်
ကောင်းအောင်ပြင်ဖို့အတွက် အလေးထားစရာ သုံးမျိုး မှတ်ထားရမယ်။
မြတ်စွာဘုရားက ဟောထားတယ်။
နံပါတ်(၁)။ကိုယ့်ကိုကိုယ် အလေးထားပြီးတော့ စဉ်းစားဆင်ခြင်ရမယ်။
နံပါတ်(၂)။ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို အလေးထားပြီးတော့ ဆင်ခြင်တတ်ရမယ်။
နံပါတ်(၃)။တရားဓမ္မကို အလေးထားပြီးတော့ဆင်ခြင်သုံးသပ်တတ်ရမယ်။
ကိုယ့်ကိုကိုယ် အလေးထားတယ်ဆိုတာ ဘယ်လိုဟာကို ပြောတာလဲ?
မြတ်စွာဘုရားက ဟောတယ်။
“အတ္တာနံ ယေဝ အဓိပတိံ ကတွာ” ကိုယ့်ကိုကိုယ် အလေးထား ပြီးတော့
“အကုသလံ ပဇာဟတိ၊ ကုသလံ ဘာဝေတိ”အကုသိုလ်တွေ ဖယ်ရှားဖို့ ကြိုးစားတယ်။
ကုသိုလ်တွေ တိုးတက်လာအောင် ကြိုးစားတယ်တဲ့။
ဒါဟာ ကိုယ့်ကိုကိုယ် အလေးထားတာ။ ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
မြတ်စွာဘုရားက ဟောတယ်။