တိုတောင်းလှတဲ့ ဘဝ လေးမှာစိတ်ကောင်းထားပါ။
စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်။
ဘာမှမပိုင်ရင်တောင် ဒီတစ်ခုကိုတော့ပိုင်အောင် လုပ်သင့်ပါတယ်။
ဒေါသနဲ့ ဝေးဝေးနေပါ..။
ဒေါသက နာကျင် မှုတွေပေးလို့ပါ။
သင့် ကိုယ် တိုင် ကိုရောပတ်ဝန်းကျင် ကိုရောပေါ့။
၁ မိနစ် ဒေါသထွက် ရတိုင်းစက္ကန့် ၆ဝ စာ ပျှော်ရွှင်မှုတွေဆုံးရှုံးသွားရတာကို မမေ့ပါနဲ့။
ကိုယ်က မှန်နေတယ်ဆိုရင်စိတ်ဆိုးနေစရာမလိုပါ။
တကယ်လို့ ကိုယ့်ဘက်ကမှားနေတယ်ဆိုရင်လည်း ကိုယ်ကဘာမှစိတ်ဆိုးပိုင်ခွင့်မရှိတာကိုနားလည်လိုက်ပါ……။
မိသားစုဝင်တွေအပေါ်သည်းခံခြင်းဟာချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်…။
တခြားသူတွေအပေါ်သည်းခံခြင်းဟာလေးစားမှုကို ဖော်ညွှန်းတယ်…။
ကိုယ့်ကိုယ်ကိုသည်းခံနိုင် ခြင်းဟာမိမိကိုယ်ကို ယုံကြည်မှုရှိတာကိုဖော်ညွှန်းတယ်…။
အခြေအနေတွေကိုအလိုက်သင့် သည်းခံခြင်းဟာကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးအရည်အချင်းကို ဖော်ညွှန်းတယ်…။
အတိတ်အကြောင်းကိုသိပ်မတွေးပါနဲ့… ။
မျက်ရည်တွေပဲ ကျလာရင်ကိုယ်ပဲ ဝမ်းနည်းရမယ်လေ…။
အနာဂတ်အကြောင်းကိုသိပ်မတွေးပါနဲ့..။
စိုးရိမ်ကြောက်ရွံ့မှုတွေအားငယ်မှုတွေ ကသင့်ကိုနှိပ်စက်လာလိမ့်မယ်။
ပစ္စုပ္ပန် လက်ရှိအချိန်မှာအကောင်းဆုံးစိတ်ထားအကောင်းဆုံးအလုပ်တွေနဲ့နေထိုင်ပါ… ။
ကောင်းချီးသြဘာတွေဆိုက်ရောက်လာပါလိမ့်မယ်…။
ဒါက လက်ဆောင်မွန်ဖြစ်လာပါလိမ့်မယ်…။
ဘဝရဲ့ စမ်းသပ်ချက်တိုင်းကပိုမိုကောင်းမွန်လာစေသလို
ပိုပြီးခါးသီးသွားစေနိုင်တာလည်းရှိတတ်တာကို မေ့မထားပါနဲဲ့ ။
ကြုံတွေ့ရတဲ့ ပြဿ နာတိုင်းဟာအတွေ့အကြုံကောင်းကိုတည်ဆောက်ပေးနိုင် သလိုအမှားအဖြစ်လည်း သင့် ကိုချိုးဖျက်နိုင် ပါတယ်…။
ဒူးထောက်မလားဆက်လျှောက်မလားဆိုတာကတော့
သင့်ရွေးချယ်မှုအပေါ်မှာပဲမူတည်နေပါတယ်…။
လှသောတဲ့အရာတိုင်းဟာအမြဲတမ်းမကောင်းနိုင်ပေမယ့်ကောင်းတဲ့အရာတိုင်းကတော့အမြဲတမ်းလှနေပါတယ်…။
ပြောရရင် လှတာထက်ကောင်းတာကို ဦးစားပေးဖို့ပါ။
ပျော်ရွှင်မှုဟာသင့်ကိုချစ်ဖွယ်သောအရာတွေကိုယူဆောင်ပေးတယ်။
ဒါကြောင့် ..အမြဲပျော်ရွှင်နေရအောင်တတ်နိုင်သမျှကြိုးစားသင့်တယ်…။
အနည်းဆုံးတော့……ပြုံးလိုက်ပါ။
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
တိုေတာင္းလွတ့ဲ ဘဝ ေလးမွာစိတ္ေကာင္းထားပါ။
စိတ္ေကာင္းရွိသူတိုင္းဟာ လွေနပါတယ္။
ဘာမွမပိုင္ရင္ေတာင္ ဒီတစ္ခုကိုေတာ့ပိုင္ေအာင္ လုပ္သင့္ပါတယ္။
ေဒါသနဲ႔ ေဝးေဝးေနပါ..။
ေဒါသက နာက်င္ မွဳေတြေပးလို႔ပါ။
သင့္ ကိုယ္ တိုင္ ကိုေရာပတ္ဝန္းက်င္ ကိုေရာေပါ့။
၁ မိနစ္ ေဒါသထြက္ ရတိုင္းစကၠန္႔ ၆ဝ စာ ေပ်ွာ္ရႊင္မႈေတြဆံုးရွံဳးသြားရတာကို မေမ့ပါနဲ႕။
ကိုယ္က မွန္ေနတယ္ဆုိရင္စိတ္ဆုိးေနစရာမလိုပါ။
တကယ္လို႔ ကိုယ့္ဘက္ကမွားေနတယ္ဆုိရင္လည္း ကိုယ္ကဘာမွစိတ္ဆုိးပိုင္ခြင့္မရွိတာကိုနားလည္လိုက္ပါ……။
မိသားစုဝင္ေတြအေပၚသည္းခံျခင္းဟာခ်စ္ျခင္းေမတၱာကို ေဖာ္ညႊန္းတယ္…။
တျခားသူေတြအေပၚသည္းခံျခင္းဟာေလးစားမႈကို ေဖာ္ညႊန္းတယ္…။
ကိုယ့္ကိုယ္ကိုသည္းခံနိုင္ ျခင္းဟာမိမိကိုယ္ကို ယံုၾကည္မႈရွိတာကိုေဖာ္ညႊန္းတယ္…။
အေျခအေနေတြကိုအလိုက္သင့္ သည္းခံျခင္းဟာကိုယ့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးအရည္အခ်င္းကို ေဖာ္ညႊန္းတယ္…။
အတိတ္အေၾကာင္းကုိသိပ္မေတြးပါနဲ႔… ။
မ်က္ရည္ေတြပဲ က်လာရင္ကိုယ္ပဲ ဝမ္းနည္းရမယ္ေလ…။
အနာဂတ္အေၾကာင္းကိုသိပ္မေတြးပါနဲ႔..။
စုိးရိမ္ေၾကာက္ရြ႔ံမႈေတြအားငယ္မွဳေတြ ကသင့္ကိုႏွိပ္စက္လာလိမ့္မယ္။
ပစၥဳပၸန္ လက္ရွိအခ်ိန္မွာအေကာင္းဆံုးစိတ္ထားအေကာင္းဆံုးအလုပ္ေတြနဲ႕ေနထုိင္ပါ… ။
ေကာင္းခ်ီးၾသဘာေတြဆိုက္ေရာက္လာပါလိမ့္မယ္…။
ဒါက လက္ေဆာင္မြန္ျဖစ္လာပါလိမ့္မယ္…။
ဘဝရဲ႕ စမ္းသပ္ခ်က္တုိင္းကပိုမိုေကာင္းမြန္လာေစသလို
ပုိျပီးခါးသီးသြားေစႏုိင္တာလည္းရွိတတ္တာကို ေမ့မထားပါနဲဲဲ႕ ။
ႀကံဳေတြ႔ရတဲ့ ျပႆ နာတိုင္းဟာအေတြ႕အၾကံဳေကာင္းကိုတည္ေဆာက္ေပးနိုင္ သလိုအမွားအျဖစ္လည္း သင့္ ကိုခ်ိဳးဖ်က္ႏုိင္ ပါတယ္…။
ဒူးေထာက္မလားဆက္ေလ်ွာက္မလားဆုိတာကေတာ့
သင့္ေရြးခ်ယ္မႈအေပၚမွာပဲမူတည္ေနပါတယ္…။
လွေသာတဲ့အရာတုိင္းဟာအၿမဲတမ္းမေကာင္းနိုင္ေပမယ့္ေကာင္းတဲ့အရာတိုင္းကေတာ့အျမဲတမ္းလွေနပါတယ္…။
ေျပာရရင္ လွတာထက္ေကာင္းတာကို ဦးစားေပးဖို႕ပါ။
ေပ်ာ္ရႊင္မႈဟာသင့္ကိုခ်စ္ဖြယ္ေသာအရာေတြကိုယူေဆာင္ေပးတယ္။
ဒါေၾကာင့္ ..အၿမဲေပ်ာ္ရႊင္ေနရေအာင္တတ္ႏုိင္သမွ်ႀကိဳးစားသင့္တယ္…။
အနည္းဆံုးေတာ့……ျပံဳးလိုက္ပါ။
အရွင္ဆႏၵာဓိက(ေရႊပါရမီေတာရ)