စကားကိုလက္လြတ္စပယ္မေျပာဘဲ နႈတ္ကိုထိန္းသိမ္းထားသင့္တဲ့အေျခအေနမ်ား

စကားဆိုတာ ေျပာသင့္တဲ့အရာ၊ မေျပာသင့္တဲ့အရာဆိုျပီး ရွိပါတယ္။ကိုယ္ေျပာတဲ့စကားက ေကာင္းက်ိဳးမျဖစ္ေစဘဲ ဆိုးက်ိဳးကိုပဲျဖစ္ေစမယ္၊ တစ္ဖက္သားကိုစိတ္ထိခိုက္ေစမယ့္စကားဆိုရင္ ေျပာလိုက္တာထက္ မေျပာဘဲထိန္းခ်ုပ္ထားတာက ပိုေကာင္းပါတယ္။ ဒီလိုအေျခအေနေတြမွာ စကားကိုလက္လြတ္စပယ္မေျပာဘဲ ကိုယ့္ႏႈတ္ကိုထိန္းသိမ္းထားတာအေကာင္းဆံုးပါ။

(၁) တျခားသူကိုစိတ္ဆိုးေဒါသထြက္ေစမယ္ဆိုရင္

freepik

ကိုယ္ေျပာလိုက္တဲ့စကားက တျခားသူကိုစိတ္ဆိုးေဒါသထြက္ေစမယ္ဆိုရင္ ဒီစကားကိုမေျပာဘဲ နႈတ္ဆိတ္ေနလိုက္တာ ပိုေကာင္းပါတယ္။

(၂) တျခားသူရဲ႕အမွားကိုေထာက္ျပခ်င္တဲ့စိတ္မ်ားေနရင္

တစ္ေယာက္ေယာက္ရဲ႕အမွားကိုေထာက္ျပဖို႕စိတ္ဆႏၵေစာလြန္းေနတဲ့အခါ ဘာစကားကိုမွမေျပာပဲေနလိုက္တာ ပိုေကာင္းပါတယ္။ သူမ်ားရဲ႕အမွားကိုေထာက္ျပခ်င္ေဇာနဲ႕ ကိုယ့္ဘက္ကအားနည္းခ်က္ကိုေပၚလြင္ေအာင္လုပ္မိနိုင္ပါတယ္။ အဲ့ဒီအခါ သူမ်ားအမွားက ကိုယ့္အမွားျဖစ္သြားတတ္ပါတယ္။

(၃) တစ္ေယာက္ေယာက္ကသင့္ကိုစကားနာထိုးလာရင္

freepik

တစ္ေယာက္ေယာက္ကသင့္ကိုစကားနာထိုးတာေတြ၊ ခနဲ႕တာေတြလုပ္လာခဲ့ရင္ ဘာမွမတံု႕ျပန္ဘဲ နႈတ္ဆိတ္ေနတာအေကာင္းဆံုးပါ။ ဒီလိုလူေတြကိုတံု႕ျပန္တာက အလကားေလကုန္တာပဲအဖတ္တင္ပါတယ္။

(၄) သင့္ေၾကာင့္တစ္စံုတစ္ေယာက္နစ္နာသြားမယ္ဆိုရင္

ကိုယ္ေျပာလိုက္တဲ့စကားက တစ္ေယာက္ေယာက္ကိုအက်ိဳးမျဖစ္ေစဘဲ နစ္နာမႈကိုပဲျဖစ္ေစမယ္ဆိုရင္ ဒီစကားမ်ိဳးကို မေျပာဘဲေနလိုက္တာပိုေကာင္းပါတယ္။ ကိုယ့္ေၾကာင့္တစ္စံုတစ္ေယာက္နစ္နာသြားမယ့္စကားကို မေျပာဘဲေနနိုင္ေအာင္ၾကိုးစားပါ။

(၅) တစ္ေယာက္ေယာက္ကိုဝမ္းနည္းေစမယ္ဆိုရင္

မေျပာဘဲထိန္းသိမ္းသင့္တဲ့စကားထဲမွာ တစ္ေယာက္ေယာက္ကိုဝမ္းနည္းေစမယ့္စကားလည္းပါပါတယ္။ သူမ်ားကို ဝမ္းနည္းေစမယ့္စကားကိုမေျပာဘဲေနတာက နွစ္ဦးနွစ္ဖက္ပိုအက်ိဳးရွိပါတယ္။

written by PP

စကားဆိုတာ ပြောသင့်တဲ့အရာ၊ မပြောသင့်တဲ့အရာဆိုပြီး ရှိပါတယ်။ကိုယ်ပြောတဲ့စကားက ကောင်းကျိုးမဖြစ်စေဘဲ ဆိုးကျိုးကိုပဲဖြစ်စေမယ်၊ တစ်ဖက်သားကိုစိတ်ထိခိုက်စေမယ့်စကားဆိုရင် ပြောလိုက်တာထက် မပြောဘဲထိန်းချုပ်ထားတာက ပိုကောင်းပါတယ်။ ဒီလိုအခြေအနေတွေမှာ စကားကိုလက်လွတ်စပယ်မပြောဘဲ ကိုယ့်နှုတ်ကိုထိန်းသိမ်းထားတာအကောင်းဆုံးပါ။

(၁) တခြားသူကိုစိတ်ဆိုးဒေါသထွက်စေမယ်ဆိုရင်

ကိုယ်ပြောလိုက်တဲ့စကားက တခြားသူကိုစိတ်ဆိုးဒေါသထွက်စေမယ်ဆိုရင် ဒီစကားကိုမပြောဘဲ နှုတ်ဆိတ်နေလိုက်တာ ပိုကောင်းပါတယ်။

(၂) တခြားသူရဲ့အမှားကိုထောက်ပြချင်တဲ့စိတ်များနေရင်

တစ်ယောက်ယောက်ရဲ့အမှားကိုထောက်ပြဖို့စိတ်ဆန္ဒစောလွန်းနေတဲ့အခါ ဘာစကားကိုမှမပြောပဲနေလိုက်တာ ပိုကောင်းပါတယ်။ သူများရဲ့အမှားကိုထောက်ပြချင်ဇောနဲ့ ကိုယ့်ဘက်ကအားနည်းချက်ကိုပေါ်လွင်အောင်လုပ်မိနိုင်ပါတယ်။ အဲ့ဒီအခါ သူများအမှားက ကိုယ့်အမှားဖြစ်သွားတတ်ပါတယ်။

(၃) တစ်ယောက်ယောက်ကသင့်ကိုစကားနာထိုးလာရင်

တစ်ယောက်ယောက်ကသင့်ကိုစကားနာထိုးတာတွေ၊ ခနဲ့တာတွေလုပ်လာခဲ့ရင် ဘာမှမတုံ့ပြန်ဘဲ နှုတ်ဆိတ်နေတာအကောင်းဆုံးပါ။ ဒီလိုလူတွေကိုတုံ့ပြန်တာက အလကားလေကုန်တာပဲအဖတ်တင်ပါတယ်။

(၄) သင့်ကြောင့်တစ်စုံတစ်ယောက်နစ်နာသွားမယ်ဆိုရင်

ကိုယ်ပြောလိုက်တဲ့စကားက တစ်ယောက်ယောက်ကိုအကျိုးမဖြစ်စေဘဲ နစ်နာမှုကိုပဲဖြစ်စေမယ်ဆိုရင် ဒီစကားမျိုးကို မပြောဘဲနေလိုက်တာပိုကောင်းပါတယ်။ ကိုယ့်ကြောင့်တစ်စုံတစ်ယောက်နစ်နာသွားမယ့်စကားကို မပြောဘဲနေနိုင်အောင်ကြိုးစားပါ။

(၅) တစ်ယောက်ယောက်ကိုဝမ်းနည်းစေမယ်ဆိုရင်

မပြောဘဲထိန်းသိမ်းသင့်တဲ့စကားထဲမှာ တစ်ယောက်ယောက်ကိုဝမ်းနည်းစေမယ့်စကားလည်းပါပါတယ်။ သူများကို ဝမ်းနည်းစေမယ့်စကားကိုမပြောဘဲနေတာက နှစ်ဦးနှစ်ဖက်ပိုအကျိုးရှိပါတယ်။

written by PP