ကျွန်တော်တို့ရှင်သန်နေထိုင်နေကြတဲ့ကမ္ဘာမြေကြီးနဲ့သဘာဝတရားဟာဘယ်တော့မှ မပြောမဆိုပဲပြုလုပ်သွားတဲ့အရာမရှိပါဘူး။
ကမ္ဘာမြေပေါ်မှာဖြစ်ပေါ်လာမယ့်ကပ်ဘေးဆိုးတွေအကုန်လုံးဖြစ်ပေါ်လာတော့မယ်ဆိုရင် သူ့အနေနဲ့လူသားတွေကိုကြိုတင်ပြီးအမြဲသတိပေးပါတယ်။ လူသားတွေသာအမှုမှတ်မဲ့နားမလည်နိုင်ခဲ့ကြတာပါ။
ဆောင်းအကုန်နွေကူးတော့မယ်ဆိုရင်ရွက်ဟောင်းလေးတွေကြွေရင်း ပူပြင်းခြောက်သွေ့မှုတွေနဲ့လူသားတွေကိုသူစကားပြောတယ်။လက္ခဏာတွေပြတယ်။
မာယာများပါတယ်ဆိုတဲ့ ပင်လယ်ပြင်ကြီးမှာလည်း မုန်တိုင်းတွေတိုက်ခတ်တော့မယ်ဆိုရင် ရုတ်တရက်လေတွေငြိမ်သက်သွားတာမျိုး . . . .
မြေငလျင်တွေလှုပ်ခတ်တော့မယ်ဆိုရင် မြေအောက်မှာနေထိုင်တဲ့သတ္တဝါလေးတွေ မြေပေါ်တက်လာတာမျိုး စသဖြင့်သဘာဝတရားကြီးဟာ လူသားတွေကိုလက္ခဏာတွေပြပေးတယ်။
ထို့အတူလူသားတွေရဲ့ဘဝအသက်တာတစ်လျှောက်မှာလည်း ကံဆိုးမှုတွေဖြစ်ပေါ်လာတော့မယ်ဆိုရင်လည်း သူဟာပြောပြတယ် သတိပေးတယ်။ ကျွန်တော်တို့တွေသတိမပြုမိခဲ့ကြလို့သာ ဆိုက်ဆိုက်မြိုက်မြိုက် ဒုက္ခဆိုတဲ့ကောင်က ရောက်ချလာပေတော့တာပဲ။
ဒါတွေကို ကြိုတင်တာဆီးထားဖို ့ဖြစ်နိုင်မလားဆိုရင်တော့ ဖြစ်စရာရှိတဲ့ကိစ္စတစ်ခုကတော့ဖြစ်လာမှာပါပဲ
ကြီးမားတဲ့ခွဲစိပ်မှုတွေမှာ နာကျင်မှုသက်သာအောင် ထုံဆေးမေ့ဆေးအသုံးပြုသလို
နည်းစနစ်ကျတဲ့ ယတြာအစီအရင်တွေဟာ ဘဝဒဏ်ရာတွေသက်သာစေဖို့အတွက် ပရုတ်ဆီလေးပါးပါးလူးလိုက်သလိုပေါ့။
နေ့စဉ်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာ အနှောင့်အယှက်တွေများလာခဲ့မယ် ကိုယ့်လုပ်ငန်းခွင်မှာတဖြည်းဖြည်းနဲ့လည်းအလွဲလွဲအချော်ချော်တွေကြုံလာခဲ့ပြီး
ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတွေကိုယ်တိုင်က မိမိအပေါ်အမြင်တိမ်းစောင်းခြင်းတွေနဲ့အတူ မကောင်းတဲ့အတိတ်မကောင်းတဲ့နိမိတ်တွေကိုမြင်ရတွေ့ရကြုံလာခဲ့ရရင်ဒါဟာမိမိအတွက် ကြိုတင်ကံဆိုးမှုတွေရဲ့နိမိတ်သဘောတွေပဲဖြစ်ပါတယ်။
ဒါ့အပြင် မိမိအမြဲနေထိုင်အနားယူတဲ့ မိမိအိမ်နေရာအိပ်ခန်းစတဲ့နေရာမျိုးတွေမှာ အရင်လိုသက်သောင့်သက်သာမဖြစ်လာခြင်းမျိုးတွေကို ကြုံတွေ့လာရသလို တဇွတ်ထိုးဆန်တဲ့စိတ်တွေလည်းများလာခဲ့မယ်ဆိုရင် သေချာပါပြီ ခများဆီကို မကြာခင်အမှန်တကယ်ပဲ ကံဆိုးမှုတွေ ရောက်ရှိလာတော့မှာပါ။
ဒါတွေဟာအနက်ရောင်ရဲ့ စွမ်းအားတွေပါပဲ။ဒီအနက်ရောင်စွမ်းအားတွေကို ဖျောက်ဖျက်ပြစ်လို့တော့ မရပေမယ့်စွမ်းအင်လျော့နည်းစေအောင် ဒါမှမဟုတ်စွမ်းအားပြောင်းလဲသွားအောင် ပြုလုပ်လိုက်လို့တော့ရပါတယ်။
ဒီလိုအရာမျိုးတွေကို ဘယ်လိုအစွမ်းလျော့နည်းအောင်လုပ်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ဆိုရင်တော့ သဘာဝကျပြီး လုပ်ရလွယ်ကူသလို ထိရောက်အဆင်ပြေနိုင်တဲ့နည်းလမ်းလေးတွေသာရှိပါတယ်။
ဘယ်လိုဘယ်ပုံလုပ်ရမလဲဆိုရင်တော့
ယခုလိုကိစ္စမျိုးတွေကြုံလာခဲ့မယ်ဆိုရင်တော့ မိမိအဝတ်အစားဟောင်းတွေထဲမှ အနက်ရောင်ရှိတဲ့ အဝတ်အစားဟောင်းတစ်ထည်ကို အဝတ်စုတ်တစ်ခုအဖြစ်အသုံးချပြီး မိမိအခန်း ၊ အလုပ်နေရာ ၊ နေအိမ်တံခါး ၊ နေအိမ်မှကြည့်မှန်တွေကိုထိုအဝတ်အစားဖြင့် သန့်ရှင်းရေးလေးသာလုပ်ပေးပါ။
အဝတ်အနက်မရှိဖူးမပြောပါနဲ့ မရှိရင်စျေးပေါပေါတစ်ထည်ကို ဝယ်ယူဝတ်ဆင်အသုံးပြုလိုက် ဖို့ရာပဲပြောချင်ပါတယ်။ ယခုခများအနေနဲ့ ကြပ်တည်းနေတဲ့အခက်အခဲ အနှောင့်အယှက်တွေရှိနေခဲ့ရင် ဒီစာကိုဖတ်ပြီးပြီးချင်းသာလုပ်ဆောင်ပါ။
မြန်ရင်သုံးရက် ကြာရင်ဆယ်ရက်အတွင်း အခက်အခဲကြီးမားသေးမွှားမှုအပေါ်မူတည်ပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း အဆင်ပြေပါလိမ့်မယ်။ အပျင်းမကြီးပါနဲ့ တစ်ခေါက်တည်းတော့ မလုပ်ပါနဲ့ မကြာမကြာလုပ်လိုက်ဖို့အကြံပြုပါရစေ။
သတ္တဝါတို့၏အကျိုးကိုသာလိုလားသော . . .
ရဲထက်မွန်
ကံဆိုးမှုတွေရောက်လာတော့မည်ဆိုရင်
ရဲထက်မွန်