မွန္ကန္ရိုးသားစြာအသက္ရွင္ေနသူေတြအတြက္ ဒီအရာေတြကရွက္စရာမဟုတ္ပါဘူး

freepik

ေလာကၾကီးမွာ မေကာင္းမႈလုပ္တာရွက္စရာ၊ မတရားမႈလုပ္တာရွက္စရာ၊ လိမ္တာရွက္စရာ၊ သူမ်ားမိသားစုကို ျပိုကြဲေအာင္လုပ္တာ ရွက္စရာပါ။ သမာအာဇီဝအလုပ္လုပ္တာရွက္စရာမဟုတ္ပါဘူး။ တခ်ိဳ႕လူေတြက ရွက္ရမယ့္အရာနဲ႕ မရွက္ရမယ့္အရာေတြကို ကြဲကြဲျပားျပားမသိဘဲ မရွက္ရမယ့္အရာကိုရွက္ေနၾကပါတယ္။ မွန္မွန္ကန္ကန္ရိုးရိုးသားသားရွင္သန္ေနတဲ့သူအတြက္ ဒီအရာေတြက လံုးဝရွက္စရာမဟုတ္ပါဘူး။

(၁) ဘယ္သူ႕ကိုမွမထိခိုုက္တဲ့၊ သူတစ္ပါးမ်က္ရည္ေပါက္ၾကီးငယ္မက်တဲ့၊ ကိုယ့္အားကိုယ္ကိုးျပီးလုပ္တဲ့ အလုပ္အကိုင္အတြက္ ရွက္စရာမဟုတ္ပါဘူး။

(၂) ကိုယ့္ရဲ႕ခ်ိဳ႕ယြင္းခ်က္၊ အားနည္းခ်က္၊ ကိုယ္မတတ္နိုင္တဲ့အရာေတြအတြက္ ရွက္စရာမလိုပါဘူး။

(၃) တခါတရံတစ္ကိုယ္ေကာင္းဆန္မိတာအတြက္ ရွက္စရာမလိုပါဘူး။

freepik

(၄) ကိုယ့္မိသားစုနဲ႕ ကိုယ္ေပါင္းသင္းတဲ့သူငယ္ခ်င္းေတြက ရွက္စရာမဟုတ္ပါဘူး။

(၅) ကိုယ္ဘယ္လိုၾကီးျပင္းလာတယ္၊ ကိုယ္ဘယ္လိုအေျခအေနေတြကိုျဖတ္သန္းလာတယ္ဆိုတာက ရွက္စရာမဟုတ္ပါဘူး။

(၆) ကိုယ္စားတဲ့အစားအေသာက္က တန္ဖိုးၾကီးအစားအေသာက္ေတြမဟုတ္တဲ့အတြက္ ရွက္စရာမလိုပါဘူး။

(၇) သူမ်ားအိမ္ေထာင္ကိုမျဖိုခြဲသေရြ႕ ကိုယ့္ရဲ႕အိမ္ေထာင္ေရး၊အခ်စ္ေရးက ရွက္စရာမဟုတ္ပါဘူး။ နိမ့္ပါးတဲ့သူကိုေရြးခ်ယ္တာက ရွက္စရာမဟုတ္ပါဘူး။

(၈) ကိုယ့္ပံုစံကသူမ်ားနဲ႕မတူကြဲျပားေနလို႕ ရွက္စရာမလိုပါဘူး။

freepik

(၉) ကိုယ္လိုခ်င္တဲ့ေအာင္ျမင္မႈမရတာ၊ က်ရံႈးတာဟာရွက္စရာမဟုတ္ပါဘူး။

(၁၀) ကိုယ့္ရဲ႕ခႏၶာကိုယ္အခ်ိဳးအစား၊ ကိုယ္အေလးခ်ိန္၊ ရုပ္ရည္ စတာေတြက ရွက္စရာမဟုတ္ပါဘူး။

(၁၁) ကိုယ့္ရဲ႕ဝါသနာကို အေကာင္အထည္ေဖာ္တာက ရွက္စရာမဟုတ္ပါဘူး။

(၁၂) စိတ္ထိခိုက္ခံစားလြယ္တာ၊ စိတ္ေပ်ာ့တာက ရွက္စရာမဟုတ္ပါဘူး။

(၁၃) ကိုယ့္ရဲ႕အဝတ္အစားေတြအေကာင္းစားမဟုတ္လို႕၊ တန္ဖိုးၾကီးအဝတ္အထည္ေတြ မဝတ္ဆင္နိုင္လို႕ ရွက္စရာမလိုပါဘူး။

(၁၄) ကုိယ္ဝန္ပ်က္က်တာ၊ အိမ္ေထာင္ေရးအဆင္မေျပလို႕လမ္းခြဲတာေတြက ရွက္စရာမဟုတ္ပါဘူး။

written by PP

လောကကြီးမှာ မကောင်းမှုလုပ်တာရှက်စရာ၊ မတရားမှုလုပ်တာရှက်စရာ၊ လိမ်တာရှက်စရာ၊ သူများမိသားစုကို ပြိုကွဲအောင်လုပ်တာ ရှက်စရာပါ။ သမာအာဇီဝအလုပ်လုပ်တာရှက်စရာမဟုတ်ပါဘူး။ တချို့လူတွေက ရှက်ရမယ့်အရာနဲ့ မရှက်ရမယ့်အရာတွေကို ကွဲကွဲပြားပြားမသိဘဲ မရှက်ရမယ့်အရာကိုရှက်နေကြပါတယ်။ မှန်မှန်ကန်ကန်ရိုးရိုးသားသားရှင်သန်နေတဲ့သူအတွက် ဒီအရာတွေက လုံးဝရှက်စရာမဟုတ်ပါဘူး။

(၁) ဘယ်သူ့ကိုမှမထိခိုက်တဲ့၊ သူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်မကျတဲ့၊ ကိုယ့်အားကိုယ်ကိုးပြီးလုပ်တဲ့ အလုပ်အကိုင်အတွက် ရှက်စရာမဟုတ်ပါဘူး။

(၂) ကိုယ့်ရဲ့ချို့ယွင်းချက်၊ အားနည်းချက်၊ ကိုယ်မတတ်နိုင်တဲ့အရာတွေအတွက် ရှက်စရာမလိုပါဘူး။

(၃) တခါတရံတစ်ကိုယ်ကောင်းဆန်မိတာအတွက် ရှက်စရာမလိုပါဘူး။

(၄) ကိုယ့်မိသားစုနဲ့ ကိုယ်ပေါင်းသင်းတဲ့သူငယ်ချင်းတွေက ရှက်စရာမဟုတ်ပါဘူး။

(၅) ကိုယ်ဘယ်လိုကြီးပြင်းလာတယ်၊ ကိုယ်ဘယ်လိုအခြေအနေတွေကိုဖြတ်သန်းလာတယ်ဆိုတာက ရှက်စရာမဟုတ်ပါဘူး။

(၆) ကိုယ်စားတဲ့အစားအသောက်က တန်ဖိုးကြီးအစားအသောက်တွေမဟုတ်တဲ့အတွက် ရှက်စရာမလိုပါဘူး။

(၇) သူများအိမ်ထောင်ကိုမဖြိုခွဲသရွေ့ ကိုယ့်ရဲ့အိမ်ထောင်ရေး၊အချစ်ရေးက ရှက်စရာမဟုတ်ပါဘူး။ နိမ့်ပါးတဲ့သူကိုရွေးချယ်တာက ရှက်စရာမဟုတ်ပါဘူး။

(၈) ကိုယ့်ပုံစံကသူများနဲ့မတူကွဲပြားနေလို့ ရှက်စရာမလိုပါဘူး။

(၉) ကိုယ်လိုချင်တဲ့အောင်မြင်မှုမရတာ၊ ကျရှုံးတာဟာရှက်စရာမဟုတ်ပါဘူး။

(၁၀) ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစား၊ ကိုယ်အလေးချိန်၊ ရုပ်ရည် စတာတွေက ရှက်စရာမဟုတ်ပါဘူး။

(၁၁) ကိုယ့်ရဲ့ဝါသနာကို အကောင်အထည်ဖော်တာက ရှက်စရာမဟုတ်ပါဘူး။

(၁၂) စိတ်ထိခိုက်ခံစားလွယ်တာ၊ စိတ်ပျော့တာက ရှက်စရာမဟုတ်ပါဘူး။

(၁၃) ကိုယ့်ရဲ့အဝတ်အစားတွေအကောင်းစားမဟုတ်လို့၊ တန်ဖိုးကြီးအဝတ်အထည်တွေ မဝတ်ဆင်နိုင်လို့ ရှက်စရာမလိုပါဘူး။

(၁၄) ကိုယ်ဝန်ပျက်ကျတာ၊ အိမ်ထောင်ရေးအဆင်မပြေလို့လမ်းခွဲတာတွေက ရှက်စရာမဟုတ်ပါဘူး။

written by PP