အခ်စ္ေရးမွာတစ္ေယာက္ကအျမဲအေလွ်ာ့ေပးလြန္းျခင္းက ဆိုးက်ိဳးကိုသာပိုျဖစ္ေစပါတယ္

အခ်စ္ေရးမွာ အစစအရာရာ နွစ္ဦးနွစ္ဖက္မွ်မွ်တတျဖစ္သင့္ပါတယ္။  ဒီလိုမွမဟုတ္ဘဲ တစ္ေယာက္ကပဲအျမဲေပးဆပ္ေနရတာက ဘယ္ေတာ့မွမျဖစ္သင့္တဲ့အရာပါ။ ကိုယ္ခ်စ္တဲ့သူကို အရာရာအေလွ်ာ့ေပးျပီး ေပးဆပ္ေနလို႕ ကိုယ္ခ်စ္တဲ့သူက ကိုယ့္အေပၚပိုခ်စ္လာလိမ့္မယ္လို႕ ထင္ရင္ မွားသြားပါလိမ့္မယ္။ ဘာလို႕လဲဆိုေတာ့ အခ်စ္ေရးမွာ တစ္ဖက္သတ္တည္းအျမဲေပးဆပ္ေလ အဲ့ဒီအခ်စ္ရးက ပိုဆိုးေလျဖစ္လို႕ပါ။ အဲ့လိုျဖစ္ရတဲ့အေၾကာင္းရင္းေတြကေတာ့ ဒီလိုရွိပါတယ္။

(၁) နားလည္ေပးလြန္းတဲ့အခါ တာဝန္တစ္ခုလိုျဖစ္လာတယ္

freepik

ကိုယ္ကခ်စ္လို႕ အလိုက္သိနားလည္ေပးတာက တစ္ခါကေနနွစ္ခါ၊သံုးခါ စသျဖင့္ မ်ားလာတဲ့အခါ ကိုယ္နားလည္ေပးတာက အသိအမွတ္ျပုမခံရေတာ့ဘဲ ကိုယ့္ဘက္ကလုပ္ကိုလုပ္ေပးရမယ့္ တာဝန္တစ္ခုလိုျဖစ္လာပါလိမ့္မယ္။ ဆက္တိုက္နားလည္သည္းခံလာျပီး တစ္ခါေလာက္ ေပါက္ကြဲလိုက္မိရင္ကို သူ႕အမွားမဟုတ္ေတာ့ဘဲ ကိုယ့္အမွားျဖစ္သြားပါလိမ့္မယ္။ဒါေၾကာင့္ ခ်စ္လို႕ဆိုျပီး နားလည္ေပးလြန္းတာက နွစ္ေယာက္ၾကားက စိတ္ခံစားခ်က္ေတြကို အဆင္မေျပျဖစ္ေစပါတယ္။

(၂) ေပးဆပ္လြန္းတာက တန္ဖိုးမဲ့ေစတယ္

ကိုယ့္ဘက္က အျမဲလိုလို အရာရာကိုအလိုက္သိျပီးေပးဆပ္လြန္းတာက ကိုယ့္ရဲ႕တန္ဖိုးကိုတျဖည္းျဖည္းနည္းလာေစျပီး ေနာက္ဆံုးမွာတန္ဖိုးမဲ့သြားေစပါတယ္။ အထူးသျဖင့္ ကိုယ့္ရဲ႕ေပးဆပ္မႈတန္ဖိုးကိုနားမလည္တဲ့သူကို ေပးဆပ္ျပီးမေနသင့္ပါဘူး။

(၃) ေႏြးေထြးလံုျခံုမႈကိုမခံစားရဘူး

freepik

ခ်စ္ျခင္းေမတၱာဟာ လံုျခံဳေနြးေထြးမႈကိုခံစားရေစပါတယ္။ ကိုယ့္ကိုခ်စ္လာေစဖို႕ရည္ရြယ္ခ်က္နဲ႕ ေပးဆပ္ေနျခင္းက စိတ္ထဲကေနြးေထြးလံုျခံုမႈကိုမခံစားရဘဲ တျဖည္းျဖည္းနဲ႕အထီးက်န္တဲ့ခံစားခ်က္ကိုျဖစ္လာေစပါတယ္။

(၄) ခ်စ္သူေတြဆိုတာထက္ သူစိမ္းေတြလိုျဖစ္လာမယ္

လူနွစ္ေယာက္ၾကားကဆက္ဆံေရးကအရမ္းတစ္ဖက္သတ္ဆန္ေနတဲ့အခါ အဲ့ဒီလူနွစ္ေယာက္ကအရမ္းခ်စ္ေနရင္ေတာင္ ၾကာလာရင္ စိတ္နွလံုးသားခ်င္းေဝးကြာလာျပီး တျဖည္းျဖည္းနဲ႕သူစိမ္းေတြလိုျဖစ္လာနိုင္ပါတယ္။ တစ္ေယာက္ကအရမ္းေပးဆပ္လြန္းျပီး တစ္ေယာက္ကလစ္လ်ူရႈလြန္းလာတဲ့အခါ သူစိမ္းဆန္တဲ့ဆက္ဆံေရးကိုျဖစ္ေပၚေစပါတယ္။

written by PP

အချစ်ရေးမှာ အစစအရာရာ နှစ်ဦးနှစ်ဖက်မျှမျှတတဖြစ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ တစ်ယောက်ကပဲအမြဲပေးဆပ်နေရတာက ဘယ်တော့မှမဖြစ်သင့်တဲ့အရာပါ။ ကိုယ်ချစ်တဲ့သူကို အရာရာအလျှော့ပေးပြီး ပေးဆပ်နေလို့ ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ်ပိုချစ်လာလိမ့်မယ်လို့ ထင်ရင် မှားသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အချစ်ရေးမှာ တစ်ဖက်သတ်တည်းအမြဲပေးဆပ်လေ အဲ့ဒီအချစ်ရးက ပိုဆိုးလေဖြစ်လို့ပါ။ အဲ့လိုဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ ဒီလိုရှိပါတယ်။

(၁) နားလည်ပေးလွန်းတဲ့အခါ တာဝန်တစ်ခုလိုဖြစ်လာတယ်

ကိုယ်ကချစ်လို့ အလိုက်သိနားလည်ပေးတာက တစ်ခါကနေနှစ်ခါ၊သုံးခါ စသဖြင့် များလာတဲ့အခါ ကိုယ်နားလည်ပေးတာက အသိအမှတ်ပြုမခံရတော့ဘဲ ကိုယ့်ဘက်ကလုပ်ကိုလုပ်ပေးရမယ့် တာဝန်တစ်ခုလိုဖြစ်လာပါလိမ့်မယ်။ ဆက်တိုက်နားလည်သည်းခံလာပြီး တစ်ခါလောက် ပေါက်ကွဲလိုက်မိရင်ကို သူ့အမှားမဟုတ်တော့ဘဲ ကိုယ့်အမှားဖြစ်သွားပါလိမ့်မယ်။ဒါကြောင့် ချစ်လို့ဆိုပြီး နားလည်ပေးလွန်းတာက နှစ်ယောက်ကြားက စိတ်ခံစားချက်တွေကို အဆင်မပြေဖြစ်စေပါတယ်။

(၂) ပေးဆပ်လွန်းတာက တန်ဖိုးမဲ့စေတယ်

ကိုယ့်ဘက်က အမြဲလိုလို အရာရာကိုအလိုက်သိပြီးပေးဆပ်လွန်းတာက ကိုယ့်ရဲ့တန်ဖိုးကိုတဖြည်းဖြည်းနည်းလာစေပြီး နောက်ဆုံးမှာတန်ဖိုးမဲ့သွားစေပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ပေးဆပ်မှုတန်ဖိုးကိုနားမလည်တဲ့သူကို ပေးဆပ်ပြီးမနေသင့်ပါဘူး။

(၃) နွေးထွေးလုံခြုံမှုကိုမခံစားရဘူး

ချစ်ခြင်းမေတ္တာဟာ လုံခြုံနွေးထွေးမှုကိုခံစားရစေပါတယ်။ ကိုယ့်ကိုချစ်လာစေဖို့ရည်ရွယ်ချက်နဲ့ ပေးဆပ်နေခြင်းက စိတ်ထဲကနွေးထွေးလုံခြုံမှုကိုမခံစားရဘဲ တဖြည်းဖြည်းနဲ့အထီးကျန်တဲ့ခံစားချက်ကိုဖြစ်လာစေပါတယ်။

(၄) ချစ်သူတွေဆိုတာထက် သူစိမ်းတွေလိုဖြစ်လာမယ်

လူနှစ်ယောက်ကြားကဆက်ဆံရေးကအရမ်းတစ်ဖက်သတ်ဆန်နေတဲ့အခါ အဲ့ဒီလူနှစ်ယောက်ကအရမ်းချစ်နေရင်တောင် ကြာလာရင် စိတ်နှလုံးသားချင်းဝေးကွာလာပြီး တဖြည်းဖြည်းနဲ့သူစိမ်းတွေလိုဖြစ်လာနိုင်ပါတယ်။ တစ်ယောက်ကအရမ်းပေးဆပ်လွန်းပြီး တစ်ယောက်ကလစ်လျူရှုလွန်းလာတဲ့အခါ သူစိမ်းဆန်တဲ့ဆက်ဆံရေးကိုဖြစ်ပေါ်စေပါတယ်။

written by PP