စိတ္ပင္ပန္းလြန္းလို႕ ငိုခ်င္စိတ္ျဖစ္လာတဲ့အခါ အားရပါးရသာငိုခ်လိုက္ပါ

ငိုတာဟာေပ်ာ့ညံ့တဲ့လကၡဏာတစ္ခုလို႕ လူေတြက ေျပာတတ္ၾကပါတယ္။ ဒါေၾကာင့္ ငိုခ်င္လာရင္ မငိုဘဲနဲ႕ငိုခ်င္တဲ့စိတ္ကို အတင္းၾကိတ္မွိတ္ေဖ်ာက္ပစ္တတ္ၾကျပီး ငိုရင္လည္း လူမသိေအာင္ ၾကိတ္ငိုတတ္ၾကပါတယ္။ တကယ္ေတာ့ ငိုတာဟာ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ျဖစ္စဉ္တစ္ခုျဖစ္ျပီး က်န္းမာေရးအရလည္း အက်ိဳးေက်းဇူးေတြအမ်ားၾကီးရွိပါတယ္။ ဒါေၾကာင့္ စိတ္ပင္ပန္းလို႕ငိုခ်င္လာရင္ ငိုခ်င္စိတ္ကိုအတင္းၾကိတ္မွိတ္မထားဘဲ အားပါးတရသာငိုခ်လိုက္ပါ။

အားရပါးရငိုေၾကြးျခင္းက ခႏၶာကိုယ္ထဲကအဆိပ္အေတာက္ေတြကင္းေစတယ္

ငိုလိုက္တဲ့အခါ ခႏၶာကိုယ္ထဲက cortisol ပမာဏကိုေလွ်ာ့ခ်ေပးလိုက္တာ ေသြးထဲမွာစုေဝးေနတဲ့အဆိပ္အေတာက္ေတြကို ဖယ္ရွားလိုက္သလိုျဖစ္သြားေစပါတယ္။ ဒါေၾကာင့္ အားရပါးရငိုလိုက္တဲ့အခါ မ်က္လံုးကိုၾကည္လင္ေစျပီး ခႏၶာကိုယ္ကေပါ့ပါးသြက္လက္သြားေစပါတယ္။

freepik

ေသြးတိုးမျဖစ္ေအာင္တားဆီးေပးတယ္

cortisol ပမာဏကိုေလွ်ာ့ခ်ေပးျပီး ေသြးလွည့္ပတ္မႈကိုေကာင္းမြန္ေစတာေၾကာင့္ ေသြးဖိအားကိုပံုမွန္ျဖစ္ေစတာေၾကာင့္ ေသြးတိုးေရာဂါမျဖစ္ေအာင္ တားဆီးေပးပါတယ္။

စိတ္ဖိစီးမႈေတြကိုေလွ်ာ့ခ်ေပးတယ္

ငိုလို္က္တဲ့အခါ စိတ္ဖိစီးမႈကိုျဖစ္ေစတဲ့ cortisol hormone ကို ပ်က္စီးသြားေစတာေၾကာင့္ စိတ္ကိုၾကည္လင္ေစပါတယ္။ စိတ္ေတြအရမ္းပင္ပန္းျပီး တင္းၾကပ္လာတဲ့အခါ ငိုလိုက္ရံုနဲ႕ ေနလို႕ေကာင္းသြားမွာပါ။

အတြင္းစိတ္ထဲကနာက်င္မႈေတြကိုသက္သာေစတယ္

freepik

လူတိုင္းမွာစိတ္ခံစားခ်က္ေတြ၊ နာက်င္မႈေတြရွိပါတယ္။ ဒီအရာေတြကို ဘဝတေလွ်ာက္လံုးသိမ္းဆည္းသြားရင္ ကိုယ္ပဲပင္ပန္းေလးလံရျပီး ၾကာလာတဲ့အခါ စိတ္ဒဏ္ရာျဖစ္သြားတတ္ပါတယ္။ နာက်င္မႈေတြက စိတ္ဒဏ္ရာအျဖစ္ကိုမေရာက္သြားေအာင္ စိတ္ပင္ပန္းလာတဲ့အခါ ငိုလိုက္ပါ။ ဒါဆို စိတ္ဒဏ္ရာေတြမျဖစ္ေအာင္ တားဆီးထားျပီးသားျဖစ္သြားပါလိမ့္မယ္။

အာရံုစူးစိုက္မႈအားေကာင္းလာေစတယ္

အားပါးတရငိုခ်လိုက္တဲ့အခါ စိတ္ထဲမွာရႈပ္ေထြးေနတာေတြ၊ ပင္ပန္းမြန္းၾကပ္ေနတာေတြ လံုးဝေလ်ာ့ပါးသြားျပီး ေနလို႕ေကာင္းသြားေစပါတယ္။ ဒီေတာ့ ေနရတာေပါ့ပါးလာျပီး အာရံုစူးစိုက္မႈပိုေကာင္းေစျပီး အလုပ္ခြင္မွာ၊ ေန႕စဉ္ဘဝမွာ ပိုအဆင္ေျပေစပါလိမ့္မယ္။

written by PP

ငိုတာဟာပျော့ညံ့တဲ့လက္ခဏာတစ်ခုလို့ လူတွေက ပြောတတ်ကြပါတယ်။ ဒါကြောင့် ငိုချင်လာရင် မငိုဘဲနဲ့ငိုချင်တဲ့စိတ်ကို အတင်းကြိတ်မှိတ်ဖျောက်ပစ်တတ်ကြပြီး ငိုရင်လည်း လူမသိအောင် ကြိတ်ငိုတတ်ကြပါတယ်။ တကယ်တော့ ငိုတာဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ကျန်းမာရေးအရလည်း အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ ဒါကြောင့် စိတ်ပင်ပန်းလို့ငိုချင်လာရင် ငိုချင်စိတ်ကိုအတင်းကြိတ်မှိတ်မထားဘဲ အားပါးတရသာငိုချလိုက်ပါ။

အားရပါးရငိုကြွေးခြင်းက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကင်းစေတယ်

ငိုလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက cortisol ပမာဏကိုလျှော့ချပေးလိုက်တာ သွေးထဲမှာစုဝေးနေတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားလိုက်သလိုဖြစ်သွားစေပါတယ်။ ဒါကြောင့် အားရပါးရငိုလိုက်တဲ့အခါ မျက်လုံးကိုကြည်လင်စေပြီး ခန္ဓာကိုယ်ကပေါ့ပါးသွက်လက်သွားစေပါတယ်။

သွေးတိုးမဖြစ်အောင်တားဆီးပေးတယ်

cortisol ပမာဏကိုလျှော့ချပေးပြီး သွေးလှည့်ပတ်မှုကိုကောင်းမွန်စေတာကြောင့် သွေးဖိအားကိုပုံမှန်ဖြစ်စေတာကြောင့် သွေးတိုးရောဂါမဖြစ်အောင် တားဆီးပေးပါတယ်။

စိတ်ဖိစီးမှုတွေကိုလျှော့ချပေးတယ်

ငိုလိုက်တဲ့အခါ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ cortisol hormone ကို ပျက်စီးသွားစေတာကြောင့် စိတ်ကိုကြည်လင်စေပါတယ်။ စိတ်တွေအရမ်းပင်ပန်းပြီး တင်းကြပ်လာတဲ့အခါ ငိုလိုက်ရုံနဲ့ နေလို့ကောင်းသွားမှာပါ။

အတွင်းစိတ်ထဲကနာကျင်မှုတွေကိုသက်သာစေတယ်

လူတိုင်းမှာစိတ်ခံစားချက်တွေ၊ နာကျင်မှုတွေရှိပါတယ်။ ဒီအရာတွေကို ဘဝတလျှောက်လုံးသိမ်းဆည်းသွားရင် ကိုယ်ပဲပင်ပန်းလေးလံရပြီး ကြာလာတဲ့အခါ စိတ်ဒဏ်ရာဖြစ်သွားတတ်ပါတယ်။ နာကျင်မှုတွေက စိတ်ဒဏ်ရာအဖြစ်ကိုမရောက်သွားအောင် စိတ်ပင်ပန်းလာတဲ့အခါ ငိုလိုက်ပါ။ ဒါဆို စိတ်ဒဏ်ရာတွေမဖြစ်အောင် တားဆီးထားပြီးသားဖြစ်သွားပါလိမ့်မယ်။

အာရုံစူးစိုက်မှုအားကောင်းလာစေတယ်

အားပါးတရငိုချလိုက်တဲ့အခါ စိတ်ထဲမှာရှုပ်ထွေးနေတာတွေ၊ ပင်ပန်းမွန်းကြပ်နေတာတွေ လုံးဝလျော့ပါးသွားပြီး နေလို့ကောင်းသွားစေပါတယ်။ ဒီတော့ နေရတာပေါ့ပါးလာပြီး အာရုံစူးစိုက်မှုပိုကောင်းစေပြီး အလုပ်ခွင်မှာ၊ နေ့စဉ်ဘဝမှာ ပိုအဆင်ပြေစေပါလိမ့်မယ်။

written by PP