မစင်ဆိုတာ အမြန်ဖုံးပစ်၊ အမြန်ရှင်းပစ်ရတယ်

မစင်ဆိုတာ အမြန်ဖုံးပစ်၊ အမြန်ရှင်းပစ်ရတယ်

သီတဂူဆရာတော်ကြီးရဲ့အင်တာဗျူး ဗွီဒီယို ကလစ်လေးကို ကြည့်ရင်း ဆရာတော်ကြီး ဖြေသွားတာလေး သဘောကျမိပါတယ်။

သတင်းထောက် “အရှင်ဘုရား အပြင်မှာထွက်နေတဲ့ ကောလဟာလတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲဘုရား?”

ဆရာတော်ကြီး “ကောလဟာလဆိုတာ အမှန်မဟုတ်တဲ့အတွက် ဘာမှအထွေအထူး ပြောစရာ မရှိဘူး။ ကောလဟာလတွေနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှအရေးတယူ လုပ်မနေပါနဲ့။ မဟုတ်တဲ့အရာတွေကို အရေးတယူလုပ်နေရင် မဟုတ်တာတွေ ပိုပြီးပြန့်နေတာပဲ အဖတ်တင်မှာပေါ့။ မစင်ပုံဆိုတာ မြန်မြန်ဖုံး၊ မြန်မြန်ရှင်းပစ်ရတယ်။ အဲလိုမလုပ်ဘဲ မစင်ပုံကို တုတ်နဲ့ထိုးပြီး ဆွနေလို့ကတော့ အနံ့ပိုပြီး နံတာပဲ ရှိမှာပေါ့” တဲ့။

ကောင်းလိုက်တဲ့ ဆရာတော်ကြီးရဲ့အဖြေပါ။ ဒီနေ့ လောကမှာ အဲလို မဟုတ်တဲ့ အရာတွေ၊ ကောလဟာလဖြစ်တဲ့ အရာတွေကို အရေးတယူလုပ်ပြီး ဖွနေတာတွေ၊ ဖြန့်နေတာတွေ၊ အပုတ်ချနေတာတွေ အတော်များပါတယ်။ အခြေအမြစ်မရှိ၊ ခိုင်မာမှုမရှိတဲ့ အရာတွေကို လိုက်ခံစား၊ လိုက်ယူပြီး ပြန်လည်ဖွနေကြတဲ့အတွက် ကိုယ်လည်းစိတ်မချမ်းမသာဖြစ်၊ မြင်ရကြားရ သိရတဲ့သူတွေမှာလည်း အပြစ်တွေ ဖြစ်နေကြတော့တာပါ။

တကယ်ဆိုရင် ကိုယ်ပိုင်အသိလေးနဲ့ စဉ်းစားပြီး မမှန်မှန်းသိရင်၊ မဟုတ်မှန်းသိရင်၊ အခြေအမြစ် မရှိမှန်းသိရင် မစင်တုတ်နဲ့ဆွသလို ဆွမနေဘဲ မြန်မြန်ဖယ်ထုတ်ပစ်၊ မြန်မြန်မေ့ပျောက်ပစ်၊ အမှန်တရားနဲ့ ဖုံးလွှမ်ပစ်ရမှာပါ။ အဲဒါမှ ကိုယ်လည်းအကျိုးရှိ၊ အများလည်း အကျိုးရှိမှာဖြစ်ပါတယ်။

ဘယ်အရာပဲ ဖြစ်ဖြစ် မိမိသူတပါး အကျိုးမများရင် အမြန်ရှင်းပစ်တာ အကောင်းဆုံးပါပဲ။

မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ

မစင္ဆုိတာ အျမန္ဖုံးပစ္၊ အျမန္ရွင္းပစ္ရတယ္

သီတဂူဆရာေတာ္ႀကီးရဲ ့အင္တာဗ်ဴး ဗီြဒီယို ကလစ္ေလးကုိ ၾကည့္ရင္း ဆရာေတာ္ႀကီး ေျဖသြားတာေလး သေဘာက်မိပါတယ္။

သတင္းေထာက္ >> “အရွင္ဘုရား အျပင္မွာထြက္ေနတဲ့ ေကာလဟာလေတြနဲ႔ ပတ္သက္ၿပီး ဘယ္လုိျမင္ပါသလဲဘုရား?”

ဆရာေတာ္ႀကီး>> “ေကာလဟာလဆုိတာ အမွန္မဟုတ္တဲ့အတြက္ ဘာမွအေထြအထူး ေျပာစရာ မရွိဘူး။ ေကာလဟာလေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဘာမွအေရးတယူ လုပ္မေနပါနဲ႔။ မဟုတ္တဲ့အရာေတြကုိ အေရးတယူလုပ္ေနရင္ မဟုတ္တာေတြ ပုိၿပီးျပန္႔ေနတာပဲ အဖတ္တင္မွာေပါ့။ မစင္ပုံဆုိတာ ျမန္ျမန္ဖုံး၊ ျမန္ျမန္ရွင္းပစ္ရတယ္။ အဲလုိမလုပ္ဘဲ မစင္ပုံကုိ တုတ္နဲ႔ထုိးၿပီး ဆြေနလုိ႔ကေတာ့ အနံ႔ပုိၿပီး နံတာပဲ ရွိမွာေပါ့” တဲ့။

ေကာင္းလုိက္တဲ့ ဆရာေတာ္ႀကီးရဲ ့အေျဖပါ။ ဒီေန႔ ေလာကမွာ အဲလုိ မဟုတ္တဲ့ အရာေတြ၊ ေကာလဟာလျဖစ္တဲ့ အရာေတြကုိ အေရးတယူလုပ္ၿပီး ဖြေနတာေတြ၊ ျဖန္႔ေနတာေတြ၊ အပုတ္ခ်ေနတာေတြ အေတာ္မ်ားပါတယ္။ အေျခအျမစ္မရွိ၊ ခုိင္မာမႈမရွိတဲ့ အရာေတြကုိ လုိက္ခံစား၊ လုိက္ယူၿပီး ျပန္လည္ဖြေနၾကတဲ့အတြက္ ကုိယ္လည္းစိတ္မခ်မ္းမသာျဖစ္၊ ျမင္ရၾကားရ သိရတဲ့သူေတြမွာလည္း အျပစ္ေတြ ျဖစ္ေနၾကေတာ့တာပါ။

တကယ္ဆုိရင္ ကုိယ္ပုိင္အသိေလးနဲ႔ စဥ္းစားၿပီး မမွန္မွန္းသိရင္၊ မဟုတ္မွန္းသိရင္၊ အေျခအျမစ္ မရွိမွန္းသိရင္ မစင္တုတ္နဲ႔ဆြသလုိ ဆြမေနဘဲ ျမန္ျမန္ဖယ္ထုတ္ပစ္၊ ျမန္ျမန္ေမ့ေပ်ာက္ပစ္၊ အမွန္တရားနဲ႔ ဖုံးလႊမ္ပစ္ရမွာပါ။ အဲဒါမွ ကုိယ္လည္းအက်ိဳးရွိ၊ အမ်ားလည္း အက်ိဳးရွိမွာျဖစ္ပါတယ္။

ဘယ္အရာပဲ ျဖစ္ျဖစ္ မိမိသူတပါး အက်ိဳးမမ်ားရင္ အျမန္ရွင္းပစ္တာ အေကာင္းဆုံးပါပဲ။

ေမတၱာျဖင့္

မနာပဒါယီ အရွင္ဝိစိတၱ