ဘဝဆိုတဲ့ လှေခါးကိုစတင်လှမ်းတဲ့ အခါရိုးသားခြင်း ဆိုတဲ့ဖိနပ်လေး ရှိနေမှ
ကိုယ်လျှောက်လိုက်တဲ့ခြေလှမ်းတိုင်းက လိပ်ပြာသန့်နေမှာပါ။
ဆင်းရဲသည်၊ချမ်းသာသည်ကရှေ့ဘဝက ကံ၏အကျိုးဆိုလျှင်
ယခုဘဝမှာ ကိုယ်ပြုသမျှကောင်းသည် ဆိုးသည်က နောင်ဘဝအတွက်အကြောင်းတရားတွေ ဖန်တီးနေခြင်းပါပဲ။
ဘယ်အခြေအနေဘယ်လိုဘဝမျိုး ဖြတ်သန်းနေရပါစေ
ရိုးသားခြင်းဆိုတဲ့ ဂုဏ်ကိုဂုဏ်ယူစွာ ထိန်းသိမ်းလိုက်ပါ။
ကောင်းတာ လုပ်ရမှာကကိုယ့်အလုပ် ဝေဖန်ကြမှာကသူများအလုပ် ဖြစ်သည့်အတွက်ကိုယ့်အလုပ် ကိုယ်လုပ်ပါ
ကိုယ်မှန်ရင် ဘယ်သူကြီးပဲဖြစ်နေပါစေရင်ဆိုင်နိူင်တဲ့ ယုံကြည်မှုရှိရင်ဘယ်သူကမှ ကိုယ်အပေါ်အကြောင်းမဲ့စော်ကားရဲမှာ မဟုတ်ဘူး။
အချိန်တန်တဲ့အခါဘယ်သူတွေက အရောင်ဆိုးနေပါစေ
ကိုယ့်ရိုးသားမှုက အရောင်ပြယ်မသွားပါဘူး ။
ကိုယ့်လိပ်ပြာ ကိုယ်လုံပြီးကိုယ့်သိက္ခာ ကိုယ်ယုံရင်
ဘယ်သူကဘယ်လို တိုက်ခိုက်ပါစေကိုယ့်တန်ဖိုးကတော့ ဘယ်တော့မှကျမသွားပါဘူး အဓိကကရိုးသားဖို့ပဲလိုတာပါ။
လေးစားစွာဖြင့်
MayHsu (ရာမညမြေ)
ဘဝဆိုတဲ့ ေလွခါးကိုစတင္လွမ္းတဲ့ အခါ႐ိုးသားျခင္း ဆိုတဲ့ဖိနပ္ေလး ရိွေနမွ
ကိုယ္ေလ်ွာက္လိုက္တဲ့ေျခလွမ္းတိုင္းက လိပ္ျပာသန္႔ေနမွာပါ။
ဆင္းရဲသည္၊ခ်မ္းသာသည္ကေ႐ွ႕ဘဝက ကံ၏အက်ိဳးဆိုလ်ွင္
ယခုဘဝမွာ ကိုယ္ျပဳသမ်ွေကာင္းသည္ ဆိုးသည္က ေနာင္ဘဝအတြက္အေၾကာင္းတရားေတြ ဖန္တီးေနျခင္းပါပဲ။
ဘယ္အေျခအေနဘယ္လိုဘဝမ်ိဳး ျဖတ္သန္းေနရပါေစ
႐ိုးသားျခင္းဆိုတဲ့ ဂုဏ္ကိုဂုဏ္ယူစြာ ထိန္းသိမ္းလိုက္ပါ။
ေကာင္းတာ လုပ္ရမွာကကိုယ့္အလုပ္ ေဝဖန္ၾကမွာကသူမ်ားအလုပ္ ျဖစ္သည့္အတြက္ကိုယ့္အလုပ္ ကိုယ္လုပ္ပါ
ကိုယ္မွန္ရင္ ဘယ္သူႀကီးပဲျဖစ္ေနပါေစရင္ဆိုင္ႏိူင္တဲ့ ယံုၾကည္မႈရိွရင္ဘယ္သူကမွ ကိုယ္အေပၚအေၾကာင္းမဲ့ေစာ္ကားရဲမွာ မဟုတ္ဘူး။
အခ်ိန္တန္တဲ့အခါဘယ္သူေတြက အေရာင္ဆိုးေနပါေစ
ကိုယ့္႐ိုးသားမႈက အေရာင္ျပယ္မသြားပါဘူး ။
ကိုယ့္လိပ္ျပာ ကိုယ္လံုၿပီးကိုယ့္သိကၡာ ကိုယ္ယံုရင္
ဘယ္သူကဘယ္လို တိုက္ခိုက္ပါေစကိုယ့္တန္ဖိုးကေတာ့ ဘယ္ေတာ့မွက်မသြားပါဘူး အဓိကက႐ိုးသားဖို႔ပဲလိုတာပါ။
ေလးစားစြာျဖင့္
MayHsu (ရာမညေျမ)