တခါတရံ ခန္ဓာကိုယ်ပေါ်မှာ အညိုအမည်းကွက်တွေပေါ်လာတတ်ပါတယ်။
ညအိပ်ရာမဝင်ခင်မှာ အဲ့ဒီအညိုအမည်းကွက်တွေမရှိဘဲ မနက်အိပ်ရာထပြီးနောက်မှ ပေါင်၊ ခြေသလုံးတွေမှာ အညိုအမည်းကွက်တွေပေါ်နေတတ်တာကြောင့် အဲ့ဒါကို စုန်းကိုက်တာလို့ ပြောစမှတ်ပြုတတ်ကြပါတယ်။ တကယ်တော့ အဲ့ဒီအညိုအမည်းကွက်တွေဟာ စုန်းကိုက်တာမဟုတ်ပါဘူး။ ဒီအကြောင်းရင်းတွေကြောင့် ဖြစ်တာပါ။
(၁) လေးလံတဲ့အရာဝတ္ထုတွေမ ခြင်းကြောင့်
လေးလံတဲ့အရာဝတ္ထုတွေကို မ တဲ့အခါ ခန္ဓာကိုယ်က အတန်အသင့်အားစိုက်ထုတ်ရပါတယ်။ အဲ့လိုအားစိုက်ထုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့တစ်နေရာက ဆံချည်မျှင်သွေးကြောလေးတွေပြတ်သွားပြီး အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်လာပါတယ်။
(၂) သွေးကြောနဲ့ဆိုင်တဲ့ရောဂါတစ်ခုခုကြောင့်
သွေးနဲ့သွေးကြောဆိုင်ရာ ရောဂါတစ်ခုခုဖြစ်နေရင်လည်း အရေပြားပေါ်မှာ အညိုအမည်းကွက်တွေဖြစ်စေပါတယ်။ သွေးကြောများရောင်ရမ်းခြင်း၊ သွေးကင်ဆာ စတဲ့ရောဂါတို့ကြောင့်လည်း ခြေထောက်တွေမှာ အညိုအမည်းကွက်တွေဖြစ်တတ်ပါတယ်။ အညိုအမည်းကွက်တွေဖြစ်တာနဲ့အတူ သွားဖုံးသွေးယိုခြင်း၊ ခြေထောက်ရောင်ပြီး နာကျင်ခြင်းတွေ တပြိုင်တည်းဖြစ်နေတယ်ဆိုရင်တော့ စိုးရိမ်ရတာမို့ ဆရာဝန်နဲ့ပြဖို့လိုပါတယ်။
(၃) ဆေးတစ်မျိုးမျိုးသောက်ခြင်းကြောင့်
အရောင်ရော့ဆေး၊ သံဓာတ်အားဖြည့်ဆေး၊ ပန်းနာရင်ကြပ်ပျောက်တဲ့ဆေး စတဲ့ ဆေးတွေသောက်ရင်လည်း အရေပြားပေါ်မှာ အညိုအမည်းကွက်တွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုအညိုအမည်းကွက်တွေဖြစ်လာရင် အဲ့ဒီဆေးတွေသောက်နေလားဆိုတာ ပြန်စဉ်းစားကြည့်ပါ။
(၄) အာဟာရမညီမျှခြင်းကြောင့်
ခန္ဓာကိုယ်မှာ အာဟာရနဲ့ ဟော်မုန်းမညီမျှရင်လည်း အရေပြားပေါ်မှာ အညိုအမည်းကွက်တွေဖြစ်တတ်ပါတယ်။ ဒါကတော့ ဆရာဝန်နဲ့သေချာပြမှသိနိုင်မှာမို့ ဒီအချက်ကိုသိချင်ရင်တော့ ဆေးခန်းသွားဖို့လိုပါတယ်။
(၅) ဆီးချိုရောဂါကြောင့်
သွေးတွင်းသကြားဓာတ်များခြင်းက အရေပြားပေါ်မှာ အညိုအမည်းကွက်တွေ အလွယ်တကူဖြစ်စေပါတယ်။ ဆီးချိုအစောပိုင်းအဆင့်မှာ အဲ့ဒီလိုအညိုအမည်းကွက်တွေဖြစ်စေတာကြောင့် ဒီလိုတွေဖြစ်လာရင် စုန်းကိုက်တယ်လို့ မထင်ဘဲ သွေးစစ်၊ဆီးစစ်သင့်ပါတယ်။
written by PP
တခါတရံ ခႏၶာကိုယ္ေပၚမွာ အညိုအမည္းကြက္ေတြေပၚလာတတ္ပါတယ္။ ညအိပ္ရာမဝင္ခင္မွာ အဲ့ဒီအညိုအမည္းကြက္ေတြမရွိဘဲ မနက္အိပ္ရာထျပီးေနာက္မွ ေပါင္၊ ေျခသလံုးေတြမွာ အညိုအမည္းကြက္ေတြေပၚေနတတ္တာေၾကာင့္ အဲ့ဒါကို စုန္းကိုက္တာလို႕ ေျပာစမွတ္ျပုတတ္ၾကပါတယ္။ တကယ္ေတာ့ အဲ့ဒီအညိုအမည္းကြက္ေတြဟာ စုန္းကိုက္တာမဟုတ္ပါဘူး။ ဒီအေၾကာင္းရင္းေတြေၾကာင့္ ျဖစ္တာပါ။
(၁) ေလးလံတဲ့အရာဝတၳုေတြမ ျခင္းေၾကာင့္
ေလးလံတဲ့အရာဝတၳုေတြကို မ တဲ့အခါ ခႏၶာကိုယ္က အတန္အသင့္အားစိုက္ထုတ္ရပါတယ္။ အဲ့လိုအားစိုက္ထုတ္လိုက္တဲ့အခါ ခႏၶာကိုယ္ရဲ႕တစ္ေနရာက ဆံခ်ည္မွ်င္ေသြးေၾကာေလးေတြျပတ္သြားျပီး အေရျပားေပၚမွာ အညိုအမည္းကြက္ေတြေပၚလာပါတယ္။
(၂) ေသြးေၾကာနဲ႕ဆိုင္တဲ့ေရာဂါတစ္ခုခုေၾကာင့္
ေသြးနဲ႕ေသြးေၾကာဆိုင္ရာ ေရာဂါတစ္ခုခုျဖစ္ေနရင္လည္း အေရျပားေပၚမွာ အညိုအမည္းကြက္ေတြျဖစ္ေစပါတယ္။ ေသြးေၾကာမ်ားေရာင္ရမ္းျခင္း၊ ေသြးကင္ဆာ စတဲ့ေရာဂါတို႕ေၾကာင့္လည္း ေျခေထာက္ေတြမွာ အညိုအမည္းကြက္ေတြျဖစ္တတ္ပါတယ္။ အညိုအမည္းကြက္ေတြျဖစ္တာနဲ႕အတူ သြားဖံုးေသြးယိုျခင္း၊ ေျခေထာက္ေရာင္ျပီး နာက်င္ျခင္းေတြ တျပိုင္တည္းျဖစ္ေနတယ္ဆိုရင္ေတာ့ စိုးရိမ္ရတာမို႕ ဆရာဝန္နဲ႕ျပဖို႕လိုပါတယ္။
(၃) ေဆးတစ္မ်ိဳးမ်ိဳးေသာက္ျခင္းေၾကာင့္
အေရာင္ေရာ့ေဆး၊ သံဓာတ္အားျဖည့္ေဆး၊ ပန္းနာရင္ၾကပ္ေပ်ာက္တဲ့ေဆး စတဲ့ ေဆးေတြေသာက္ရင္လည္း အေရျပားေပၚမွာ အညိုအမည္းကြက္ေတြျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ဒီလိုအညိုအမည္းကြက္ေတြျဖစ္လာရင္ အဲ့ဒီေဆးေတြေသာက္ေနလားဆိုတာ ျပန္စဉ္းစားၾကည့္ပါ။
(၄) အာဟာရမညီမွ်ျခင္းေၾကာင့္
ခႏၶာကိုယ္မွာ အာဟာရနဲ႕ ေဟာ္မုန္းမညီမွ်ရင္လည္း အေရျပားေပၚမွာ အညိုအမည္းကြက္ေတြျဖစ္တတ္ပါတယ္။ ဒါကေတာ့ ဆရာဝန္နဲ႕ေသခ်ာျပမွသိနိုင္မွာမို႕ ဒီအခ်က္ကိုသိခ်င္ရင္ေတာ့ ေဆးခန္းသြားဖို႕လိုပါတယ္။
(၅) ဆီးခ်ိဳေရာဂါေၾကာင့္
ေသြးတြင္းသၾကားဓာတ္မ်ားျခင္းက အေရျပားေပၚမွာ အညိုအမည္းကြက္ေတြ အလြယ္တကူျဖစ္ေစပါတယ္။ ဆီးခ်ိဳအေစာပိုင္းအဆင့္မွာ အဲ့ဒီလိုအညိုအမည္းကြက္ေတြျဖစ္ေစတာေၾကာင့္ ဒီလိုေတြျဖစ္လာရင္ စုန္းကိုက္တယ္လို႕ မထင္ဘဲ ေသြးစစ္၊ဆီးစစ္သင့္ပါတယ္။
written by PP