ဒီအခ်က္ေတြျဖစ္ေနရင္ သင္ဟာ စိတ္ေရာလူပါပင္ပန္းေနျပီမို႕ ခဏေလာက္အနားယူသင့္ပါတယ္

လူေတြဟာ ဘဝရည္မွန္းခ်က္ေတြကိုယ္စီရွိၾကျပီး အဲ့ဒီရည္မွန္းခ်က္ေတြေအာင္ျမင္ေအာင္ ၾကိုးစားၾကပါတယ္။ ဒါေပမယ့္ တခါတရံမွာ ဘာဆိုဘာမွမလုပ္ခ်င္၊ေရွ႕မဆက္ခ်င္ေတာ့ဘဲ ပင္ပန္းနြမ္းနယ္ေနတဲ့အခိုက္အတန္႕ေတြ ရွိတတ္ပါတယ္။ အဲ့ဒီလိုအခ်ိန္မွာ စိတ္ေရာလူပါပင္ပန္းေနတတ္ျပီး အခုလိုလကၡဏာေတြျဖစ္ေနတတ္ပါတယ္။

(၁) ရည္မွန္းခ်က္ေပ်ာက္ေနတယ္

freepik

ပံုမွန္အတိုင္းၾကိုးစားေနရင္းက ဘာအတြက္ၾကိုးစားရမွန္းမသိေတာ့ဘဲ ရည္မွန္းခ်က္ေတြေဝဝါးလာေနတယ္။ ေရွ႕ဆက္ျပီး ကိုယ္ဘာျဖစ္ခ်င္မွန္းမသိေတာ့သလို၊ ဘာမွလည္းဆက္မလုပ္ခ်င္ေတာ့တာမ်ိဳးေပါ့။ ကိုယ္လုပ္ေနတာေတြက အဓိပၸါယ္မရွိဘူးလို႕ ထင္ေနတာမ်ိဳး။ အဲ့ဒါက စိတ္ေရာလူပါပင္ပန္းေနတာေၾကာင့္ ျဖစ္ပါတယ္။

(၂) ဘာခံစားခ်က္မွမရွိဘူး

ေန႕စဉ္နဲ႕အမွ် စိတ္ခံစားခ်က္မရွိတဲ့သူတစ္ေယာာက္လိုျဖစ္ေနျပီး စိတ္လႈပ္ရွားတာ၊ ေပ်ာ္တာ၊ ဝမ္းနည္းတာေတြမရွိတဲ့သူတစ္ေယာက္လို၊ ဘာကိုမွမခံစားနိုင္တဲ့သူတစ္ေယာက္လိုျဖစ္ေနပါလိမ့္မယ္။ အဲ့ဒါကလည္း သင္ဟာ သင္ထင္ထားတာထက္အမ်ားၾကီးပင္ပန္းေနလို႕ပါ။

(၃) ထစ္ခနဲရွိစိတ္ဆိုးေနတယ္

freepik

ဘာကိုမွမခံစားနိုင္ေတာ့တဲ့သူတစ္ေယာက္လိုျဖစ္ေနေပမယ့္ စိတ္ဆိုး၊စိတ္တိုလြယ္တာေတာ့ျဖစ္ေနပါလိ္မ့္မယ္။ တစ္ေယာက္က စကားလာေျပာတာနဲ႕ စိတ္တိုေနတာမ်ိဳး၊ ဘာမွမေျပာဘဲ ၾကည့္ရံုပဲၾကည့္တာေတာင္ ေဒါသထြက္ေနတာမ်ိဳး၊ ထစ္ခနဲရွိစိတ္ဆိုးေနတာမ်ိဳးက လူတစ္ေယာက္အရမ္းပင္ပန္းေနတဲ့ လကၡဏာပဲျဖစ္ပါတယ္။

(၄) လူေတြကသင့္ကိုနားမလည္နိုင္ေအာင္ျဖစ္ေနတယ္

သင့္စိတ္ကအေျပာင္းအလဲျမန္လို႕ သင့္ေဘးနားကလူေတြက သင့္ကိုနားမလည္နိုင္တာမ်ိဳး၊ သင့္အေၾကာင္းသိခဲ့တဲ့ အနီးကပ္သူငယ္ခ်င္းေတြေတာင္ သင့္ကိုနားမလည္ေပးနိုင္ေတာ့လို႕ တစ္ေယာက္တည္းကြဲထြက္လာတဲ့အထိျဖစ္ေနတာမ်ိဳးကလည္း သင္ဟာ အနားယူဖို႕လိုေနျပီ၊ စိတ္ေရာလူပါပင္ပန္းေနျပီဆုိတဲ့ လကၡဏာပါပဲ။

(၅) ဘယ္အရာကမွသင့္ကိုစိတ္ေက်နပ္မႈမေပးနိုင္ဘူး

freepik

အရင္က စာအုပ္တစ္အုပ္ဖတ္လိုက္ရရင္၊ ကိုယ္ၾကိုက္တဲ့ရုပ္ရွင္တစ္ကားေလာက္ၾကည့္လိုက္ရရင္၊ ခရီးထြက္ရရင္ စိတ္ေက်နပ္နိုင္ေပမယ့္ အခုေတာ့ ဘယ္အရာကမွသင့္ကိုစိတ္ေက်နပ္မႈမေပးနိုင္ေတာ့တာမ်ိဳးျဖစ္ေနရင္ သင္ဟာ ေသေသခ်ာခ်ာအနားယူဖုိ႕ လိုအပ္ေနတာပါ။

(၆) ေန႕တိုင္းလိုလိုစိတ္ရႈပ္ေထြးေနမယ္

မနက္အိပ္ရာနိုးလာတာနဲ႕ စိတ္ရႈပ္ေထြးေနျပီး ဘာေၾကာင့္အဲ့ဒီလိုျဖစ္ေနမွန္းမသိျဖစ္ေနမယ္။ စိတ္ညစ္စရာေထြေထြထူးထူးမရွိဘဲ စိတ္ညစ္ေနမယ္။ ေန႕တိုင္းလိုလို မေပ်ာ္ရႊင္ဘဲ ေလးလံထိုင္းမိႈင္းေနတတ္တယ္။ ဒါေတြဟာလည္း သင့္အေနနဲ႕ စိတ္ေရာလူပါအနားယူသင့္ေနျပီဆိုတာ သိသာတဲ့လကၡဏာပါပဲ။

written by PP

လူတွေဟာ ဘဝရည်မှန်းချက်တွေကိုယ်စီရှိကြပြီး အဲ့ဒီရည်မှန်းချက်တွေအောင်မြင်အောင် ကြိုးစားကြပါတယ်။ ဒါပေမယ့် တခါတရံမှာ ဘာဆိုဘာမှမလုပ်ချင်၊ရှေ့မဆက်ချင်တော့ဘဲ ပင်ပန်းနွမ်းနယ်နေတဲ့အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ အဲ့ဒီလိုအချိန်မှာ စိတ်ရောလူပါပင်ပန်းနေတတ်ပြီး အခုလိုလက္ခဏာတွေဖြစ်နေတတ်ပါတယ်။

(၁) ရည်မှန်းချက်ပျောက်နေတယ်

ပုံမှန်အတိုင်းကြိုးစားနေရင်းက ဘာအတွက်ကြိုးစားရမှန်းမသိတော့ဘဲ ရည်မှန်းချက်တွေဝေဝါးလာနေတယ်။ ရှေ့ဆက်ပြီး ကိုယ်ဘာဖြစ်ချင်မှန်းမသိတော့သလို၊ ဘာမှလည်းဆက်မလုပ်ချင်တော့တာမျိုးပေါ့။ ကိုယ်လုပ်နေတာတွေက အဓိပ္ပါယ်မရှိဘူးလို့ ထင်နေတာမျိုး။ အဲ့ဒါက စိတ်ရောလူပါပင်ပန်းနေတာကြောင့် ဖြစ်ပါတယ်။

(၂) ဘာခံစားချက်မှမရှိဘူး

နေ့စဉ်နဲ့အမျှ စိတ်ခံစားချက်မရှိတဲ့သူတစ်ယောာက်လိုဖြစ်နေပြီး စိတ်လှုပ်ရှားတာ၊ ပျော်တာ၊ ဝမ်းနည်းတာတွေမရှိတဲ့သူတစ်ယောက်လို၊ ဘာကိုမှမခံစားနိုင်တဲ့သူတစ်ယောက်လိုဖြစ်နေပါလိမ့်မယ်။ အဲ့ဒါကလည်း သင်ဟာ သင်ထင်ထားတာထက်အများကြီးပင်ပန်းနေလို့ပါ။

(၃) ထစ်ခနဲရှိစိတ်ဆိုးနေတယ်

ဘာကိုမှမခံစားနိုင်တော့တဲ့သူတစ်ယောက်လိုဖြစ်နေပေမယ့် စိတ်ဆိုး၊စိတ်တိုလွယ်တာတော့ဖြစ်နေပါလိမ့်မယ်။ တစ်ယောက်က စကားလာပြောတာနဲ့ စိတ်တိုနေတာမျိုး၊ ဘာမှမပြောဘဲ ကြည့်ရုံပဲကြည့်တာတောင် ဒေါသထွက်နေတာမျိုး၊ ထစ်ခနဲရှိစိတ်ဆိုးနေတာမျိုးက လူတစ်ယောက်အရမ်းပင်ပန်းနေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။

(၄) လူတွေကသင့်ကိုနားမလည်နိုင်အောင်ဖြစ်နေတယ်

သင့်စိတ်ကအပြောင်းအလဲမြန်လို့ သင့်ဘေးနားကလူတွေက သင့်ကိုနားမလည်နိုင်တာမျိုး၊ သင့်အကြောင်းသိခဲ့တဲ့ အနီးကပ်သူငယ်ချင်းတွေတောင် သင့်ကိုနားမလည်ပေးနိုင်တော့လို့ တစ်ယောက်တည်းကွဲထွက်လာတဲ့အထိဖြစ်နေတာမျိုးကလည်း သင်ဟာ အနားယူဖို့လိုနေပြီ၊ စိတ်ရောလူပါပင်ပန်းနေပြီဆိုတဲ့ လက္ခဏာပါပဲ။

(၅) ဘယ်အရာကမှသင့်ကိုစိတ်ကျေနပ်မှုမပေးနိုင်ဘူး

အရင်က စာအုပ်တစ်အုပ်ဖတ်လိုက်ရရင်၊ ကိုယ်ကြိုက်တဲ့ရုပ်ရှင်တစ်ကားလောက်ကြည့်လိုက်ရရင်၊ ခရီးထွက်ရရင် စိတ်ကျေနပ်နိုင်ပေမယ့် အခုတော့ ဘယ်အရာကမှသင့်ကိုစိတ်ကျေနပ်မှုမပေးနိုင်တော့တာမျိုးဖြစ်နေရင် သင်ဟာ သေသေချာချာအနားယူဖို့ လိုအပ်နေတာပါ။

(၆) နေ့တိုင်းလိုလိုစိတ်ရှုပ်ထွေးနေမယ်

မနက်အိပ်ရာနိုးလာတာနဲ့ စိတ်ရှုပ်ထွေးနေပြီး ဘာကြောင့်အဲ့ဒီလိုဖြစ်နေမှန်းမသိဖြစ်နေမယ်။ စိတ်ညစ်စရာထွေထွေထူးထူးမရှိဘဲ စိတ်ညစ်နေမယ်။ နေ့တိုင်းလိုလို မပျော်ရွှင်ဘဲ လေးလံထိုင်းမှိုင်းနေတတ်တယ်။ ဒါတွေဟာလည်း သင့်အနေနဲ့ စိတ်ရောလူပါအနားယူသင့်နေပြီဆိုတာ သိသာတဲ့လက္ခဏာပါပဲ။

written by PP