တခ်ို႕လူေတြ သူတို႕ခ်စ္သူ၊အိမ္ေထာင္ဖက္အေပၚ သစၥာမရွိဘဲေဖာက္ျပန္ရတဲ့အေၾကာင္းရင္း

အိမ္ေထာင္ရွင္ေတြ၊ ခ်စ္သူေတြအခ်င္းခ်င္းသစၥာမရွိ၊ေဖာက္ျပန္ၾကတာဟာ ဒီေန႕ေခတ္ၾကီးက တိုးတက္ေျပာင္းလဲလာလို႕၊ ေဖာက္ျပန္ဖို႕လြယ္ကူလာလို႕ သစၥာေဖာက္ၾကတာလို႕ေျပာတတ္ၾကပါတယ္။ တကယ္တမ္းေတာ့ လူေတြေဖာက္ျပန္တာက ေခတ္ကတိုးတက္လာလို႕၊ ေဖာက္ျပန္ဖို႕လြယ္ကူလာလို႕မဟုတ္ပါဘူး။ အဲ့ဒီေဖာက္ျပန္တဲ့သူတစ္ေယာက္ခ်င္းနဲ႕ပဲသက္ဆိုင္တာ ျဖစ္ပါတယ္။ အေျခအေနေပးတိုင္းသာေဖာက္ျပန္မယ္ဆိုရင္ တကယ္သစၥာရွိတဲ့သူေတြ ဘယ္ရွိပါေတာ့မလဲ။ လူတစ္ေယာက္ေဖာက္ျပန္တာဟာ အဲ့ဒီလူရဲ႕ကိုယ္က်င့္တရား၊ စိတ္ဓာတ္နဲ႕သာဆိုင္တာပါ။ စိတ္ပညာရွင္ေတြကေတာ့ လူေတြေဖာက္ျပန္ၾကတာဒီအခ်က္ေတြေၾကာင့္လို႕ ေျပာခဲ့ပါတယ္။

(၁) နဂိုတည္းကသစၥာရွိဖုိ႕စိတ္ကူးမရွိတာေၾကာင့္

freepik

သစၥာမရွိတဲ့သူအမ်ားစုဟာ ေနာက္မွအေျခအေနေတြေၾကာင့္ေဖာက္ျပန္ၾကတာမဟုတ္ဘဲ နဂိုတည္းက သစၥာရွိဖို႕စိတ္ကူးမရွိၾကတာပါ။ သူတို႕ေတြရဲ႕ စိတ္ထဲမွာ ကိုယ္ခ်စ္တဲ့သူအေပၚ တစ္သက္လံုးသစၥာရွိမယ္လို႕ မေတြးထားၾကပါဘူး။ ဒါေၾကာင့္ အခြင့္အေရးရတာနဲ႕ ေဖာက္ျပန္ေတာ့တာပါပဲ။

(၂) သူဟာတစ္ေယာက္တည္းအတြက္မဟုတ္ဘူးလို႕ စိတ္ၾကီးဝင္ေနတာေၾကာင့္

တခ်ိဳ႕သူေတြကေတာ့ သူတို႕ဟာ သူတို႕ခ်စ္သူ၊ဇနီး၊ခင္ပြန္း စတဲ့သူေတြတစ္ေယာက္တည္းအတြက္မဟုတ္ဘဲ တျခားေသာသူေတြနဲ႕လည္း သက္ဆိုင္ခြင့္ရွိတယ္၊ လူေတြအမ်ားၾကီးနဲ႕ပတ္သက္ဖို႕ ထိုက္တန္တယ္လို႕ စိတ္ၾကီးဝင္ေနတတ္ပါတယ္။ ဒီလိုစိတ္မ်ိဳးရွိတဲ့သူေတြက ေဖာက္ျပန္ဖို႕မ်ားတဲ့သူေတြျဖစ္ပါတယ္။

(၃) သစၥာရွိျခင္းရဲ႕တန္ဖိုးကိုနားမလည္တာေၾကာင့္

freepik

သစၥာရွိတာက ကိုယ့္ရဲ႕ကိုယ္က်င့္သိကၡာကို တန္ဖိုးထားျခင္း၊ ကိုယ့္သိကၡာကိုထိန္းသိမ္းျခင္းဆိုတာကို မသိဘဲ ေဖာက္ျပန္တာက ကိုယ့္ကိုယ္ကိုတန္ဖိုးခ်တယ္လို႕မထင္ဘဲ ကိုယ့္ကိုယ္ကိုဟုတ္လွျပီလို႕ထင္ေနတာေၾကာင့္၊ သစၥာရွိျခင္းရဲ႕တန္ဖိုးကိုနားမလည္ျခင္းေၾကာင့္ ေဖာက္ျပန္ၾကျခင္းျဖစ္ပါတယ္။

(၄) လိမ္ညာရတာကိုစြဲလန္းေနတာေၾကာင့္

တခ်ို႕သူေတြက ဘာမဟုတ္တာေလးကအစ လိမ္ညာတတ္ျပီး အဲ့လိုလိမ္ညာရတာကို အက်င့္ျဖစ္စြဲလန္းေနတတ္ပါတယ္။ အဲ့ဒါေၾကာင့္ သူတို႕ခ်စ္သူ၊ အိမ္ေထာင္ဖက္အေပၚမွာလည္း အျမဲတေစလိမ္ညာေနျပီး သူတို႕မသိေအာင္ေဖာက္ျပန္ေနတတ္ပါတယ္။ ေဖာက္ျပန္တဲ့သူအမ်ားစုဟာ လိမ္ညာရတာကိုစြဲလန္းလို႕ေဖာက္ျပန္တဲ့သူေတြျဖစ္ပါတယ္။

(၅) အသိဉာဏ္နိမ့္က်ျခင္းေၾကာင့္

freepik

နံပါတ္(၃) မွာေျပာခဲ့သလိုပါပဲ ၊ သစၥာရွိျခင္းရဲ႕တန္ဖိုးကိုနားမလည္ျခင္းကေဖာက္ျပန္မႈကို က်ူးလြန္ေစပါတယ္။ ဒီလိုနားမလည္ဘူးဆိုတာကလည္း အသိဉာဏ္နိမ့္က်လို႕ျဖစ္ပါတယ္။ ဉာဏ္ရည္နိမ့္တာမွ ရိုးသားမႈကိုတန္ဖိုးထားရေကာင္းမွန္းမသိ၊ ကိုယ့္ရဲ႕ခ်စ္သူ၊ လက္တြဲေဖာ္အေပၚမွာေတာင္မွ ရိုးသားဖို႕အသိဉာဏ္မရွိတဲ့အထိ ဉာဏ္ရည္နည္းပါးလြန္းလို႕ ေဖာက္ျပန္မႈကို က်ဴးလြန္တာျဖစ္ပါတယ္။

written by PP

အိမ်ထောင်ရှင်တွေ၊ ချစ်သူတွေအချင်းချင်းသစ္စာမရှိ၊ဖောက်ပြန်ကြတာဟာ ဒီနေ့ခေတ်ကြီးက တိုးတက်ပြောင်းလဲလာလို့၊ ဖောက်ပြန်ဖို့လွယ်ကူလာလို့ သစ္စာဖောက်ကြတာလို့ပြောတတ်ကြပါတယ်။ တကယ်တမ်းတော့ လူတွေဖောက်ပြန်တာက ခေတ်ကတိုးတက်လာလို့၊ ဖောက်ပြန်ဖို့လွယ်ကူလာလို့မဟုတ်ပါဘူး။ အဲ့ဒီဖောက်ပြန်တဲ့သူတစ်ယောက်ချင်းနဲ့ပဲသက်ဆိုင်တာ ဖြစ်ပါတယ်။ အခြေအနေပေးတိုင်းသာဖောက်ပြန်မယ်ဆိုရင် တကယ်သစ္စာရှိတဲ့သူတွေ ဘယ်ရှိပါတော့မလဲ။ လူတစ်ယောက်ဖောက်ပြန်တာဟာ အဲ့ဒီလူရဲ့ကိုယ်ကျင့်တရား၊ စိတ်ဓာတ်နဲ့သာဆိုင်တာပါ။ စိတ်ပညာရှင်တွေကတော့ လူတွေဖောက်ပြန်ကြတာဒီအချက်တွေကြောင့်လို့ ပြောခဲ့ပါတယ်။

(၁) နဂိုတည်းကသစ္စာရှိဖို့စိတ်ကူးမရှိတာကြောင့်

သစ္စာမရှိတဲ့သူအများစုဟာ နောက်မှအခြေအနေတွေကြောင့်ဖောက်ပြန်ကြတာမဟုတ်ဘဲ နဂိုတည်းက သစ္စာရှိဖို့စိတ်ကူးမရှိကြတာပါ။ သူတို့တွေရဲ့ စိတ်ထဲမှာ ကိုယ်ချစ်တဲ့သူအပေါ် တစ်သက်လုံးသစ္စာရှိမယ်လို့ မတွေးထားကြပါဘူး။ ဒါကြောင့် အခွင့်အရေးရတာနဲ့ ဖောက်ပြန်တော့တာပါပဲ။

(၂) သူဟာတစ်ယောက်တည်းအတွက်မဟုတ်ဘူးလို့ စိတ်ကြီးဝင်နေတာကြောင့်

တချို့သူတွေကတော့ သူတို့ဟာ သူတို့ချစ်သူ၊ဇနီး၊ခင်ပွန်း စတဲ့သူတွေတစ်ယောက်တည်းအတွက်မဟုတ်ဘဲ တခြားသောသူတွေနဲ့လည်း သက်ဆိုင်ခွင့်ရှိတယ်၊ လူတွေအများကြီးနဲ့ပတ်သက်ဖို့ ထိုက်တန်တယ်လို့ စိတ်ကြီးဝင်နေတတ်ပါတယ်။ ဒီလိုစိတ်မျိုးရှိတဲ့သူတွေက ဖောက်ပြန်ဖို့များတဲ့သူတွေဖြစ်ပါတယ်။

(၃) သစ္စာရှိခြင်းရဲ့တန်ဖိုးကိုနားမလည်တာကြောင့်

သစ္စာရှိတာက ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားခြင်း၊ ကိုယ့်သိက္ခာကိုထိန်းသိမ်းခြင်းဆိုတာကို မသိဘဲ ဖောက်ပြန်တာက ကိုယ့်ကိုယ်ကိုတန်ဖိုးချတယ်လို့မထင်ဘဲ ကိုယ့်ကိုယ်ကိုဟုတ်လှပြီလို့ထင်နေတာကြောင့်၊ သစ္စာရှိခြင်းရဲ့တန်ဖိုးကိုနားမလည်ခြင်းကြောင့် ဖောက်ပြန်ကြခြင်းဖြစ်ပါတယ်။

(၄) လိမ်ညာရတာကိုစွဲလန်းနေတာကြောင့်

တချို့သူတွေက ဘာမဟုတ်တာလေးကအစ လိမ်ညာတတ်ပြီး အဲ့လိုလိမ်ညာရတာကို အကျင့်ဖြစ်စွဲလန်းနေတတ်ပါတယ်။ အဲ့ဒါကြောင့် သူတို့ချစ်သူ၊ အိမ်ထောင်ဖက်အပေါ်မှာလည်း အမြဲတစေလိမ်ညာနေပြီး သူတို့မသိအောင်ဖောက်ပြန်နေတတ်ပါတယ်။ ဖောက်ပြန်တဲ့သူအများစုဟာ လိမ်ညာရတာကိုစွဲလန်းလို့ဖောက်ပြန်တဲ့သူတွေဖြစ်ပါတယ်။

(၅) အသိဉာဏ်နိမ့်ကျခြင်းကြောင့်

နံပါတ်(၃) မှာပြောခဲ့သလိုပါပဲ ၊ သစ္စာရှိခြင်းရဲ့တန်ဖိုးကိုနားမလည်ခြင်းကဖောက်ပြန်မှုကို ကျူးလွန်စေပါတယ်။ ဒီလိုနားမလည်ဘူးဆိုတာကလည်း အသိဉာဏ်နိမ့်ကျလို့ဖြစ်ပါတယ်။ ဉာဏ်ရည်နိမ့်တာမှ ရိုးသားမှုကိုတန်ဖိုးထားရကောင်းမှန်းမသိ၊ ကိုယ့်ရဲ့ချစ်သူ၊ လက်တွဲဖော်အပေါ်မှာတောင်မှ ရိုးသားဖို့အသိဉာဏ်မရှိတဲ့အထိ ဉာဏ်ရည်နည်းပါးလွန်းလို့ ဖောက်ပြန်မှုကို ကျူးလွန်တာဖြစ်ပါတယ်။

written by PP