စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ – ရဝေနွယ်(အင်းမ)

စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ.

အဖြေက တိုတိုလေးပါပဲ။ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တွေကိန်းနေရင် စိတ်ဆင်းရဲရပါတယ်။

ကိုယ့်ရင်ထဲမှာ ကုသိုလ်စိတ်တွေကိန်းနေရင် စိတ်ချမ်းသာရပါတယ်။

တစ်ခါတစ်လေ စိတ်ချမ်းသာနေပြီဆိုရင်ကိုယ့်ရင်ထဲကို ပြန်အာရုံပြုကြည့်လိုက်ပါ။ကုသိုလ်စိတ်တွေ ကိန်းနေတာ တွေ့ရလိမ့်မယ်။

ဒါနနဲ့ယှဉ်တဲ့ ကုသိုလ်ပဲ ဖြစ်ဖြစ်၊ဝေယျာဝစ္စပရဟိတနဲ့ယှဉ်တဲ့ ကုသိုလ်ပဲ ဖြစ်ဖြစ်၊ဂုဏ်တော် မေတ္တာ ဝိပဿနာနဲ့ယှဉ်တဲ့ ကုသိုလ်ပဲဖြစ်ဖြစ်ကုသိုလ်တစ်ခုခု ကိန်းနေလို့ပါ။

ဒီလိုပါပဲ။စိတ်ဆင်းရဲနေရပြီဆိုရင်လည်းအကုသိုလ်စိတ်တစ်ခုခု ကိန်းနေလို့ပါ။

ဒေါသပဲဖြစ်ဖြစ်၊ ဣဿာမစ္ဆရိယပဲဖြစ်ဖြစ်အကုသိုလ်စိတ်တစ်ခုခုဝင်နေတာ တွေ့ရပါလိမ့်မယ်။

တကယ့်လို့ စိတ်ဆင်းရဲနေလို့ကိုယ့်ရင်ထဲကို သတိနဲ့ပြန်ကြည့်လို့အကုသိုလ်စိတ်တစ်ခုခု ကိန်းနေတာ တွေ့ရရင်” ဒီအကုသိုလ်စိတ်ကလေးကြောင့် ငါစိတ်ဆင်းရဲ နေတာပဲ “ဆိုပြီး ဆင်ခြင်လိုက်ပါ။

ပြီးရင် ကိုယ်ကြိုက်တဲ့ ဣရိယာပုထ်နဲ့သေချာထိုင်ပြီး ကိုယ့်ရင်ထဲက အကုသိုလ်စိတ်ကလေးကိုစိတ်နဲ့ပဲ ပြန်သိနေလိုက်ပါ။

တစ်မိနစ်ပဲဖြစ်ဖြစ်၊ နှစ်မိနစ်ပဲဖြစ်ဖြစ်၊ သုံးမိနစ်ပဲဖြစ်ဖြစ်ငါးမိနစ်-ဆယ်မိနစ်ပဲ ဖြစ်ဖြစ် အချိန်ကလေး ယူပြီးကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ကလေးကို သတိကပ်ပြီးသိနေလိုက်ပါ။

သိပါ သိပါ များလာရင် ထွက်သွားပါလိမ့်မယ်။တစ်ခုတော့ ရှိပါတယ်။ ကိုယ့်ရင်ထဲရောက်နေတဲ့အကုသိုလ်က သိပ်ကြီးနေရင်တော့အချိန်ကလေးတော့ ယူပေးရပါမယ်။

ဒါက စိတ္တနုပဿနာခေါ်တဲ့ ဝိပဿနာနဲ့အဆင့်မြင့်မြင့် ပယ်ထုတ်ပစ်လိုက်တာပါ။

ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တစ်ခုခုဝင်လာရင်အဲဒီအကုသိုလ်စိတ်ကို ဉာဏ်နဲ့စိုက်ကြည့်တဲ့အလုပ်ကိုသေချာ ထုံထားလိုက်ပါ။

ကြာလာရင်ကိုယ်မျှော်လင့်တဲ့ စိတ်ချမ်းသာမှုလေးတွေရောက်လာပါလိမ့်မယ်။

ကိုယ်က ဝိပဿနာနဲ့ အဆင့်မြင့်မြင့်မပယ်နိုင်သေးဘူးဆိုရင်တော့ ဖြစ်နေတဲ့အကုသိုလ်ကလေးကိုပဲ စိုက်ကြည့်ပြီး” အကုသိုလ်ဆိုတာ မကောင်းဘူး၊စိတ်ကိုလည်း ပူလောင်စေတယ်၊

ရုပ်ကိုလည်း ပူလောင်စေတယ် ” လို့ထပ်ကာ ထပ်ကာလေး ဆင်ခြင်ပေးနေလိုက်ပါ။ကိုယ့်ရဲ့ အကုသိုလ်လေးက ထွက်သွားတာများတယ်။

ဆင်ခြင်ပေမယ့် အသိဉာဏ်ပိုင်းကလက်မခံသေးဘူးဆိုရင်တော့ အကုသိုလ်ကမထွက်သေးပါဘူး။ ဆင်ခြင်မှုတွေများလာတဲ့အခါအသိဉာဏ်ပိုင်းက လက်ခံသွားတဲ့အခါမှာတော့အကုသိုလ်လေးက မနေဝံ့တော့ပါဘူး။ထွက်ကိုထွက် သွားရတော့တာပါ။

ရဝေနွယ်(အင်းမ)

စိတ္ခ်မ္းသာေအာင္ ဘယ္လိုေနမလဲ.

အေျဖက တိုတိုေလးပါပဲ။ကိုယ့္ရင္ထဲမွာ အကုသိုလ္စိတ္ေတြကိန္းေနရင္ စိတ္ဆင္းရဲရပါတယ္။

ကိုယ့္ရင္ထဲမွာ ကုသိုလ္စိတ္ေတြကိန္းေနရင္ စိတ္ခ်မ္းသာရပါတယ္။

တစ္ခါတစ္ေလ စိတ္ခ်မ္းသာေနၿပီဆိုရင္ကိုယ့္ရင္ထဲကို ျပန္အာရံုျပဳၾကည့္လိုက္ပါ။ကုသိုလ္စိတ္ေတြ ကိန္းေနတာ ေတြ႕ရလိမ့္မယ္။

ဒါနနဲ႔ယွဥ္တဲ့ ကုသိုလ္ပဲ ျဖစ္ျဖစ္၊ေ၀ယ်ာ၀စၥပရဟိတနဲ႔ယွဥ္တဲ့ ကုသိုလ္ပဲ ျဖစ္ျဖစ္၊ဂုဏ္ေတာ္ ေမတၱာ ၀ိပႆနာနဲ႔ယွဥ္တဲ့ ကုသိုလ္ပဲျဖစ္ျဖစ္ကုသိုလ္တစ္ခုခု ကိန္းေနလို႔ပါ။

ဒီလိုပါပဲ။စိတ္ဆင္းရဲေနရၿပီဆိုရင္လည္းအကုသိုလ္စိတ္တစ္ခုခု ကိန္းေနလို႔ပါ။

ေဒါသပဲျဖစ္ျဖစ္၊ ဣႆာမစၧရိယပဲျဖစ္ျဖစ္အကုသိုလ္စိတ္တစ္ခုခု၀င္ေနတာ ေတြ႕ရပါလိမ့္မယ္။

တကယ့္လို႔ စိတ္ဆင္းရဲေနလို႔ကုိယ့္ရင္ထဲကို သတိနဲ႔ျပန္ၾကည့္လို႔အကုသိုလ္စိတ္တစ္ခုခု ကိန္းေနတာ ေတြ႔ရရင္” ဒီအကုသိုလ္စိတ္ကေလးေၾကာင့္ ငါစိတ္ဆင္းရဲ ေနတာပဲ “ဆိုၿပီး ဆင္ျခင္လိုက္ပါ။

ၿပီးရင္ ကိုယ္ႀကိဳက္တဲ့ ဣရိယာပုထ္နဲ႔ေသခ်ာထိုင္ၿပီး ကိုယ့္ရင္ထဲက အကုသိုလ္စိတ္ကေလးကိုစိတ္နဲ႔ပဲ ျပန္သိေနလိုက္ပါ။

တစ္မိနစ္ပဲျဖစ္ျဖစ္၊ ႏွစ္မိနစ္ပဲျဖစ္ျဖစ္၊ သံုးမိနစ္ပဲျဖစ္ျဖစ္ငါးမိနစ္-ဆယ္မိနစ္ပဲ ျဖစ္ျဖစ္ အခ်ိန္ကေလး ယူၿပီးကိုယ့္ရင္ထဲမွာ ျဖစ္ေနတဲ့ စိတ္ကေလးကို သတိကပ္ၿပီးသိေနလိုက္ပါ။

သိပါ သိပါ မ်ားလာရင္ ထြက္သြားပါလိမ့္မယ္။တစ္ခုေတာ့ ရွိပါတယ္။ ကိုယ့္ရင္ထဲေရာက္ေနတဲ့အကုသိုလ္က သိပ္ႀကီးေနရင္ေတာ့အခ်ိန္ကေလးေတာ့ ယူေပးရပါမယ္။

ဒါက စိတၱႏုပႆနာေခၚတဲ့ ၀ိပႆနာနဲ႔အဆင့္ျမင့္ျမင့္ ပယ္ထုတ္ပစ္လိုက္တာပါ။

ကိုယ့္ရင္ထဲမွာ အကုသိုလ္စိတ္တစ္ခုခု၀င္လာရင္အဲဒီအကုသိုလ္စိတ္ကို ဉာဏ္နဲ႔စိုက္ၾကည့္တဲ့အလုပ္ကိုေသခ်ာ ထံုထားလိုက္ပါ။

ၾကာလာရင္ကိုယ္ေမွ်ာ္လင့္တဲ့ စိတ္ခ်မ္းသာမႈေလးေတြေရာက္လာပါလိမ့္မယ္။

ကိုယ္က ၀ိပႆနာနဲ႔ အဆင့္ျမင့္ျမင့္မပယ္ႏိုင္ေသးဘူးဆိုရင္ေတာ့ ျဖစ္ေနတဲ့အကုသိုလ္ကေလးကိုပဲ စိုက္ၾကည့္ၿပီး” အကုသိုလ္ဆိုတာ မေကာင္းဘူး၊စိတ္ကိုလည္း ပူေလာင္ေစတယ္၊

ရုပ္ကိုလည္း ပူေလာင္ေစတယ္ ” လို႔ထပ္ကာ ထပ္ကာေလး ဆင္ျခင္ေပးေနလိုက္ပါ။ကိုယ့္ရဲ႕ အကုသိုလ္ေလးက ထြက္သြားတာမ်ားတယ္။

ဆင္ျခင္ေပမယ့္ အသိဉာဏ္ပိုင္းကလက္မခံေသးဘူးဆိုရင္ေတာ့ အကုသိုလ္ကမထြက္ေသးပါဘူး။ ဆင္ျခင္မႈေတြမ်ားလာတဲ့အခါအသိဉာဏ္ပိုင္းက လက္ခံသြားတဲ့အခါမွာေတာ့အကုသိုလ္ေလးက မေန၀ံ့ေတာ့ပါဘူး။ထြက္ကိုထြက္ သြားရေတာ့တာပါ။

ရေ၀ႏြယ္(အင္းမ)