ကိုယ့်ကြောင့် တစ်မိသားစုလုံး စိတ်ဝမ်းမကွဲစေနဲ့။ အပြစ်ကြီးတယ်။

ကိုယ့်ကြောင့် တစ်ရပ်ကွက်လုံး စိတ်ဝမ်းမကွဲစေနဲ့။ အပြစ်ကြီးတယ်။

ကိုယ့်ကြောင့် တစ်သင်းလုံး စိတ်ဝမ်းမကွဲစေနဲ့၊ အပြစ်ကြီးတယ်။

“လူတွေကို ညီညွတ်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပါစေ”လို့ ကိုယ့်ကိုယ် သံန္နိဋ္ဌာန်ပြုပါ။ အဲ့ဒီလို လောကကြီးကို အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပါစေ။

နေရာတိုင်းမှာ ကြောက်စိတ်တွေ ပြန့်အောင်လုပ်ပြီးတော့၊ပွားအောင် လုပ်ပြီးတော့လူတိုင်းကို ကြောက်စိတ်နဲ့ လွှမ်းမိုးတဲ့ ပုဂ္ဂိုလ်မဖြစ်ပါစေနဲ့။

“ကြည့်စမ်း ဟိုလူက နင့်ကို အဲ့လိုပြောတယ်”ဆိုရင်ဒီဘက်ကလူ ကြောက်စိတ်ဝင်လာတယ်။

အဲ့ဒီ ကြောက်စိတ်ကနေ မနာလိုတဲ့စိတ်၊အဲ့ဒီလို ပုံစံမျိုးနဲ့ စိတ်ဝမ်းတွေကွဲကြတယ်။ အဲ့ဒီလို လုပ်တဲ့သူ မဖြစ်အောင် သတိထားကြပါ။

မြတ်စွာဘုရားလက်ထက်က ရန်ဖြစ်တဲ့ ရဟန်း နှစ်အုပ်စုနဲ့ ဆက်စပ်ပြီး နောက်ပိုင်းကျတော့ ပုထုဇဉ်ဖြစ်တဲ့ ဒကာတွေ၊ နတ်တွေကပါစိတ်ဝမ်းကွဲသွားတယ်။ ဒါ့ကြောင့် သတိထားကြပါ။

သဘောထားကွဲပြားနေတဲ့ ရဟန်းတော်နှစ်ဖွဲ့ကိုမြတ်စွာဘုရားက ဆုံးမလို့ မနိုင်တဲ့အခါကျတော့တောထဲကို ကြွသွားပြီးတော့ ပါလေယတောထဲမှာဝါတွင်းသုံးလ သီတင်းသုံးတယ်။ တိရစ္ဆာန်တွေက မြတ်စွာဘုရားကို ပြုစုကြတယ်။

စားစရာ၊ သောက်စရာတွေ လာပြီးတော့ပေးတယ်။

မြတ်စွာဘုရားရဲ့ မေတ္တာတော်ကြောင့် မြတ်စွာဘုရားနားမှာ နေပြီးတော့ စားစရာတွေနဲ့ ဆင်တွေ၊မျောက်တွေ မြတ်စွာဘုရားနားလာပြီး ပြုစုကြတယ်။

မြတ်စွာဘုရားပျောက်နေတယ်ဆိုတာကို ဒကာတွေသိတာနဲ့ “မြတ်စွာဘုရား ဘာဖြစ်လို့ မရှိတာလဲ၊ ဘာလို့လဲ” မေးတဲ့အခါကျတော့ ဘုန်းကြီးတွေ စိတ်ဝမ်းကွဲလို့၊အချင်းချင်းရန်ဖြစ်နေကြလို့ တစ်ဖက်နဲ့ တစ်ဖက် အတင်းတုပ်နေလို့၊ တစ်ဖက်နဲ့ တစ်ဖက် အဆိုးပဲ မြင်နေကြလို့ ဆိုတာ သိသွားတယ်။

ကောင်းကွက်တွေ အများကြီးပဲ။ ဝိနည်းဓိုရ်ဘက်ကလည်း ကောင်းကွက်တွေ အများကြီးပဲ။

တကယ်ကြိုးစားပြီးတော့ သာသနာ့ဘောင်မှာ ပရိပတ်ကော ပရိယတ်ရော ကြိုးစားနေကြတာ။ဓမ္မကထိကတွေလည်း ဒီအတိုင်းပဲ။ ကြိုးစားပြီးတော့ လုပ်နေတယ်။

ဒီကြိုးစားတဲ့ကြားထဲက တခါတခါ သတိလစ်သွားရင်ဒီလိုပဲ ကြောက်စိတ်တွေ ဝင်သွားပြီးတော့ “ငါ့ကို ဒီလိုပြောတယ်။ ငါ့ကို ဒီလိုပြောတယ်”။ “ငါ” ဆိုပြီး ဖြစ်သွားပြီ။

အဲ့ဒီလို အသွားမတော်တော့ တစ်လှမ်း၊ ပြောတဲ့စကားက အဆင်မပြေတာ။ အဆင်မပြေတဲ့ စကားတစ်ခွန်းနဲ့ စိတ်ဝမ်းတွေ ကွဲကြတယ်။

အဲ့ဒီလို ဖြစ်တော့ ဒကာတွေက “ဒီအတိုင်းဆိုရင်တော့ ဒီရဟန်းတွေကို ဆွမ်းမလောင်းတော့ဘူး” ဆိုပြီးတော့ အသိဉာဏ်ရှိတဲ့ ဒကာတွေက ဆွမ်းမလောင်းတော့ဘူး။

ဘုရင်ကြီးကလည်း အဲ့ဒါကို သိလာပြီ။ကျောင်းဒကာကြီးတွေလည်း အဲ့ဒါကို သိလာပြီ။ဆွမ်းမလောင်းတော့ ရဟန်းတော်တွေ ထိခိုက်လာတယ်။

ဒါ့ကြောင့် ကွဲပြဲနေတဲ့ နှစ်ဖက်ကို ကိုယ်က ပြန်ပြီးတော့ ညီညွတ်အောင် လုပ်တဲ့နေရာမှာ “ငါ ဘာလုပ်နိုင်တုန်း”။ပိုပြီးတော့ ကွဲပြဲအောင် မလုပ်မိဖို့။

ကွဲပြဲနေတဲ့ပြဿနာ၊ စိတ်ဝမ်းကွဲနေတဲ့ ပြဿနာညီညွတ်အောင်လုပ်နိုင်ဖို့ ပထမဆုံး ကိုယ့်ကိုယ် စဉ်းစား။

အဲ့ဒီလို ဘေးပတ်ဝန်းကျင်ကနေ ဝိုင်းပြီးတော့ ကူညီလို့ ဒီရဟန်းတော်တွေ သူတို့ နောင်တရသွားတယ်။

နောင်တရတာမှ တကယ့်အစစ်ရတာ။မြတ်စွာဘုရားကို သွားပြီးတော့ တောင်းပန်တယ်။ ဒကာတွေကိုလည်း ပြောတယ်။ “တို့မှားပြီ”။

ဒီလိုပဲ နှစ်ဖက်စလုံးက ဒီလိုပြောတာ။ အဲ့ဒါနဲ့ ဝါကျွတ်ပြီးတော့ မြတ်စွာဘုရား ဃောသိတာရုံကို ပြန်လာတဲ့အခါမှာ မြတ်စွာဘုရားဟောတာက လွယ်လွယ်လေးပဲ။

“သေခြင်းတရား ရှိနေတယ်ဆိုတာကို မေ့နေတဲ့သူက ဒီလိုပဲ ဘာမှ မဟုတ်တာလေးနဲ့ စကားများတတ်တယ်” တဲ့။

ငါတို့ ရထားတဲ့ အချိန်က အကန့်အသတ်ရှိတယ်။ အချိန်က အရမ်းတန်ဖိုးရှိတယ်။ အဲ့ဒီလို သိတဲ့ပုဂ္ဂိုလ်က အချိန်မဖြုန်းတော့ဘူး။ စကားမများတော့ဘူး။

ဒါ့ကြောင့် မရဏသတိ – ဘဝအချိန်အကန့်အသတ်ရှိတယ်လို့ သိတဲ့အသိလေး အဲ့ဒီအသိလေးက နေ့စဉ်ဘဝကို နေတတ်အောင်သင်ပေးတယ်။ အဲ့ဒီအသိလေးက အခြေခံတယ်။

စိတ်ကို သင်ကြားတဲ့နေရာမှာ မရဏအကြောင်း မသိဘူးဆိုရင် သေတာ ကြောက်တယ်။

သေတာကြောက်နေတယ် ဆိုရင်ဒီစိတ်က လောကဓံဒဏ်ကို မခံနိုင်သေးဘူး။

ဘဝနေနည်း မနေတတ်သေးဘူး။ သေတာကြောက်နေတဲ့အခါကျတော့နေရာတိုင်းမှာ ဒီအကြောက်တရားနဲ့ နေနေတာ။

ဒီအတိုင်းနေပြီးတော့ စိတ်ညစ်ပြီးတော့လည်း မသေချင်နဲ့တဲ့။ စိတ်ညစ်ပြီးတော့ သေချင်တာက အဘိဓမ္မာလေ့လာဖူးတဲ့၊ အဘိဓမ္မာစာမေးပွဲဖြေဖူးတဲ့သူတွေသိတယ်။ စိတ်ညစ်ပြီးတော့ သေချင်တယ်ဆိုရင်လည်း ဒေါသပဲ။ သေခြင်းတရားကို ကြောက်တယ်ဆိုတာလည်း ဒေါသပဲ။

ဒေါသဆိုရင် မိမိရဲ့ စိတ်ခံစားမှု emotion ဒဏ်ရာရနေတာနဲ့ တူတယ်။

ဒါပေမဲ့ တကယ်ရှိနေတဲ့ ဒီသေခြင်းတရား၊တကယ့်အမှန်တရားကို လျစ်လျူမရှုနဲ့။

လျစ်လျူရှုမယ့်အစား ဆရာတော်ကြီးတစ်ပါး အမိန့်ရှိသလို “မသေခင်မှာ အရင်သေကြည့်ပါ”တဲ့။

ဆိုလိုတာက မရဏသတိတရား ပွားပါ။ မသေခင်မှာ အရင်သေကြည့်ရင် တကယ်သေရမယ့်အချိန်မှာ သေတတ်တယ်။

မသေခင်မှာ အရင်သေထားတဲ့အခါကျတော့ မသေခင်မှာ ဘဝကို နေတတ်တယ်တဲ့။ အဲ့ဒီတော့ သေခြင်းတရားတကယ်ရှိတယ်။

အချိန်မရွေးသေနိုင်တယ်။ ဘယ်နေ့သေမယ်ဆိုတာ ပြက္ခဒိန်ထဲမှာမှတ်သားထားတာ မရှိဘူး။ နေ့တိုင်းဖြစ်နိုင်တယ်။ Death has no calendar ဆိုတာသေခြင်းတရားက ပြက္ခဒိန်မရှိဘူး။

အောက်စဖိုဒ့်ဆရာတော်ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ

ကိုယ့္ေၾကာင့္ တစ္ရပ္ကြက္လံုး စိတ္ဝမ္းမကြဲေစနဲ႔။ အျပစ္ႀကီးတယ္။

ကိုယ့္ေၾကာင့္ တစ္သင္းလံုး စိတ္ဝမ္းမကြဲေစနဲ႔၊ အျပစ္ႀကီးတယ္။

“လူေတြကို ညီညြတ္ေအာင္ လုပ္ႏိုင္တဲ့ ပုဂၢိဳလ္ပဲ ျဖစ္ပါေစ”လို႔ ကိုယ့္ကိုယ္ သံႏၷိ႒ာန္ျပဳပါ။ အဲ့ဒီလို ေလာကႀကီးကို အက်ိဳးျပဳႏိုင္တဲ့ ပုဂၢိဳလ္ပဲ ျဖစ္ပါေစ။

ေနရာတိုင္းမွာ ေၾကာက္စိတ္ေတြ ျပန္႔ေအာင္လုပ္ၿပီးေတာ့၊ပြားေအာင္ လုပ္ၿပီးေတာ့လူတိုင္းကို ေၾကာက္စိတ္နဲ႔ လႊမ္းမိုးတဲ့ ပုဂၢိဳလ္မျဖစ္ပါေစနဲ႔။

“ၾကည့္စမ္း ဟိုလူက နင့္ကို အဲ့လိုေျပာတယ္”ဆိုရင္ဒီဘက္ကလူ ေၾကာက္စိတ္ဝင္လာတယ္။

အဲ့ဒီ ေၾကာက္စိတ္ကေန မနာလိုတဲ့စိတ္၊အဲ့ဒီလို ပံုစံမ်ိဳးနဲ႔ စိတ္ဝမ္းေတြကြဲၾကတယ္။ အ့ဲဒီလို လုပ္တဲ့သူ မျဖစ္ေအာင္ သတိထားၾကပါ။

ျမတ္စြာဘုရားလက္ထက္က ရန္ျဖစ္တဲ့ ရဟန္း ႏွစ္အုပ္စုနဲ႔ ဆက္စပ္ၿပီး ေနာက္ပိုင္းက်ေတာ့ ပုထုဇဥ္ျဖစ္တဲ့ ဒကာေတြ၊ နတ္ေတြကပါစိတ္ဝမ္းကြဲသြားတယ္။ ဒါ့ေၾကာင့္ သတိထားၾကပါ။

သေဘာထားကြဲျပားေနတဲ့ ရဟန္းေတာ္ႏွစ္ဖြဲ႔ကိုျမတ္စြာဘုရားက ဆံုးမလို႔ မႏိုင္တဲ့အခါက်ေတာ့ေတာထဲကို ႂကြသြားၿပီးေတာ့ ပါေလယေတာထဲမွာဝါတြင္းသံုးလ သီတင္းသံုးတယ္။ တိရစာၦန္ေတြက ျမတ္စြာဘုရားကို ျပဳစုၾကတယ္။

စားစရာ၊ ေသာက္စရာေတြ လာၿပီးေတာ့ေပးတယ္။

ျမတ္စြာဘုရားရဲ႕ ေမတၱာေတာ္ေၾကာင့္ ျမတ္စြာဘုရားနားမွာ ေနၿပီးေတာ့ စားစရာေတြနဲ႔ ဆင္ေတြ၊ေမ်ာက္ေတြ ျမတ္စြာဘုရားနားလာၿပီး ျပဳစုၾကတယ္။

ျမတ္စြာဘုရားေပ်ာက္ေနတယ္ဆိုတာကို ဒကာေတြသိတာနဲ႔ “ျမတ္စြာဘုရား ဘာျဖစ္လို႔ မရွိတာလဲ၊ ဘာလို႔လဲ” ေမးတဲ့အခါက်ေတာ့ ဘုန္းႀကီးေတြ စိတ္ဝမ္းကြဲလို႔၊အခ်င္းခ်င္းရန္ျဖစ္ေနၾကလို႔ တစ္ဖက္နဲ႔ တစ္ဖက္ အတင္းတုပ္ေနလို႔၊ တစ္ဖက္နဲ႔ တစ္ဖက္ အဆိုးပဲ ျမင္ေနၾကလို႔ ဆိုတာ သိသြားတယ္။

ေကာင္းကြက္ေတြ အမ်ားႀကီးပဲ။ ဝိနည္းဓိုရ္ဘက္ကလည္း ေကာင္းကြက္ေတြ အမ်ားႀကီးပဲ။

တကယ္ႀကိဳးစားၿပီးေတာ့ သာသနာ့ေဘာင္မွာ ပရိပတ္ေကာ ပရိယတ္ေရာ ႀကိဳးစားေနၾကတာ။ဓမၼကထိကေတြလည္း ဒီအတိုင္းပဲ။ ႀကိဳးစားၿပီးေတာ့ လုပ္ေနတယ္။

ဒီႀကိဳးစားတဲ့ၾကားထဲက တခါတခါ သတိလစ္သြားရင္ဒီလိုပဲ ေၾကာက္စိတ္ေတြ ဝင္သြားၿပီးေတာ့ “ငါ့ကို ဒီလိုေျပာတယ္။ ငါ့ကို ဒီလိုေျပာတယ္”။ “ငါ” ဆိုၿပီး ျဖစ္သြားၿပီ။

အဲ့ဒီလို အသြားမေတာ္ေတာ့ တစ္လွမ္း၊ ေျပာတဲ့စကားက အဆင္မေျပတာ။ အဆင္မေျပတဲ့ စကားတစ္ခြန္းနဲ႔ စိတ္ဝမ္းေတြ ကြဲၾကတယ္။

အဲ့ဒီလို ျဖစ္ေတာ့ ဒကာေတြက “ဒီအတိုင္းဆိုရင္ေတာ့ ဒီရဟန္းေတြကို ဆြမ္းမေလာင္းေတာ့ဘူး” ဆိုၿပီးေတာ့ အသိဥာဏ္ရွိတဲ့ ဒကာေတြက ဆြမ္းမေလာင္းေတာ့ဘူး။

ဘုရင္ႀကီးကလည္း အဲ့ဒါကို သိလာၿပီ။ေက်ာင္းဒကာႀကီးေတြလည္း အဲ့ဒါကို သိလာၿပီ။ဆြမ္းမေလာင္းေတာ့ ရဟန္းေတာ္ေတြ ထိခိုက္လာတယ္။

ဒါ့ေၾကာင့္ ကြဲျပဲေနတဲ့ ႏွစ္ဖက္ကို ကိုယ္က ျပန္ၿပီးေတာ့ ညီညြတ္ေအာင္ လုပ္တဲ့ေနရာမွာ “ငါ ဘာလုပ္ႏိုင္တုန္း”။ပိုၿပီးေတာ့ ကြဲျပဲေအာင္ မလုပ္မိဖို႔။

ကြဲျပဲေနတဲ့ျပႆနာ၊ စိတ္ဝမ္းကြဲေနတဲ့ ျပႆနာညီညြတ္ေအာင္လုပ္ႏိုင္ဖို႔ ပထမဆံုး ကိုယ့္ကိုယ္ စဥ္းစား။

အဲ့ဒီလို ေဘးပတ္ဝန္းက်င္ကေန ဝိုင္းၿပီးေတာ့ ကူညီလို႔ ဒီရဟန္းေတာ္ေတြ သူတို႔ ေနာင္တရသြားတယ္။

ေနာင္တရတာမွ တကယ့္အစစ္ရတာ။ျမတ္စြာဘုရားကို သြားၿပီးေတာ့ ေတာင္းပန္တယ္။ ဒကာေတြကိုလည္း ေျပာတယ္။ “တို႔မွားၿပီ”။

ဒီလိုပဲ ႏွစ္ဖက္စလံုးက ဒီလိုေျပာတာ။ အဲ့ဒါနဲ႔ ဝါကၽြတ္ၿပီးေတာ့ ျမတ္စြာဘုရား ေဃာသိတာရံုကို ျပန္လာတဲ့အခါမွာ ျမတ္စြာဘုရားေဟာတာက လြယ္လြယ္ေလးပဲ။

“ေသျခင္းတရား ရွိေနတယ္ဆိုတာကို ေမ့ေနတဲ့သူက ဒီလိုပဲ ဘာမွ မဟုတ္တာေလးန႔ဲ စကားမ်ားတတ္တယ္” တဲ႔။

ငါတို႔ ရထားတဲ့ အခ်ိန္က အကန္႔အသတ္ရွိတယ္။ အခ်ိန္က အရမ္းတန္ဖိုးရွိတယ္။ အဲ့ဒီလို သိတဲ့ပုဂၢိဳလ္က အခ်ိန္မျဖဳန္းေတာ့ဘူး။ စကားမမ်ားေတာ့ဘူး။

ဒါ့ေၾကာင့္ မရဏသတိ – ဘဝအခ်ိန္အကန္႔အသတ္ရွိတယ္လို႔ သိတဲ့အသိေလး အဲ့ဒီအသိေလးက ေန႔စဥ္ဘဝကို ေနတတ္ေအာင္သင္ေပးတယ္။ အဲ့ဒီအသိေလးက အေျခခံတယ္။

စိတ္ကို သင္ၾကားတဲ့ေနရာမွာ မရဏအေၾကာင္း မသိဘူးဆိုရင္ ေသတာ ေၾကာက္တယ္။

ေသတာေၾကာက္ေနတယ္ ဆိုရင္ဒီစိတ္က ေလာကဓံဒဏ္ကို မခံႏိုင္ေသးဘူး။

ဘဝေနနည္း မေနတတ္ေသးဘူး။ ေသတာေၾကာက္ေနတဲ့အခါက်ေတာ့ေနရာတိုင္းမွာ ဒီအေၾကာက္တရားနဲ႔ ေနေနတာ။

ဒီအတိုင္းေနၿပီးေတာ့ စိတ္ညစ္ၿပီးေတာ့လည္း မေသခ်င္နဲ႔တဲ့။ စိတ္ညစ္ၿပီးေတာ့ ေသခ်င္တာက အဘိဓမၼာေလ့လာဖူးတဲ့၊ အဘိဓမၼာစာေမးပြဲေျဖဖူးတဲ့သူေတြသိတယ္။ စိတ္ညစ္ၿပီးေတာ့ ေသခ်င္တယ္ဆိုရင္လည္း ေဒါသပဲ။ ေသျခင္းတရားကို ေၾကာက္တယ္ဆိုတာလည္း ေဒါသပဲ။

ေဒါသဆိုရင္ မိမိရဲ႕ စိတ္ခံစားမႈ emotion ဒဏ္ရာရေနတာနဲ႔ တူတယ္။

ဒါေပမဲ့ တကယ္ရွိေနတဲ့ ဒီေသျခင္းတရား၊တကယ့္အမွန္တရားကို လ်စ္လ်ဴမရႈနဲ႔။

လ်စ္လ်ဴရႈမယ့္အစား ဆရာေတာ္ႀကီးတစ္ပါး အမိန္႔ရွိသလို “မေသခင္မွာ အရင္ေသၾကည့္ပါ”တဲ့။

ဆိုလိုတာက မရဏသတိတရား ပြားပါ။ မေသခင္မွာ အရင္ေသၾကည့္ရင္ တကယ္ေသရမယ့္အခ်ိန္မွာ ေသတတ္တယ္။

မေသခင္မွာ အရင္ေသထားတဲ့အခါက်ေတာ့ မေသခင္မွာ ဘဝကို ေနတတ္တယ္တဲ့။ အဲ့ဒီေတာ့ ေသျခင္းတရားတကယ္ရွိတယ္။

အခ်ိန္မေရြးေသႏိုင္တယ္။ ဘယ္ေန႔ေသမယ္ဆိုတာ ျပကၡဒိန္ထဲမွာမွတ္သားထားတာ မရွိဘူး။ ေန႔တိုင္းျဖစ္ႏိုင္တယ္။ Death has no calendar ဆိုတာေသျခင္းတရားက ျပကၡဒိန္မရွိဘူး။

ေအာက္စဖိုဒ့္ဆရာေတာ္ပါေမာကၡေဒါက္တာ ဘဒၵႏၲဓမၼသာမိ