မကြင်နာနိုင်တော့တဲ့အခါစွန့်ပစ်လိုက်တာအကောင်းဆုံးပါ၊အတူနေတဲ့အခါ သံသယမထားပါနဲ့၊
သံသယဖြစ်နေရင်အတူမနေတာအကောင်းဆုံးပါ၊သံသယဆိုတာ မီးကျိခဲလိုပဲကိုင်ထားတဲ့လက်ကို လောင်မြစ်စေပါတယ်၊
သံသယတွေများလာလေအကြင်နာတွေပျောက်လာလေပါပဲ၊အကြင်နာတွေမပါပဲ တစ်သက်လုံးမျက်နှာချင်းဆိုင်၊ ရင်ဆိုင်နေနေရတာနဲ့စာရင်၊
တစ်ယောက်တစ်လမ်း၊ တစ်နေရာစီ လမ်းခွဲကျော့ခိုင်းလိုက်တာအကောင်းဆုံးပါ၊မခွဲနိုင်သေးဘူး၊မစွန့်ပစ်နိုင်သေးဘူး၊
အတူရှိ၊အတူနေမှဖြစ်မယ်ဆိုရင်၊သံသယကိုဖယ်၊တစ်ယောက်အပေါ်တစ်ယောက်ရိုးသားမှုရှိပြီး၊ယုံကြည်မှုတွေတည်ဆောက်ပါ၊ကြင်နာမှုတွေမပါရင်၊နှစ်ယောက်လုံးဝေဒနာအမှုသည်တွေဖြစ်နေမှာအသေအချာပါပဲ။
မကြင်နာချင်ပေမယ့်လည်းအတူနေမှဖြစ်တော့မယ်ဆိုရင်ကြင်နာတတ်လာအောင်ကြိုးစားရမှာပေါ့၊ ကြင်နာတတ်လာမှနာကျင်တာတွေမေ့ပျောက်နိုင်မှာပါ၊နာကျင်တာတွေမေ့ပျောက်နိုင်မှအတူနေရတဲ့ဘဝခဏတာမှာအေးချမ်းတဲ့အသိုက်မြုံလေးကိုဖန်တီးနိုင်မှာပါ၊
အေးချမ်းသောအသိုက်အမြုံကိုဖန်တီးနိုင်မှကိုယ့်ရဲ့စိတ်ချမ်းသာခြင်း၊သူတစ်ပါးတို့ရဲ့စိတ်ချမ်းသာခြင်းတွေကိုဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။
အရှင်ဇနက(မန္တလေးစာသင်သား)
မၾကင္နာႏုိင္ေတာ့တဲ့အခါစြန္႕ပစ္လုိက္တာအေကာင္းဆုံးပါ၊အတူေနတဲ့အခါ သံသယမထားပါနဲ႕၊
သံသယျဖစ္ေနရင္အတူမေနတာအေကာင္းဆုံးပါ၊သံသယဆုိတာ မီးက်ိခဲလုိပဲကုိင္ထားတဲ့လက္ကုိ ေလာင္ျမစ္ေစပါတယ္၊
သံသယေတြမ်ားလာေလအၾကင္နာေတြေပ်ာက္လာေလပါပဲ၊အၾကင္နာေတြမပါပဲ တစ္သက္လုံးမ်က္ႏွာခ်င္းဆုိင္၊ ရင္ဆုိင္ေနေနရတာနဲ႕စာရင္၊
တစ္ေယာက္တစ္လမ္း၊ တစ္ေနရာစီ လမ္းခြဲေက်ာ့ခုိင္းလုိက္တာအေကာင္းဆုံးပါ၊မခြဲႏုိင္ေသးဘူး၊မစြန္႔ပစ္ႏုိင္ေသးဘူး၊
အတူရွိ၊အတူေနမွျဖစ္မယ္ဆုိရင္၊သံသယကုိဖယ္၊တစ္ေယာက္အေပၚတစ္ေယာက္ရုိးသားမွုရွိၿပီး၊ယုံၾကည္မွုေတြတည္ေဆာက္ပါ၊ၾကင္နာမွုေတြမပါရင္၊ႏွစ္ေယာက္လုံးေဝဒနာအမွုသည္ေတြျဖစ္ေနမွာအေသအခ်ာပါပဲ။
မၾကင္နာခ်င္ေပမယ့္လည္းအတူေနမွျဖစ္ေတာ့မယ္ဆုိရင္ၾကင္နာတတ္လာေအာင္ႀကိဳးစားရမွာေပါ့၊ ၾကင္နာတတ္လာမွနာက်င္တာေတြေမ့ေပ်ာက္ႏုိင္မွာပါ၊နာက်င္တာေတြေမ့ေပ်ာက္ႏုိင္မွအတူေနရတဲ့ဘဝခဏတာမွာေအးခ်မ္းတဲ့အသုိက္ျမံဳေလးကုိဖန္တီးႏုိင္မွာပါ၊
ေအးခ်မ္းေသာအသုိက္အၿမံဳကုိဖန္တီးႏုိင္မွကုိယ့္ရဲ႕စိတ္ခ်မ္းသာျခင္း၊သူတစ္ပါးတုိ႔ရဲ႕စိတ္ခ်မ္းသာျခင္းေတြကုိေဆာင္ရြက္ေပးႏုိင္မွာျဖစ္ပါတယ္။
အရွင္ဇနက(မႏၲေလးစာသင္သား)