အသားညိုသူတွေသာ ပိုင်ဆိုင်ထားနိုင်တဲ့ ကောင်းကျိုးနဲ့အားသာချက်များ

အလှအပစံနှုန်းတွေအမျိုးမျိုးရှိတဲ့အထဲမှာ အသားဖြူမှလှတယ်လို့ လူအများစုက သတ်မှတ်ကြပေမယ့် အခုနောက်ပိုင်းမှာတော့ အသားညိုတာက ပိုပြီးဆွဲဆောင်မှုရှိတယ်ဆိုတာကို လက်ခံလာကြပါတယ်။

တကယ်တမ်းမှာတော့ အသားညိုတာက ပိုဆွဲဆောင်မှုရှိတဲ့အပြင် ဒီလိုကောင်းကျိုးတွေကိုလည်း ရနိုင်ပါသေးတယ်။

(၁) အသားညိုလေ ပိုကျန်းမာလေ

အသားညိုတဲ့သူတွေက နေရောင်ခြည်ကနေ ဗီတာမင် ဒီ စုပ်ယူမှုပိုအားကောင်းတာကြောင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် ပိုပြီး အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင် ဒီ ကို ပိုစုပ်ယူနိုင်လေ ခန္ဓာကိုယ်တွင်း ကလီစာတွေပိုကျန်းမာလေပါပဲ။

(၂) အရေပြားကင်ဆာဖြစ်နိုင်ချေနည်းလေ

အသားညိုတာက ဗီတာမင် ဒီ ပိုစုပ်ယူနိုင်တဲ့အပြင် ခရမ်းလွန်ရောင်ခြည်ကိုလည်း ပိုပြီးကာကွယ်နိုင်ပါတယ်။ဒါကြောင့် အသားညိုလေ အရေပြားကင်ဆာဖြစ်နိုင်ချေနည်းလေပါပဲ။

(၃) အရေးအကြောင်းဖြစ်နိုင်ချေနည်းလေ

အသားညိုတဲ့သူတွေမှာ နေရောင်ခြည်ကိုကာကွယ်နိုင်တဲ့ ရောင်ခြယ်ပစ္စည်းပါဝင်မှုပိုများတာကြောင့် နေလောင်တာနဲ့ အမည်းစက်ဖြစ်တာကို ကာကွယ်ပေးပြီး အသက်ကြီးလာရင် အရေးအကြောင်းတွေ လွယ်လွယ်နဲ့မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် အသားညိုတဲ့သူတွေက အသက်ကြီးတဲ့အထိ အသားအရေလှနေပါတယ်။

(၄) အပြင်မှာသာမက ဓာတ်ပုံရိုက်တဲ့အခါလည်းပိုလှတယ်

အသားညိုတဲ့သူတွေက တစိမ့်စိမ့်ကြည့်လေလှလေဖြစ်ပြီး ဆွဲဆောင်မှုအပြည့်ရှိသူတွေဖြစ်ပါတယ်။ အပြင်မှာလှတာတင်မကဘဲ ဓာတ်ပုံရိုက်ရင်လည်း သူများတွေထက်ပိုလှပါတယ်။ နေရောင်အောက်၊မီးရောင်အောက်မှာ တခြားသူတွေထက်ပိုလှတဲ့ ညိုချောလေးတွေပါပဲ။

written by PP










written by PP