ေက်ာက္ကပ္မွာေက်ာက္တည္တဲ့အခါ ျဖစ္ေပၚလာမယ့္ ေရွ႕ေျပးလကၡဏာမ်ား

လူခႏၶာကိုယ္အစိတ္အပိုင္းေတြထဲမွာ ေက်ာက္ကပ္ကလည္း အေရးပါတဲ့အစိတ္အပိုင္းတစ္ခုျဖစ္ျပီး ေက်ာက္ကပ္မက်န္းမာရင္ လူလည္းမက်န္းမာနိုင္ပါဘူး။ ေက်ာက္ကပ္မေကာင္းတာ၊ ေက်ာက္တည္တာေတြကုိ အေစာကတည္းကသိရင္ အခ်ိန္မီကုသမႈခံယူနိုင္ျပီး က်န္းမာေရးေကာင္းနိုင္တာေပါ့။ ေက်ာက္ကပ္မေကာင္းတာကေန အသက္အႏၱရာယ္အထိျဖစ္နိုင္တာမို႕ ေက်ာက္ကပ္မွာေက်ာက္တည္တာကို အေစာၾကီးတည္းကသတိထားနိုင္ေအာင္ ဒီလကၡဏာေတြကို အထူးသတိျပုဖို႕လိုပါတယ္။

(၁) ခါးနာျခင္း

brightside.me

ေက်ာက္ကပ္မွာ ေက်ာက္တည္တဲ့အခါ ခါးနားတဝိုက္နဲ႕ ေနာက္ေက်ာတဝိုက္မခံမရပ္နိုင္ေအာင္ နာက်င္တတ္ပါတယ္။ တခါတေလ အေလးအပင္ေတြမ,လို႕ ခါးနာတာနဲ႕ ေက်ာက္ကပ္ေၾကာင့္ခါးနာတာမွားေနတတ္ပါတယ္။ ေက်ာက္ကပ္ေၾကာင့္ခါးနာတာက တခါတရံအေနာက္ဘက္၊တခါတရံခါးေဘးနွစ္ဖက္မွာ တစ္ခ်က္တခ်က္မခံနုိင္ေအာင္ နာတာေအာင့္တာျဖစ္ပါတယ္။ အဲ့လိုနာတာမ်ိဳးနဲ႕ ေျခေထာက္ေတြအနည္းငယ္ေရာင္ေနတာမ်ိဳး တျပိုင္တည္းျဖစ္ေနရင္ ေက်ာက္ကပ္မွာေက်ာက္တည္တာျဖစ္နိုင္ပါတယ္။

(၂) ဆီးအေရာင္နဲ႕ပမာဏေျပာင္းလဲလာျခင္း

ဆီးသြားတဲ့အခါ ပံုမွန္ဝါၾကည္တဲ့အေရာင္မ်ိဳးမဟုတ္ဘဲ အေရာင္အရမ္းရင့္ျပီးအညိုေရာင္သမ္းေနတာမ်ိဳး၊ အရမ္းေဖ်ာ့လြန္းျပီး ေရလိုၾကည္ေနတာမ်ိဳးေတြက ေက်ာက္ကပ္မွာေက်ာက္တည္ေနျခင္းေၾကာင့္ျဖစ္နိုင္ပါတယ္။

(၃) မၾကာခဏဖ်ားနာျခင္း

ေက်ာက္ကပ္မွာေက်ာက္တည္ေနတဲ့အခါ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကိုျဖစ္ေစျပီး မၾကာခဏ ကိုယ္အပူခ်ိန္ျမင့္တက္ေစပါတယ္။ ဒါေၾကာင့္ မၾကာခဏဖ်ားနာျခင္းကိုျဖစ္ေစပါတယ္။

freepik

(၄) လြယ္လြယ္နဲ႕မူးေဝျခင္း

ေက်ာက္ကပ္မွာေက်ာက္တည္တဲ့အခါ သူနဲ႕ဆက္သြယ္ေနတဲ့အာရံုေၾကာေတြမွာ ထိခိုက္မႈကိုခံစားရျပီး လူကိုအားနည္းေစကာ လြယ္လြယ္နဲ႕မူးေဝေစပါတယ္။ အရင္က ကားစီးရင္မမူးတတ္တဲ့သူက ကားစီးရင္မူးတတ္ေနတာမ်ိဳး၊ လမ္းနည္းနည္းေလွ်ာက္ျပီး မူးေဝေနတာမ်ိဳး စသျဖင့္ ျဖစ္ေစပါတယ္။

(၅) ပင္ပန္းတဲ့အလုပ္ေတြမလုပ္ဘဲ ေမာပန္းေနျခင္း

ေက်ာက္ကပ္မွာေက်ာက္တည္ျပီး အာရံုုေၾကာေတြအားနည္းေနတဲ့အခါ ပင္ပန္းတဲ့အလုပ္ေတြမလုပ္ဘဲ အလိုလိုေနရင္း ေမာပန္းႏြမ္းနယ္ေနတတ္ပါတယ္။ ပင္ပန္းတဲ့အလုပ္ေတြမလုပ္ရဘဲ အားအင္ကုန္ခမ္းေနသလိုျဖစ္ေနတတ္ပါတယ္။

written by PP

လူခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ ကျောက်ကပ်ကလည်း အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျောက်ကပ်မကျန်းမာရင် လူလည်းမကျန်းမာနိုင်ပါဘူး။ ကျောက်ကပ်မကောင်းတာ၊ ကျောက်တည်တာတွေကို အစောကတည်းကသိရင် အချိန်မီကုသမှုခံယူနိုင်ပြီး ကျန်းမာရေးကောင်းနိုင်တာပေါ့။ ကျောက်ကပ်မကောင်းတာကနေ အသက်အန္တရာယ်အထိဖြစ်နိုင်တာမို့ ကျောက်ကပ်မှာကျောက်တည်တာကို အစောကြီးတည်းကသတိထားနိုင်အောင် ဒီလက္ခဏာတွေကို အထူးသတိပြုဖို့လိုပါတယ်။

(၁) ခါးနာခြင်း

ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ခါးနားတဝိုက်နဲ့ နောက်ကျောတဝိုက်မခံမရပ်နိုင်အောင် နာကျင်တတ်ပါတယ်။ တခါတလေ အလေးအပင်တွေမ,လို့ ခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာမှားနေတတ်ပါတယ်။ ကျောက်ကပ်ကြောင့်ခါးနာတာက တခါတရံအနောက်ဘက်၊တခါတရံခါးဘေးနှစ်ဖက်မှာ တစ်ချက်တချက်မခံနိုင်အောင် နာတာအောင့်တာဖြစ်ပါတယ်။ အဲ့လိုနာတာမျိုးနဲ့ ခြေထောက်တွေအနည်းငယ်ရောင်နေတာမျိုး တပြိုင်တည်းဖြစ်နေရင် ကျောက်ကပ်မှာကျောက်တည်တာဖြစ်နိုင်ပါတယ်။

(၂) ဆီးအရောင်နဲ့ပမာဏပြောင်းလဲလာခြင်း

ဆီးသွားတဲ့အခါ ပုံမှန်ဝါကြည်တဲ့အရောင်မျိုးမဟုတ်ဘဲ အရောင်အရမ်းရင့်ပြီးအညိုရောင်သမ်းနေတာမျိုး၊ အရမ်းဖျော့လွန်းပြီး ရေလိုကြည်နေတာမျိုးတွေက ကျောက်ကပ်မှာကျောက်တည်နေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

(၃) မကြာခဏဖျားနာခြင်း

ကျောက်ကပ်မှာကျောက်တည်နေတဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုဖြစ်စေပြီး မကြာခဏ ကိုယ်အပူချိန်မြင့်တက်စေပါတယ်။ ဒါကြောင့် မကြာခဏဖျားနာခြင်းကိုဖြစ်စေပါတယ်။

(၄) လွယ်လွယ်နဲ့မူးဝေခြင်း

ကျောက်ကပ်မှာကျောက်တည်တဲ့အခါ သူနဲ့ဆက်သွယ်နေတဲ့အာရုံကြောတွေမှာ ထိခိုက်မှုကိုခံစားရပြီး လူကိုအားနည်းစေကာ လွယ်လွယ်နဲ့မူးဝေစေပါတယ်။ အရင်က ကားစီးရင်မမူးတတ်တဲ့သူက ကားစီးရင်မူးတတ်နေတာမျိုး၊ လမ်းနည်းနည်းလျှောက်ပြီး မူးဝေနေတာမျိုး စသဖြင့် ဖြစ်စေပါတယ်။

(၅) ပင်ပန်းတဲ့အလုပ်တွေမလုပ်ဘဲ မောပန်းနေခြင်း

ကျောက်ကပ်မှာကျောက်တည်ပြီး အာရုံကြောတွေအားနည်းနေတဲ့အခါ ပင်ပန်းတဲ့အလုပ်တွေမလုပ်ဘဲ အလိုလိုနေရင်း မောပန်းနွမ်းနယ်နေတတ်ပါတယ်။ ပင်ပန်းတဲ့အလုပ်တွေမလုပ်ရဘဲ အားအင်ကုန်ခမ်းနေသလိုဖြစ်နေတတ်ပါတယ်။

written by PP