ကေလးေတြနားထဲကိုမေတာ္တဆတစ္ခုခုဝင္သြားတဲ့အခါ ဒီလိုထုတ္ေပးပါ

နားဆိုတာ မ်က္စိိလိုပဲ ခႏၶာကိုယ္ရဲ႕နူးညံ့တဲ့အစိတ္အပိုင္းတစ္ခုျဖစ္တာေၾကာင့္ နားထဲကိုတစ္ခုခုဝင္သြားတယ္ဆိုရင္  ေဆးရံုကို အျမန္သြားျပဖို႕ လိုပါတယ္။ ေဆးရံုသြားဖို႕မလြယ္တဲ့အခ်ိန္ ဒါမွမဟုတ္ ခ်က္ခ်င္းေျဖရွင္းဖို႕လိုလာတဲ့အခ်ိန္မွာ ေရွးဦးသူနာျပုစုနည္းနဲ႕ အိမ္မွာအျမန္ဆံုးကုသဖို႕လိုပါတယ္။ နားထဲကိုပစၥည္းတစ္ခုခု ဒါမွမဟုတ္ အေကာင္ေလးေတြဝင္တာမ်ိဳးက ကေလးေတြမွာ အျဖစ္မ်ားတာေၾကာင့္ အထူးဂရုစိုက္ရပါလိမ့္မယ္။ ကိုယ့္အိမ္မွာ မေတာ္တဆဒီလိုအျဖစ္မ်ိဳးၾကံုခဲ့တယ္ဆိုရင္ေတာ့ အခုေဖာ္ျပမယ့္နည္းေလးေတြနဲ႕ အေရးေပၚေျဖရွင္းနိုင္ပါတယ္။

freepik
  • နားထဲကို အေကာင္ေလးေတြဝင္သြားတယ္ဆိုရင္ေတာ့ နားၾကပ္တဲ့ဂြမ္းတံနဲ႕ထိုးတာမ်ိဳး၊ ဆံပင္ညွပ္တဲ့ကလစ္နဲ႕ထိုးတာမ်ိုး မလုပ္ပါနဲ႕။ နားသန္႕ေဆး ဒါမွမဟုတ္ ေနြးတယ္ဆိုရံုေလးအပူေပးထားတဲ့ သံလြင္ဆီအနည္းငယ္ကိုနားထဲထည့္လိုက္ျပီး ေခါင္းကိုုေစာင္းထားေပးလိုက္ပါ။ အေကာင္က အေပၚကိုေပၚလာတဲ့အခါ ဇာဂနာနဲ႕ဆြဲယူလိုက္ပါ။ ကေလးကအရမ္းငယ္ေသးတယ္ဆိုရင္ ဒီနည္းလမ္းကိုမသံုးပါနဲ႕ ။ ေဆးရံု၊ ေဆးခန္းေခၚသြားတာအေကာင္းဆံုးပါ။
  • နားထဲကိုအေကာင္ဝင္တာမဟုတ္ဘဲ အရာဝတၳုတစ္ခုခုဝင္တာဆိုရင္လည္း နားၾကပ္တဲ့ဂြမ္းတံ၊ဆံပင္ညွပ္တဲ့ကလစ္ေတြနဲ႕ မထိုးဘဲ ေခါင္းကိုေစာင္းျပီး ခါေပးပါ။ ဒါမွမရဘူးဆိုရင္ေတာ့ ေနြးရံုအပူေပးထားတဲ့သံလြင္ဆီအနည္းငယ္ကို နားထဲထည့္လိုက္ျပီး ေခါင္းကိုေစာင္းထားလိုက္ပါ။

ဒီနည္းလမ္းေတြနဲ႕မွမရဘူးဆိုရင္ေတာ့ ဆရာဝန္နဲ႕သြားျပတာက စိတ္ခ်ရဆံုးမို႕လို႕ ဆရာဝန္နဲ႕ျပဖို႕တိုက္တြန္းခ်င္ပါတယ္။

written by PP

နားဆိုတာ မျက်စိလိုပဲ ခန္ဓာကိုယ်ရဲ့နူးညံ့တဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် နားထဲကိုတစ်ခုခုဝင်သွားတယ်ဆိုရင် ဆေးရုံကို အမြန်သွားပြဖို့ လိုပါတယ်။ ဆေးရုံသွားဖို့မလွယ်တဲ့အချိန် ဒါမှမဟုတ် ချက်ချင်းဖြေရှင်းဖို့လိုလာတဲ့အချိန်မှာ ရှေးဦးသူနာပြုစုနည်းနဲ့ အိမ်မှာအမြန်ဆုံးကုသဖို့လိုပါတယ်။ နားထဲကိုပစ္စည်းတစ်ခုခု ဒါမှမဟုတ် အကောင်လေးတွေဝင်တာမျိုးက ကလေးတွေမှာ အဖြစ်များတာကြောင့် အထူးဂရုစိုက်ရပါလိမ့်မယ်။ ကိုယ့်အိမ်မှာ မတော်တဆဒီလိုအဖြစ်မျိုးကြုံခဲ့တယ်ဆိုရင်တော့ အခုဖော်ပြမယ့်နည်းလေးတွေနဲ့ အရေးပေါ်ဖြေရှင်းနိုင်ပါတယ်။

နားထဲကို အကောင်လေးတွေဝင်သွားတယ်ဆိုရင်တော့ နားကြပ်တဲ့ဂွမ်းတံနဲ့ထိုးတာမျိုး၊ ဆံပင်ညှပ်တဲ့ကလစ်နဲ့ထိုးတာမျိုး မလုပ်ပါနဲ့။ နားသန့်ဆေး ဒါမှမဟုတ် နွေးတယ်ဆိုရုံလေးအပူပေးထားတဲ့ သံလွင်ဆီအနည်းငယ်ကိုနားထဲထည့်လိုက်ပြီး ခေါင်းကိုစောင်းထားပေးလိုက်ပါ။ အကောင်က အပေါ်ကိုပေါ်လာတဲ့အခါ ဇာဂနာနဲ့ဆွဲယူလိုက်ပါ။ ကလေးကအရမ်းငယ်သေးတယ်ဆိုရင် ဒီနည်းလမ်းကိုမသုံးပါနဲ့ ။ ဆေးရုံ၊ ဆေးခန်းခေါ်သွားတာအကောင်းဆုံးပါ။
နားထဲကိုအကောင်ဝင်တာမဟုတ်ဘဲ အရာဝတ္ထုတစ်ခုခုဝင်တာဆိုရင်လည်း နားကြပ်တဲ့ဂွမ်းတံ၊ဆံပင်ညှပ်တဲ့ကလစ်တွေနဲ့ မထိုးဘဲ ခေါင်းကိုစောင်းပြီး ခါပေးပါ။ ဒါမှမရဘူးဆိုရင်တော့ နွေးရုံအပူပေးထားတဲ့သံလွင်ဆီအနည်းငယ်ကို နားထဲထည့်လိုက်ပြီး ခေါင်းကိုစောင်းထားလိုက်ပါ။

ဒီနည်းလမ်းတွေနဲ့မှမရဘူးဆိုရင်တော့ ဆရာဝန်နဲ့သွားပြတာက စိတ်ချရဆုံးမို့လို့ ဆရာဝန်နဲ့ပြဖို့တိုက်တွန်းချင်ပါတယ်။

written by PP