လူတွေက တခါတလေ မှာ ကိုယ့်ကိုကိုယ် တန်ဖိုးမဲ့လာပြီလို့ ခံစားရတတ်တယ် ။
တကယ်က ကိုယ်က တန်ဖိုးမဲ့ လာတာမဟုတ်ပါဘူး ။ ကိုယ့်တန်ဖိုးကို မသိသူတွေနားမှာ မှားယွင်းစွာ ရှင်သန်နေမိလို့ပါ။
တခါတလေ ဘဝမှာ ထိုးနှက်ခံရတာတွေလဲရှိတယ်။
လှောင်ပြောင်ခံရတာတွေလဲ ရှိတယ်။ ရိုင်းစိုင်း စော်ကားခံရတာတွေလဲ ရှိတယ်။
ဟိုးအောက်ဆုံးထိ တွန်းချခံရတာတွေလဲ ရှိတယ် ။ ရစရာမရှိလောက်တော့အောင်ကို နင်ခြေခံခဲ့ရတာတွေလဲ ရှိတယ်။
ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့တာတွေ ရှိတယ်။ အခက်အခဲ အတားအစီးတွေ ကြုံတွေ့ရတာတွေလဲရှိတယ်။
ဘယ်လိုမှ လက်မခံနိုင်တဲ့အရာတွေကို လက်ခံလိုက်ရတာတွေလဲရှိတယ်။
ကိုယ့်ဘဝကို ဘာကြီးလဲ ဘယ်လိုရှင်သန်နေတာလဲ ဆိုပြီး သံသယဝင်မိတဲ့ အခါတွေလဲရှိတယ် ။
ဒေါသထွက်မိတဲ့ အခါတွေလဲ ရှိတယ်။ ရှင်သန်းနေရတာ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ တွေးမိတဲ့အခါလဲ ရှိတယ်။
ကိုယ့် ဘ၀ က တန်ဖိုးမဲ့လာပြီလို့ ခံစားနေရတဲ့ အခါလဲရှိတယ်။
ဘာတွေဘယ်လိုပဲ ကြုံတွေ့ပါစေ ။ဘယ်လိုအခက်ခဲ အတားအဆီးတွေရှိနေပါစေ။
တွန်းချမဲ့လက်တွေ နင်းခြေမဲ့ ခြေထောက်တွေ ဘယ်လောက်ပဲ များနေပါစေ။ဘယ်လိုပဲ ထပ်ကြုံတွေ့ပါစေ ။ကိုယ့်တန်ဖိုးကိုတော့ လျှော့ကျမသွားပါစေနဲ့
ကိုယ့်ဘဝကို ရုပ်ဆိုးစေတဲ့ အရာတွေကိုလှပတဲ့ အရာအဖြစ်ပြောင်းလဲယူလိုက်ပါ ။
အခက်အခဲတွေကို အကောင်းဆုံး ကျော်လွှားလိုက်ပါ။
ဘဝမှာ ကောင်းတဲ့ အရာတွေက ကိုယ့်ကို အလိုရှိနေမှာပါ စောင့်ကြိုနေမှာပါ။
ကိုယ်ကိုယ်တိုင် ပြောင်းလဲဖို့တော့လိုတယ် ။
အရှုံးတွေထဲမှာ ရပ်မနေပါနဲ့။
ကိုယ်ရဲ့ ရှိနေတဲ့ ပုံစံကနေကွဲထွက်ပြီးအရင်ဆုံးမတူညီတဲ့ ပုံစံဖြစ်အောင် ပြောင်းလဲနေထိုင်ပါ ။
စိတ်ခွန်အားတွေလဲ တိုးတတ်ကောင်းမွန်အောင် လေ့ကျင့်ပါ။
အခက်အခဲ အတားအဆီး အရှုံးတွေထဲကနေ သင်ခံစားယူပါ။
ကိုယ့်ဘဝမှာ ကြုံတွေ့ခဲ့ရတာတွေအတွက် မရှက်ပါနဲ့ ။
အမှားအမှန် အကောင်းအဆိုးဆိုတာ လူတိုင်းမှာရှိပါတယ်။
ကိုယ်ကြုံတွေခဲ့ရတဲ့ အရာတွေကိုလက်မခံရင် မကျေနပ်မှု့တွေ နဲ့ ဝမ်းနည်းခြင်းတွေပဲ ရလာလိမ့်မယ်။
ဘဝမှာ ဘာမှအသုံးဝင်တဲ့အရာတွေရှိလာမှာမဟုတ်ပါဘူး။ကောင်းမွန်တဲ့ အရာတွေလဲဖြစ်လာမှာ မဟုတ်ဘူး။
တချိန်မှာ ကိုယ်ကျော်ဖြတ်ခဲ့တဲ့ အရာတွေကိုအပြုံးတွေနဲ့ မျှဝေနိုင်ပြီး ။
အမှားတွေ အရှုံးတွေကို သင်ခန်းစာယူနိုင်ပြီးအတုယူစရာဖြစ်ဖို့ ထိုက်တန်ပါသေးတယ်။
ကိုယ်တန်ဖိုးမဲ့နေတာ မဟုတ်ပါဘူးကိုယ့်တန်ဖိုးကို မသိတဲ့သူတွေထဲမှာ မှားယွင်းစွာ ရှင်သန်နေမိလို့ပါ။
သားသားမေမေ SS
သားသားမေမေ SS