သီချင်းတွေဆိုညည်းနေတတ်ပြီ
ကျွန်မ,အရာရာလိုတိုင်းတရတဲ့ဘဝမျိုးမဟုတ်ခဲ့ပေမယ့်အရာအားလုံး,ပြည့်စုံလုနီးပါးရှိတဲ့ဘဝမျိုးပါ..
ဒါပေမယ့်ဘဝကိုအေးချမ်းမူနဲ့ သိက္ခာရှိရှိဖြတ်သန်းဖို့ပဲပိုပြီးလိုလားခဲ့တယ်။
ကျွန်မ,သူတစ်ပါးဆီကနိူက်ချူပြီးမှခပ်ပေါပေါသုံးဖြုန်းပြနေတဲ့မိန်းမမျိုးတွေကိုအထင်မကြီးတတ်ခဲ့ဘူး။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး သမာအာဇီဝကျကျ ကိုယ့်အရည်အချင်းနဲ့ ရတဲ့ငွေကိုသုံးနိုင်လို့ကျွန်မကိုယ်ကျွန်မဂုဏ်ယူမဆုံးပဲ။
ကျွန်မဆိုတာအောင်မြင်မူ,ကျရူံးမူတွေကိုမယိုင်လဲပဲရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်တဲ့ကြံ့ခိုင်ခြင်းတွေ
မရှိတာကိုရှိသယောင်လစ်ဟမပြတတ်တဲ့ရိုးသားခြင်းတွေ
အရာရာကိုဦးစီးဦးဆောင်နိုင်တဲ့ကိုယ်ရည်ကိုယ်သွေးတွေ
ကိုယ့်ကိုချစ်သူ,မုန်းသူတွေကိုစွန့်လွှတ်နိုင်တဲ့ဥပေက္ခာတရားတွေကိုလည်းထားနိုင်ခဲ့ပြီ။
ကဲ..ခုတော့,ဘဝမှာအေးချမ်းမူနဲ့အိပ်မက်တွေထဲမှာတောင်
သီချင်းတွေဆိုညည်းနေတတ်ပြီပေါ့။
Nan Khin May Win
ကျွန်မ,သူတစ်ပါးဆီကနိုက်ချူပြီးမှခပ်ပေါပေါသုံးဖြုန်းပြနေတဲ့မိန်းမမျိုးတွေကိုအထင်မကြီးတတ်ခဲ့ဘူး။
Nan Khin May Win