သင္မက္ေလ့မက္ထရွိတဲ့အိပ္မက္ေတြရဲ႕ အဓိပၸါယ္နဲ႕အတိတ္နိမိတ္မ်ား

unsplash

စိတ္ရဲ႕စြဲလန္းမႈနဲ႕ ျပင္းထန္တဲ့စိတ္ခံစားခ်က္ေတြေၾကာင့္ ညအိပ္တဲ့အခါ အိပ္မက္ေတြအမ်ိဳးမ်ိဳးမက္ျခင္းျဖစ္နိုင္တယ္လို႕ စိတ္ပညာရွင္ေတြက ေျပာၾကပါတယ္။ အတြင္းစိတ္ရဲ႕နက္နဲတဲ့ေနရာမွာကိန္းေအာင္းေနတဲ့ အရာေတြက အိပ္မက္ထဲမွာ ပါလာတတ္တယ္လို႕ ဆိုပါတယ္။ ဒါဆို သင္ညအိပ္တဲ့အခ်ိန္မက္တဲ့အိပ္မက္ေတြက ဘာအဓိပၸါယ္လဲဆိုတာကို ေဖာ္ထုတ္ၾကည့္ရေအာင္။

(၁) တစ္ေယာက္ေယာက္ကလိုက္လို႕ေျပးေနရျခင္း

freepik

အိပ္မက္ထဲမွာ တစ္ေယာက္ေယာက္ကလိုက္လာလို႕ အျပင္းအထန္ထြက္ေျပးေနတယ္လို႕မက္တာဟာ သင့္ရဲ႕လက္ေတြ႕ဘဝမွာ သင္ရင္မဆိုင္ခ်င္တဲ့ျပႆနာတခ်ိဳ႕ရွိေနတယ္ဆိုတဲ့အဓိပၸါယ္ပါ။ လက္ေတြ႕ဘဝထဲကျပႆနာေတြကိုရင္မဆိုင္ဘဲ ထြက္ေျပးခ်င္ေနတဲ့စိတ္မ်ိဳးျဖစ္ေနတဲ့အခါ ဒီလိုအိပ္မက္မ်ိဳးမက္တတ္ပါတယ္။

(၂) အျမင့္တစ္ေနရာကျပုတ္က်ျခင္း

ရုတ္တရက္ အျမင့္တစ္ေနရာကျပုတ္က်တဲ့အိပ္မက္မ်ိုးကို လူတိုင္းလိုလိုမက္ဖူးၾကမွာပါ။ တခါတေလဆို အဲ့လိုျပုတ္က်တာကတကယ္လို႕ေတာင္ထင္ရျပီး ေျခေထာက္ေတြက ဆတ္ခနဲလႈပ္သြားတာမ်ိဳးေတာင္ ၾကံုရတတ္ပါတယ္။ ဒီလိုအိပ္မက္မ်ိဳးမက္တာကေတာ့ သင္ဟာ လက္ရွိဘဝမွာ ေငြေၾကး၊အလုပ္အကိုင္နဲ႕ အခ်စ္ေရးေတြနဲ႕ပတ္သက္လို႕ သင္ထိန္းခ်ုပ္ဖို႕ ခက္ခဲေနတဲ့အေျခအေနမ်ိဳးကိုၾကံုေနရတဲ့အဓိပၸါယ္ပါ။

(၃) တစ္ခုခုကိုလိုက္ရွာေနျခင္း

freepik

အိပ္မက္ထဲမွာ တစ္စံုတစ္ေယာက္ေပ်ာက္လို႕လိုက္ရွာေနတာမ်ိဳး၊ ကိုယ္မသိတဲ့တစ္ေနရာရာကိုလိုက္ရွာေနတာမ်ိဳးက သင္ကလက္ေတြ႕ဘဝမွာ သင့္ရဲ႕စိတ္ခံစားခ်က္ေတြနဲ႕ပတ္သက္လို႕ ရင္ဖြင့္ဖို႕လိုုအပ္ေနတယ္၊ အထီးက်န္ေနတယ္ဆိုတဲ့ အဓိပၸါယ္ပါ။

(၄) ကိုယ္မသိတဲ့ေနရာတစ္ခုကိုေရာက္ေနျခင္း

တခါတရံအိပ္မက္ထဲမွာ ကိုယ္တစ္ခါမွမျမင္ဖူး၊မေတြ႕ဖူးတဲ့ေနရာတစ္ခုကိုေရာက္ေနတတ္ပါတယ္။ အဲ့ဒါက သင္ဟာ လက္ေတြ႕ဘဝမွာ စိန္ေခၚမႈေတြနဲ႕ၾကံုေတြ႕ေနရျပီး ဒီအတြက္အရမ္းကိုစိုးရိမ္ေသာကမ်ားေနတယ္ဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။

(၅) ေျမႊေတြကိုအိပ္မက္မက္ျခင္း

ေျမြေတြကုိအိပ္မက္မက္တာကေတာ့ သင့္အတြက္ေကာင္းပါတယ္။ မၾကာခင္မွာ အသိပညာ၊အတတ္ပညာအသစ္ေတြ ဆည္းပူးခြင့္ရမယ္၊ သင့္ရဲ႕အတိတ္ကစိတ္ဒဏ္ရာေတြ၊ စိတ္ပင္ပန္းမႈေတြကို ေျပေပ်ာက္ေစမယ့္ တစ္စံုတစ္ေယာက္နဲ႕ေတြ႕ရမယ္ဆိုတဲ့ အဓိပၸါယ္ပါ။

(၆) ထြက္ေျပးခ်င္ေပမယ့္ေျပးလို႕မရတဲ့အိပ္မက္

pixabay

 

ဒီလိုအိပ္မက္မ်ိဳးကလည္း လူတိုင္းမက္ဖူးၾကမယ့္အိပ္မက္မ်ိဳးပါပဲ။စိတ္ထဲမွာ စိုးရိမ္ထိတ္လန္႕ေနျပီး အလန္႕တၾကားထြက္ေျပးခ်င္ေပမယ့္ ေျခေထာက္ေတြကလံုးဝေျပးလို႕မရျဖစ္ေနတာပါ။ ဒီလိုအိပ္မက္မ်ိဳးမက္တာက သင္ဟာ လတ္တေလာမွာ ကိုယ့္ကိုယ္ကိုယံုၾကည္မႈေလ်ာ့နည္းေနျပီး သင္တတ္နိုင္တာဘာမွမရွိဘူး၊ ဘယ္ေနရာမွာမွအသံုးမက်ဘူးလို႕ ခံစားေနရတဲ့စိတ္ေၾကာင့္ျဖစ္ပါတယ္။

written by PP

စိတ်ရဲ့စွဲလန်းမှုနဲ့ ပြင်းထန်တဲ့စိတ်ခံစားချက်တွေကြောင့် ညအိပ်တဲ့အခါ အိပ်မက်တွေအမျိုးမျိုးမက်ခြင်းဖြစ်နိုင်တယ်လို့ စိတ်ပညာရှင်တွေက ပြောကြပါတယ်။ အတွင်းစိတ်ရဲ့နက်နဲတဲ့နေရာမှာကိန်းအောင်းနေတဲ့ အရာတွေက အိပ်မက်ထဲမှာ ပါလာတတ်တယ်လို့ ဆိုပါတယ်။ ဒါဆို သင်ညအိပ်တဲ့အချိန်မက်တဲ့အိပ်မက်တွေက ဘာအဓိပ္ပါယ်လဲဆိုတာကို ဖော်ထုတ်ကြည့်ရအောင်။

(၁) တစ်ယောက်ယောက်ကလိုက်လို့ပြေးနေရခြင်း

အိပ်မက်ထဲမှာ တစ်ယောက်ယောက်ကလိုက်လာလို့ အပြင်းအထန်ထွက်ပြေးနေတယ်လို့မက်တာဟာ သင့်ရဲ့လက်တွေ့ဘဝမှာ သင်ရင်မဆိုင်ချင်တဲ့ပြဿနာတချို့ရှိနေတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ လက်တွေ့ဘဝထဲကပြဿနာတွေကိုရင်မဆိုင်ဘဲ ထွက်ပြေးချင်နေတဲ့စိတ်မျိုးဖြစ်နေတဲ့အခါ ဒီလိုအိပ်မက်မျိုးမက်တတ်ပါတယ်။

(၂) အမြင့်တစ်နေရာကပြုတ်ကျခြင်း

ရုတ်တရက် အမြင့်တစ်နေရာကပြုတ်ကျတဲ့အိပ်မက်မျိုးကို လူတိုင်းလိုလိုမက်ဖူးကြမှာပါ။ တခါတလေဆို အဲ့လိုပြုတ်ကျတာကတကယ်လို့တောင်ထင်ရပြီး ခြေထောက်တွေက ဆတ်ခနဲလှုပ်သွားတာမျိုးတောင် ကြုံရတတ်ပါတယ်။ ဒီလိုအိပ်မက်မျိုးမက်တာကတော့ သင်ဟာ လက်ရှိဘဝမှာ ငွေကြေး၊အလုပ်အကိုင်နဲ့ အချစ်ရေးတွေနဲ့ပတ်သက်လို့ သင်ထိန်းချုပ်ဖို့ ခက်ခဲနေတဲ့အခြေအနေမျိုးကိုကြုံနေရတဲ့အဓိပ္ပါယ်ပါ။

(၃) တစ်ခုခုကိုလိုက်ရှာနေခြင်း

အိပ်မက်ထဲမှာ တစ်စုံတစ်ယောက်ပျောက်လို့လိုက်ရှာနေတာမျိုး၊ ကိုယ်မသိတဲ့တစ်နေရာရာကိုလိုက်ရှာနေတာမျိုးက သင်ကလက်တွေ့ဘဝမှာ သင့်ရဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်လို့ ရင်ဖွင့်ဖို့လိုအပ်နေတယ်၊ အထီးကျန်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

(၄) ကိုယ်မသိတဲ့နေရာတစ်ခုကိုရောက်နေခြင်း

တခါတရံအိပ်မက်ထဲမှာ ကိုယ်တစ်ခါမှမမြင်ဖူး၊မတွေ့ဖူးတဲ့နေရာတစ်ခုကိုရောက်နေတတ်ပါတယ်။ အဲ့ဒါက သင်ဟာ လက်တွေ့ဘဝမှာ စိန်ခေါ်မှုတွေနဲ့ကြုံတွေ့နေရပြီး ဒီအတွက်အရမ်းကိုစိုးရိမ်သောကများနေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

(၅) မြွှေတွေကိုအိပ်မက်မက်ခြင်း

မြွေတွေကိုအိပ်မက်မက်တာကတော့ သင့်အတွက်ကောင်းပါတယ်။ မကြာခင်မှာ အသိပညာ၊အတတ်ပညာအသစ်တွေ ဆည်းပူးခွင့်ရမယ်၊ သင့်ရဲ့အတိတ်ကစိတ်ဒဏ်ရာတွေ၊ စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေမယ့် တစ်စုံတစ်ယောက်နဲ့တွေ့ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

(၆) ထွက်ပြေးချင်ပေမယ့်ပြေးလို့မရတဲ့အိပ်မက်

ဒီလိုအိပ်မက်မျိုးကလည်း လူတိုင်းမက်ဖူးကြမယ့်အိပ်မက်မျိုးပါပဲ။စိတ်ထဲမှာ စိုးရိမ်ထိတ်လန့်နေပြီး အလန့်တကြားထွက်ပြေးချင်ပေမယ့် ခြေထောက်တွေကလုံးဝပြေးလို့မရဖြစ်နေတာပါ။ ဒီလိုအိပ်မက်မျိုးမက်တာက သင်ဟာ လတ်တလောမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းနေပြီး သင်တတ်နိုင်တာဘာမှမရှိဘူး၊ ဘယ်နေရာမှာမှအသုံးမကျဘူးလို့ ခံစားနေရတဲ့စိတ်ကြောင့်ဖြစ်ပါတယ်။

written by PP