အငယ္ဆံုးသားသမီးေတြက ဘဝမွာပိုေအာင္ျမင္ရတဲ့အေၾကာင္းရင္း(၅)ခ်က္

အိမ္တစ္အိမ္ရဲ႕အငယ္ဆံုးကေလးေတြဟာ သြက္လက္ဖ်တ္လတ္ျပီး တစ္အိမ္သားလံုးရဲ႕အခ်စ္ေတြကို သိမ္းပိုက္ထားတဲ့ အိမ္ရဲ႕ဆည္းလည္းေလးေတြျဖစ္ပါတယ္။ အဖိုး၊အဖြားေတြ၊ မိဘေတြ၊ အစ္ကိုေတြအစ္မေတြရဲ႕ အခ်စ္ဆံုးျဖစ္တဲ့ အငယ္ဆံုးေတြက ဘဝမွာတျခားသူေတြထက္ ပိုျပီးေအာင္ျမင္နိုင္တယ္လို႕ ေလ့လာမႈေတြကေန သိရပါတယ္။ အေၾကာင္းရင္းေတြကေတာ့ ….

(၁) အငယ္ဆံုးေတြက ရဲရင့္တယ္

freepik

အငယ္ဆံုးေတြက စြန္႕စားရတာၾကိုက္တဲ့သူေတြျဖစ္ျပီး တျခားေမြးခ်င္းေတြထက္ပိုရဲရင့္ပါတယ္။ သူတို႕ေတြတစ္ခုခုလုပ္ခ်င္ျပီဆိုရင္ ဘာျဖစ္သြားမလဲဆိုျပီး စိုးရိမ္ေၾကာက္ရြံ႕တာေတြမရွိ၊ တြန္႕ဆုတ္မႈမရွိဘဲ ဆံုးျဖတ္ခ်က္ခ်ျပီးလုပ္ရဲတဲ့သူေတြျဖစ္ပါတယ္။ ဒီလို ရဲရင့္တဲ့စိတ္ဓာတ္က သူတိုု႕ကိုတျခားသူေတြထက္ပိုေအာင္ျမင္ေစပါတယ္။

(၂) အေကာင္းျမင္စိတ္ရွိျပီး ဟာသဉာဏ္ပိုေကာင္းတယ္

အငယ္ဆံုးေလးေတြဟာ စြန္႕စားတတ္ျပီးရဲရင့္သလို အေကာင္းျမင္စိတ္နဲ႕ဟာသဉာဏ္လည္းပိုရွိတဲ့သူေတြပါ။ အရာရာကိုအေကာင္းဘက္က လွည့္ေတြးတတ္တာေၾကာင့္ စိတ္ညစ္တာ၊ စိတ္ဓာတ္က်တာေတြျဖစ္ခဲျပီး အျမဲလိုလိုလန္္းဆန္းတက္ၾကြေနတတ္ပါတယ္။ ဒီေတာ့ သူတို႕ေတြလုပ္ရမယ့္တာဝန္ေတြအေပၚမွာ အာရံုစူးစိုက္မႈပိုေကာင္းပါတယ္။

(၃) စိတ္တည္ျငိမ္လြယ္တယ္

freepik

စိတ္လႈပ္ရွားစရာတစ္ခုခုျဖစ္လာတဲ့အခါ စိတ္တည္ျငိမ္ဖို႕ အခ်ိန္အမ်ားၾကီးယူစရာမလိုဘဲ ခဏအတြင္းစိတ္တည္ျငိမ္နိုင္ပါတယ္။ ဒီအခ်က္ကလည္း သူတို႕ကို အလုပ္မွာသူမ်ားထက္ပိုသာေစပါတယ္။

(၄) ေပါင္းသင္းဆက္ဆံေရးေကာင္းတယ္

အငယ္ဆံုးေတြက သူငယ္ခ်င္းဖြဲ႕တဲ့ေနရာမွာ ေတာ္ၾကပါတယ္။ ဘယ္လိုလူကိုဘယ္လိုေပါင္းရမလဲဆိုတာ နားလည္ၾကတာမို႕ ဒီအခ်က္ကလည္း သူတို႕ရဲ႕ေအာင္ျမင္မႈအတြက္ အေထာက္အပံ့ျဖစ္ေစပါတယ္။

(၅) ဖန္တီးနိုင္စြမ္းပိုေကာင္းတယ္

freepik

သူတို႕ေတြဟာ တျခားသူေတြထက္ပိုျပီးေတာ့ စူးစမ္းလိုစိတ္ပိုမ်ားတယ္၊ စပ္စုၾကပါတယ္။ ဒီအခ်က္ကပဲ သူတို႕ကို သူမ်ားထက္ပိုျမင္တတ္တဲ့သူေလးေတြျဖစ္ေစျပီး ဖန္တီးနိုင္စြမ္းတိုးတက္ေစပါတယ္။ ဖန္တီးနိုင္စြမ္းေကာင္းတဲ့သူေတြက ဘဝမွာပိုေအာင္ျမင္ၾကတာေၾကာင့္ အငယ္ဆံုးသားသမီးေတြက တျခားသူေတြထက္ ေအာင္ျမင္နိုင္ေခ်ပိုမ်ားတယ္ဆိုတာ ျငင္းလို႕မရတဲ့အခ်က္ပါပဲ။

written by PP

အိမ်တစ်အိမ်ရဲ့အငယ်ဆုံးကလေးတွေဟာ သွက်လက်ဖျတ်လတ်ပြီး တစ်အိမ်သားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ အိမ်ရဲ့ဆည်းလည်းလေးတွေဖြစ်ပါတယ်။ အဖိုး၊အဖွားတွေ၊ မိဘတွေ၊ အစ်ကိုတွေအစ်မတွေရဲ့ အချစ်ဆုံးဖြစ်တဲ့ အငယ်ဆုံးတွေက ဘဝမှာတခြားသူတွေထက် ပိုပြီးအောင်မြင်နိုင်တယ်လို့ လေ့လာမှုတွေကနေ သိရပါတယ်။ အကြောင်းရင်းတွေကတော့ ….

(၁) အငယ်ဆုံးတွေက ရဲရင့်တယ်

အငယ်ဆုံးတွေက စွန့်စားရတာကြိုက်တဲ့သူတွေဖြစ်ပြီး တခြားမွေးချင်းတွေထက်ပိုရဲရင့်ပါတယ်။ သူတို့တွေတစ်ခုခုလုပ်ချင်ပြီဆိုရင် ဘာဖြစ်သွားမလဲဆိုပြီး စိုးရိမ်ကြောက်ရွံ့တာတွေမရှိ၊ တွန့်ဆုတ်မှုမရှိဘဲ ဆုံးဖြတ်ချက်ချပြီးလုပ်ရဲတဲ့သူတွေဖြစ်ပါတယ်။ ဒီလို ရဲရင့်တဲ့စိတ်ဓာတ်က သူတို့ကိုတခြားသူတွေထက်ပိုအောင်မြင်စေပါတယ်။

(၂) အကောင်းမြင်စိတ်ရှိပြီး ဟာသဉာဏ်ပိုကောင်းတယ်

အငယ်ဆုံးလေးတွေဟာ စွန့်စားတတ်ပြီးရဲရင့်သလို အကောင်းမြင်စိတ်နဲ့ဟာသဉာဏ်လည်းပိုရှိတဲ့သူတွေပါ။ အရာရာကိုအကောင်းဘက်က လှည့်တွေးတတ်တာကြောင့် စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာတွေဖြစ်ခဲပြီး အမြဲလိုလိုလန်းဆန်းတက်ကြွနေတတ်ပါတယ်။ ဒီတော့ သူတို့တွေလုပ်ရမယ့်တာဝန်တွေအပေါ်မှာ အာရုံစူးစိုက်မှုပိုကောင်းပါတယ်။

(၃) စိတ်တည်ငြိမ်လွယ်တယ်

စိတ်လှုပ်ရှားစရာတစ်ခုခုဖြစ်လာတဲ့အခါ စိတ်တည်ငြိမ်ဖို့ အချိန်အများကြီးယူစရာမလိုဘဲ ခဏအတွင်းစိတ်တည်ငြိမ်နိုင်ပါတယ်။ ဒီအချက်ကလည်း သူတို့ကို အလုပ်မှာသူများထက်ပိုသာစေပါတယ်။

(၄) ပေါင်းသင်းဆက်ဆံရေးကောင်းတယ်

အငယ်ဆုံးတွေက သူငယ်ချင်းဖွဲ့တဲ့နေရာမှာ တော်ကြပါတယ်။ ဘယ်လိုလူကိုဘယ်လိုပေါင်းရမလဲဆိုတာ နားလည်ကြတာမို့ ဒီအချက်ကလည်း သူတို့ရဲ့အောင်မြင်မှုအတွက် အထောက်အပံ့ဖြစ်စေပါတယ်။

(၅) ဖန်တီးနိုင်စွမ်းပိုကောင်းတယ်

သူတို့တွေဟာ တခြားသူတွေထက်ပိုပြီးတော့ စူးစမ်းလိုစိတ်ပိုများတယ်၊ စပ်စုကြပါတယ်။ ဒီအချက်ကပဲ သူတို့ကို သူများထက်ပိုမြင်တတ်တဲ့သူလေးတွေဖြစ်စေပြီး ဖန်တီးနိုင်စွမ်းတိုးတက်စေပါတယ်။ ဖန်တီးနိုင်စွမ်းကောင်းတဲ့သူတွေက ဘဝမှာပိုအောင်မြင်ကြတာကြောင့် အငယ်ဆုံးသားသမီးတွေက တခြားသူတွေထက် အောင်မြင်နိုင်ချေပိုများတယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ပါပဲ။

written by PP