ေလာကၾကီးကတရားမွ်တမႈမရွိဘူးလို႕ မထင္ပါနဲ႕၊ ေလာကၾကီးကအျမဲတမ္းတရားမွ်တပါတယ္

တခါတရံမွာေလာကၾကီးကလူေတြအေပၚ တရားမွ်တမႈမရွိဘူး၊ တစ္ဖက္ေစာင္းနင္းနိုင္တယ္လို႕ ေျပာၾကတာကို ၾကားဖူးပါတယ္။ တကယ္ေတာ့ အရာအားလံုးက တရားမွ်တစြာျဖစ္တည္ေနၾကတာပါ။ ဘာလို႕လဲဆိုေတာ့ ဒီလိုအေၾကာင္းရင္းေတြေၾကာင့္ပဲျဖစ္ပါတယ္။

(၁) လူတိုင္းမွာအားသာခ်က္၊အားနည္းခ်က္ကိုယ္စီရွိၾကတယ္

လူတစ္ေယာက္ခ်င္းစီမွာ အားသာခ်က္၊အားနည္းခ်က္ကိုယ္စီရွိၾကျပီး အဲ့ဒီအရာေတြကိုအသံုးခ်နိုင္တဲ့အရည္အခ်င္းေၾကာင့္သာ  ဘဝေတြကမတူကြဲျပားသြားၾကတာျဖစ္ပါတယ္။ စိတ္ဓာတ္ေပ်ာ့ညံ့တဲ့သူေတြက ရံႈးနိမ့္ရျပီး ၊ စိတ္ဓာတ္ခိုင္မာတဲ့သူေတြက ေအာင္ျမင္ၾကတာပါ။ ေလာကၾကီးကတရားမွ်တမႈမရွိတာမဟုတ္ပါဘူး။

(၂) အခြင့္အေရးကလူတိုင္းဆီကိုေရာက္လာတယ္

freepik

ေလာကၾကီးမွာ ၾကိုးစားဖို႕အခြင့္အေရးမရတဲ့သူဆိုတာ မရွိပါဘူး။ လူတိုင္း ဘဝမွာ အခြင့္အေရးေတြအၾကိမ္ၾကိမ္ရၾကပါတယ္။ ဒီအခြင့္အေရးကိုသိျပီး အသံုးခ်နိုင္တဲ့သူ၊ မသိလိုက္တဲ့သူ၊ သိရက္နဲ႕အသံုးမခ်ဘဲ ပ်င္းရိေနတဲ့သူဆိုျပီး ကြာျခားသြားတာပါ။ ဒီအရာေတြကပဲ ဘဝေတြကို အနိမ့္အျမင့္ကြဲသြားေစတာပါ။ အခြင့္အေရးကိုမသိဘဲ၊ သိရက္နဲ႕အသံုးမခ်ဘဲ အခ်ိန္ဆြဲေနတဲ့သူေတြကပဲ ေလာကၾကီးက တရားမမွ်တဘူးလို႕ ေျပာတတ္ၾကတာပါ။

(၃) ေကာင္းတာလုပ္ရင္ေကာင္းတာတကယ္ျဖစ္ပါတယ္

ေလာကၾကီးကမတရားဘူး၊ ေကာင္းတာလုပ္တိုင္းလည္းေကာင္းတာမျဖစ္ဘူးလို႕ ထင္တဲ့သူေတြလည္းရွိၾကပါတယ္။ တကယ္ေတာ့ ေကာင္းတာလုပ္တဲ့သူအတြက္ ေကာင္းတဲ့အရာေတြတကယ္ျဖစ္လာပါတယ္။ စိတ္ထားေကာင္းတာက ခ်က္ခ်င္းအက်ိဳးမေပးရင္ေတာင္ တစ္ခ်ိန္မွာ ၾကီးၾကီးမားမားေကာင္းက်ိဳးေပးပါတယ္။ ဒါေၾကာင့္ ဘယ္သူေတြဘယ္လိုပဲ ကိုယ့္အေပၚမေကာင္းပါေစ၊ ကိုယ့္ဘက္ကေတာ့ ေကာင္းလိုက္ပါ။

written by PP

တခါတရံမှာလောကကြီးကလူတွေအပေါ် တရားမျှတမှုမရှိဘူး၊ တစ်ဖက်စောင်းနင်းနိုင်တယ်လို့ ပြောကြတာကို ကြားဖူးပါတယ်။ တကယ်တော့ အရာအားလုံးက တရားမျှတစွာဖြစ်တည်နေကြတာပါ။ ဘာလို့လဲဆိုတော့ ဒီလိုအကြောင်းရင်းတွေကြောင့်ပဲဖြစ်ပါတယ်။

(၁) လူတိုင်းမှာအားသာချက်၊အားနည်းချက်ကိုယ်စီရှိကြတယ်

လူတစ်ယောက်ချင်းစီမှာ အားသာချက်၊အားနည်းချက်ကိုယ်စီရှိကြပြီး အဲ့ဒီအရာတွေကိုအသုံးချနိုင်တဲ့အရည်အချင်းကြောင့်သာ ဘဝတွေကမတူကွဲပြားသွားကြတာဖြစ်ပါတယ်။ စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေက ရှုံးနိမ့်ရပြီး ၊ စိတ်ဓာတ်ခိုင်မာတဲ့သူတွေက အောင်မြင်ကြတာပါ။ လောကကြီးကတရားမျှတမှုမရှိတာမဟုတ်ပါဘူး။

(၂) အခွင့်အရေးကလူတိုင်းဆီကိုရောက်လာတယ်

လောကကြီးမှာ ကြိုးစားဖို့အခွင့်အရေးမရတဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်း ဘဝမှာ အခွင့်အရေးတွေအကြိမ်ကြိမ်ရကြပါတယ်။ ဒီအခွင့်အရေးကိုသိပြီး အသုံးချနိုင်တဲ့သူ၊ မသိလိုက်တဲ့သူ၊ သိရက်နဲ့အသုံးမချဘဲ ပျင်းရိနေတဲ့သူဆိုပြီး ကွာခြားသွားတာပါ။ ဒီအရာတွေကပဲ ဘဝတွေကို အနိမ့်အမြင့်ကွဲသွားစေတာပါ။ အခွင့်အရေးကိုမသိဘဲ၊ သိရက်နဲ့အသုံးမချဘဲ အချိန်ဆွဲနေတဲ့သူတွေကပဲ လောကကြီးက တရားမမျှတဘူးလို့ ပြောတတ်ကြတာပါ။

(၃) ကောင်းတာလုပ်ရင်ကောင်းတာတကယ်ဖြစ်ပါတယ်

လောကကြီးကမတရားဘူး၊ ကောင်းတာလုပ်တိုင်းလည်းကောင်းတာမဖြစ်ဘူးလို့ ထင်တဲ့သူတွေလည်းရှိကြပါတယ်။ တကယ်တော့ ကောင်းတာလုပ်တဲ့သူအတွက် ကောင်းတဲ့အရာတွေတကယ်ဖြစ်လာပါတယ်။ စိတ်ထားကောင်းတာက ချက်ချင်းအကျိုးမပေးရင်တောင် တစ်ချိန်မှာ ကြီးကြီးမားမားကောင်းကျိုးပေးပါတယ်။ ဒါကြောင့် ဘယ်သူတွေဘယ်လိုပဲ ကိုယ့်အပေါ်မကောင်းပါစေ၊ ကိုယ့်ဘက်ကတော့ ကောင်းလိုက်ပါ။

written by PP