မိန္းကေလးေတြဟာ ေယဘုယ်အားျဖင့္ စိတ္သေဘာထားနူးညံ့တဲ့သူေတြျဖစ္ျပီး အခက္အခဲေတြ၊ေလာကဓံေတြကို ၾကံဳေတြ႕ျဖတ္သန္းရတဲ့အခါ သန္မာတဲ့သူေတြအျဖစ္ေျပာင္းသြားၾကပါတယ္။ ဓိတ္ဓာတ္အခိုင္မာဆံုး၊ အသန္မာဆံုးလို႕ထင္ရတဲ့ မိန္းကေလးေတြက ခံစားလြယ္ျပီးအားငယ္တတ္လြန္းသူေတြျဖစ္ေနတတ္ပါတယ္။
ကိုယ့္ကိုယ္ကိုကလြဲရင္အားကိုးစရာမရွိဘူး

စိတ္ဓာတ္ၾကံ့ခိုင္တဲ့မိန္းကေလးေတြဟာ အခက္အခဲေတြ၊ အဆင္မေျပမႈေတြၾကံုလာတဲ့အခါ ကူညီေျဖရွင္းေပးတဲ့သူမရွိတာေၾကာင့္ ကိုယ့္အားကိုကိုးျပီးေျဖရွင္းရပါတယ္။ ကိုယ့္ကိုယ္ကိုကလြဲရင္တျခားအားကိုးစရာမရွိတာမို႕ ၾကိုးစားရင္းနဲ႕သန္မာလာၾကတာျဖစ္ပါတယ္။
ေျဖရွင္းစရာရွိတာအားလံုးသူမေခါင္းေပၚမွာ
ေျဖရွင္းရမယ့္ျပႆနာေတြကသူမေခါင္းေပၚမွာပဲပံုေနတာေၾကာင့္ အရံႈးေပးလိုက္လို႕မျဖစ္ဘဲ အျမဲၾကံ့ၾကံ့ခိုင္ေနရတာျဖစ္ပါတယ္။ အားငယ္တတ္တဲ့စိတ္ကိုဖံုးကြယ္ျပီး အဆင္ေျပေအာင္အျမဲၾကိုးစားေနရတာပါ။
အားေပးတဲ့သူထက္ တက္နင္းခ်င္သူကပိုမ်ားလို႕ အခက္အခဲေတြကိုဖြင့္မေျပာရဲဘူး
ၾကံ့ခိုင္တဲ့မိန္းကေလးဆိုတာလည္း အားငယ္တတ္ေပမယ့္ ကိုယ္အဆင္မေျပတာေတြကိုဖြင့္ေျပာလိုက္တဲ့အခါ အားေပးမယ့္သူထက္ တက္နင္းခ်င္တဲ့သူေတြကပိုမ်ားတာေၾကာင့္ ကိုယ့္ရဲ႕အဆင္မေျပမႈေတြကို ဖြင့္မေျပာရဲဘူး။ ဘာမွမျဖစ္သလို ျမိုသိပ္ေနရတယ္။
တျခားသူေတြအတြက္ဂရုစိုက္ရလြန္းလို႕ ကိုယ့္ကိုယ္ကိုဂရုစိုက္ဖို႕ေမ့ေနခဲ့တယ္

သန္မာတဲ့သူေတြက သူတို႕ကိုယ္တိုင္ထက္ တျခားသူေတြအဆင္ေျပဖို႕၊ တျခားသူေတြအတြက္ပိုဂရုစိုက္ျပီး စဉ္းစားတာေၾကာင့္ ကိုယ့္စိတ္ခံစားခ်က္ကိုေတာ့ ခ်ိုးနွိမ္ထားတတ္ပါတယ္။ ကိုယ္ပိုင္ခံစားခ်က္ကိုခ်ိုးနွိမ္ထားရလို႕ ပင္ပန္းေနေပမယ့္ တျခားသူေတြကိုယ့္အတြက္ စိတ္မပူဖို႕ ပိုအေရးၾကီးေနတာမ်ိဳးပါ။
လံုးဝမထူေထာင္နိုင္ေအာင္ျပိုလဲေနတဲ့ေန႕ရက္ေတြေတာင္ရွိတယ္
အခက္အခဲေတြကိုၾကံ့ၾကံ့ခံေက်ာ္ျဖတ္ခဲ့လို႕ မျပိုလဲတတ္တဲ့သူလို႕မထင္ပါနဲ႕။ စိတ္ဓာတ္ေတြအရမ္းက်ေနျပီး မထူေထာင္နိုင္ေလာက္ေအာင္ ျပိုလဲေနတဲ့ေန႕ရက္ေတြလည္း ရွိခဲ့ပါတယ္။ ေလာကဓံကိုဘယ္ေလာက္ပဲၾကံ့ၾကံ့ခံျပီး သန္မာေနတဲ့သူတစ္ေယာက္ဆိုေပမယ့္ မထူေထာင္နိုင္ေအာင္ျပိုလဲေနတဲ့ေန႕ရက္ေတြရွိခဲ့တာကို လူေတြမသိခဲ့ပါဘူး။
written by PP
မိန်းကလေးတွေဟာ ယေဘုယျအားဖြင့် စိတ်သဘောထားနူးညံ့တဲ့သူတွေဖြစ်ပြီး အခက်အခဲတွေ၊လောကဓံတွေကို ကြုံတွေ့ဖြတ်သန်းရတဲ့အခါ သန်မာတဲ့သူတွေအဖြစ်ပြောင်းသွားကြပါတယ်။ ဓိတ်ဓာတ်အခိုင်မာဆုံး၊ အသန်မာဆုံးလို့ထင်ရတဲ့ မိန်းကလေးတွေက ခံစားလွယ်ပြီးအားငယ်တတ်လွန်းသူတွေဖြစ်နေတတ်ပါတယ်။
ကိုယ့်ကိုယ်ကိုကလွဲရင်အားကိုးစရာမရှိဘူး
စိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းကလေးတွေဟာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကြုံလာတဲ့အခါ ကူညီဖြေရှင်းပေးတဲ့သူမရှိတာကြောင့် ကိုယ့်အားကိုကိုးပြီးဖြေရှင်းရပါတယ်။ ကိုယ့်ကိုယ်ကိုကလွဲရင်တခြားအားကိုးစရာမရှိတာမို့ ကြိုးစားရင်းနဲ့သန်မာလာကြတာဖြစ်ပါတယ်။
ဖြေရှင်းစရာရှိတာအားလုံးသူမခေါင်းပေါ်မှာ
ဖြေရှင်းရမယ့်ပြဿနာတွေကသူမခေါင်းပေါ်မှာပဲပုံနေတာကြောင့် အရှုံးပေးလိုက်လို့မဖြစ်ဘဲ အမြဲကြံ့ကြံ့ခိုင်နေရတာဖြစ်ပါတယ်။ အားငယ်တတ်တဲ့စိတ်ကိုဖုံးကွယ်ပြီး အဆင်ပြေအောင်အမြဲကြိုးစားနေရတာပါ။
အားပေးတဲ့သူထက် တက်နင်းချင်သူကပိုများလို့ အခက်အခဲတွေကိုဖွင့်မပြောရဲဘူး
ကြံ့ခိုင်တဲ့မိန်းကလေးဆိုတာလည်း အားငယ်တတ်ပေမယ့် ကိုယ်အဆင်မပြေတာတွေကိုဖွင့်ပြောလိုက်တဲ့အခါ အားပေးမယ့်သူထက် တက်နင်းချင်တဲ့သူတွေကပိုများတာကြောင့် ကိုယ့်ရဲ့အဆင်မပြေမှုတွေကို ဖွင့်မပြောရဲဘူး။ ဘာမှမဖြစ်သလို မြိုသိပ်နေရတယ်။
တခြားသူတွေအတွက်ဂရုစိုက်ရလွန်းလို့ ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့မေ့နေခဲ့တယ်
သန်မာတဲ့သူတွေက သူတို့ကိုယ်တိုင်ထက် တခြားသူတွေအဆင်ပြေဖို့၊ တခြားသူတွေအတွက်ပိုဂရုစိုက်ပြီး စဉ်းစားတာကြောင့် ကိုယ့်စိတ်ခံစားချက်ကိုတော့ ချိုးနှိမ်ထားတတ်ပါတယ်။ ကိုယ်ပိုင်ခံစားချက်ကိုချိုးနှိမ်ထားရလို့ ပင်ပန်းနေပေမယ့် တခြားသူတွေကိုယ့်အတွက် စိတ်မပူဖို့ ပိုအရေးကြီးနေတာမျိုးပါ။
လုံးဝမထူထောင်နိုင်အောင်ပြိုလဲနေတဲ့နေ့ရက်တွေတောင်ရှိတယ်
အခက်အခဲတွေကိုကြံ့ကြံ့ခံကျော်ဖြတ်ခဲ့လို့ မပြိုလဲတတ်တဲ့သူလို့မထင်ပါနဲ့။ စိတ်ဓာတ်တွေအရမ်းကျနေပြီး မထူထောင်နိုင်လောက်အောင် ပြိုလဲနေတဲ့နေ့ရက်တွေလည်း ရှိခဲ့ပါတယ်။ လောကဓံကိုဘယ်လောက်ပဲကြံ့ကြံ့ခံပြီး သန်မာနေတဲ့သူတစ်ယောက်ဆိုပေမယ့် မထူထောင်နိုင်အောင်ပြိုလဲနေတဲ့နေ့ရက်တွေရှိခဲ့တာကို လူတွေမသိခဲ့ပါဘူး။
written by PP