အိမ္ကိုခိုက္ေစျပီးအိမ္သားေတြကိုကံဆိုးေစတာေၾကာင့္ အိိမ္ထဲမွာမထားသင့္တဲ့ပစၥည္းမ်ား

freepik

သင့္အိမ္ထဲကိုယူလာတဲ့ ပစၥည္းေတြက သင့္အတြက္ကံဆိုးျခင္းေတြျဖစ္ေစနိုင္တယ္ဆိုတာ သင္အျမဲတမ္းသတိထားသင့္ပါတယ္။ တခ်ိဳ႕ေသာပစၥည္းေတြက အိမ္ထဲကိုကံဆိုးျခင္းေတြယူလာနိုင္ျပီး အိမ္သားေတြကို ေသဆံုးေစတဲ့အထိခိုက္တတ္ပါတယ္။ အခုေဖာ္ျပမယ့္အရာေတြက သင့္အိမ္မွာသိမ္းမထားသင့္တဲ့ ကံဆိုးေစတဲ့အရာေတြမို႕လို႕ ဒါေတြကို အျမန္ဆံုးရွင္းလင္းပစ္သင့္ပါတယ္။

(၁) က်ိဳးပဲ့ေနတဲ့နာရီနဲ႕ မွန္အကြဲမ်ား

freepik

အိမ္အတြင္းမွာ က်ိဳးပဲ့ေနတဲ့နာရီနဲ႕ အက္ရာထင္ေနတဲ့မွန္၊ မွန္အကြဲေတြမထားသင့္ပါဘူး။ ဒီလိုက်ိဳးပဲ့ကြဲအက္ေနတဲ့အရာေတြအိမ္ထဲမွာ ရွိေနတဲ့အခါ သင့္ရဲ႕ဘဝမွာအဆင္မေျပမႈေတြကို ပိုျပီးၾကံုရတတ္ပါတယ္။

(၂) ပိုးစုန္းၾကူး

ပိုးစုန္းၾကူးေလးေတြက ခ်စ္စရာေလးေတြမို႕ ဖမ္းျပီးဖန္ဗူးေလးေတြထဲထည့္ထားတာမ်ိဳး မလုပ္မိပါေစနဲ႕။ ပိုးစုန္းၾကူးေလးေတြကို ဖန္ဗူးထဲထည့္ျပီးအိမ္ထဲထားထားျခင္းက သင့္ကိုကံဆိုးေစနိုင္ပါတယ္။

(၃) ပန္းအေျခာက္မ်ား

အိမ္ထဲမွာ အလွထားတဲ့ပန္းအိုးေတြထဲက ပန္းေတြညိွုးသြားတဲ့အခါ ခ်က္ခ်င္းပန္းအသစ္လဲေပးပါ။ ပန္းအညိုးေတြကို မလဲပစ္ဘဲထားထားျခင္းက သင္နဲ႕သင့္အိမ္သားေတြဆီကံဆိုးျခင္းေတြျဖစ္လာေစပါတယ္။

(၄) ပုဆိန္၊ေပါက္ျပားနဲ႕တံျမက္စည္းအေဟာင္းမ်ား

ထင္းခြဲတဲ့ပုဆိန္၊ ျမက္ေပါက္တဲ့ေပါက္ျပားနဲ႕ တံျမက္စည္းအေဟာင္းေတကို ဥယ်ာဉ္ျခံထဲ ဒါမွမဟုတ္ အိမ္အျပင္ဘက္မွာ ေထာင္ရက္သိမ္းထားသင့္ျပီး အဲ့ဒီပစၥည္းေတြကို အိမ္ထဲယူလာတာမ်ိုး၊ ေျမျပင္မွာဒီအတိုင္းလဲျပီးခ်ထားတာမ်ိဳးေတြက ခိုက္တတ္တယ္လို႕ အယူရွိၾကပါတယ္။

(၅) ရႈပ္ပြေနတဲ့အိပ္ရာ

freepik

မနက္အိပ္ရာနိုးလာတာနဲ႕ ေစာင္နဲ႕အိပ္ရာခင္းေတြကိုေသခ်ာေခါက္ျပီး သန္႕ျပန္႕ေနေအာင္ထားသင့္ပါတယ္။ ရႈပ္ပြေနတဲ့အိပ္ရာက အိမ္တစ္အိမ္အတြက္ကံဆိုးျခင္းကို ျဖစ္ေပၚေစပါတယ္။

(၆) အိမ္ထဲမွာထီးကိုဖြင့္ျပီးထားျခင္း

မိုးရြာထဲကေနအိမ္ျပန္ေရာက္လာတဲ့အခါ ထီးကိုအိမ္အျပင္ဖက္မွာ၊ ဝရန္တာမွာဖြင့္ျပီးအေျခာက္ခံပါ။ ထီးကိုအိမ္ထဲမွာဖြင့္ျပီးထားထားျခင္းက ကံဆိုးျခင္းကိုျဖစ္ေစတတ္ပါတယ္။

(၇) ပ်က္စီးျခင္း၊ေသဆံုးျခင္းနဲ႕ပတ္သက္တဲ့ရုပ္ပံုမ်ား

အိမ္ထဲမွာထားဖို႕ပန္းခ်ီကားေတြ၊ ရုပ္ပံုကားခ်ပ္ေတြဝယ္တဲ့အခါ ပ်က္စီးျခင္း၊ ေသဆံုးျခင္းနဲ႕ပတ္သက္တဲ့ရုပ္ပံုေတြကိုမဝယ္ပါနဲ႕။ ဒီလိုပံုေတြကိုအိမ္ထဲမွာထားျခင္းက မေကာင္းတဲ့အရာေတြကိုျဖစ္ေစပါတယ္။

(၈) ကႏၱာရဆူးပင္

freepik

ကႏၱာရဆူးပင္ေတြကို အလွပဲျဖစ္ျဖစ္အိမ္ထဲမွာစိုက္မထားပါနဲ႕။ ဆူးပင္ေသးေသးေလးေတြက ခ်စ္စရာေကာင္းတယ္ဆိုေပမယ့္ သင့္ကိုကံဆိုးေစနိုင္တာေၾကာင့္ အိမ္ထဲမွာမစိုက္ထားတာအေကာင္းဆံုးပါ။

written by PP

သင့်အိမ်ထဲကိုယူလာတဲ့ ပစ္စည်းတွေက သင့်အတွက်ကံဆိုးခြင်းတွေဖြစ်စေနိုင်တယ်ဆိုတာ သင်အမြဲတမ်းသတိထားသင့်ပါတယ်။ တချို့သောပစ္စည်းတွေက အိမ်ထဲကိုကံဆိုးခြင်းတွေယူလာနိုင်ပြီး အိမ်သားတွေကို သေဆုံးစေတဲ့အထိခိုက်တတ်ပါတယ်။ အခုဖော်ပြမယ့်အရာတွေက သင့်အိမ်မှာသိမ်းမထားသင့်တဲ့ ကံဆိုးစေတဲ့အရာတွေမို့လို့ ဒါတွေကို အမြန်ဆုံးရှင်းလင်းပစ်သင့်ပါတယ်။

(၁) ကျိုးပဲ့နေတဲ့နာရီနဲ့ မှန်အကွဲများ

အိမ်အတွင်းမှာ ကျိုးပဲ့နေတဲ့နာရီနဲ့ အက်ရာထင်နေတဲ့မှန်၊ မှန်အကွဲတွေမထားသင့်ပါဘူး။ ဒီလိုကျိုးပဲ့ကွဲအက်နေတဲ့အရာတွေအိမ်ထဲမှာ ရှိနေတဲ့အခါ သင့်ရဲ့ဘဝမှာအဆင်မပြေမှုတွေကို ပိုပြီးကြုံရတတ်ပါတယ်။

(၂) ပိုးစုန်းကြူး

ပိုးစုန်းကြူးလေးတွေက ချစ်စရာလေးတွေမို့ ဖမ်းပြီးဖန်ဗူးလေးတွေထဲထည့်ထားတာမျိုး မလုပ်မိပါစေနဲ့။ ပိုးစုန်းကြူးလေးတွေကို ဖန်ဗူးထဲထည့်ပြီးအိမ်ထဲထားထားခြင်းက သင့်ကိုကံဆိုးစေနိုင်ပါတယ်။

(၃) ပန်းအခြောက်များ

အိမ်ထဲမှာ အလှထားတဲ့ပန်းအိုးတွေထဲက ပန်းတွေညှိုးသွားတဲ့အခါ ချက်ချင်းပန်းအသစ်လဲပေးပါ။ ပန်းအညိုးတွေကို မလဲပစ်ဘဲထားထားခြင်းက သင်နဲ့သင့်အိမ်သားတွေဆီကံဆိုးခြင်းတွေဖြစ်လာစေပါတယ်။

(၄) ပုဆိန်၊ပေါက်ပြားနဲ့တံမြက်စည်းအဟောင်းများ

ထင်းခွဲတဲ့ပုဆိန်၊ မြက်ပေါက်တဲ့ပေါက်ပြားနဲ့ တံမြက်စည်းအဟောင်းတေကို ဥယျာဉ်ခြံထဲ ဒါမှမဟုတ် အိမ်အပြင်ဘက်မှာ ထောင်ရက်သိမ်းထားသင့်ပြီး အဲ့ဒီပစ္စည်းတွေကို အိမ်ထဲယူလာတာမျိုး၊ မြေပြင်မှာဒီအတိုင်းလဲပြီးချထားတာမျိုးတွေက ခိုက်တတ်တယ်လို့ အယူရှိကြပါတယ်။

(၅) ရှုပ်ပွနေတဲ့အိပ်ရာ

မနက်အိပ်ရာနိုးလာတာနဲ့ စောင်နဲ့အိပ်ရာခင်းတွေကိုသေချာခေါက်ပြီး သန့်ပြန့်နေအောင်ထားသင့်ပါတယ်။ ရှုပ်ပွနေတဲ့အိပ်ရာက အိမ်တစ်အိမ်အတွက်ကံဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။

(၆) အိမ်ထဲမှာထီးကိုဖွင့်ပြီးထားခြင်း

မိုးရွာထဲကနေအိမ်ပြန်ရောက်လာတဲ့အခါ ထီးကိုအိမ်အပြင်ဖက်မှာ၊ ဝရန်တာမှာဖွင့်ပြီးအခြောက်ခံပါ။ ထီးကိုအိမ်ထဲမှာဖွင့်ပြီးထားထားခြင်းက ကံဆိုးခြင်းကိုဖြစ်စေတတ်ပါတယ်။

(၇) ပျက်စီးခြင်း၊သေဆုံးခြင်းနဲ့ပတ်သက်တဲ့ရုပ်ပုံများ

အိမ်ထဲမှာထားဖို့ပန်းချီကားတွေ၊ ရုပ်ပုံကားချပ်တွေဝယ်တဲ့အခါ ပျက်စီးခြင်း၊ သေဆုံးခြင်းနဲ့ပတ်သက်တဲ့ရုပ်ပုံတွေကိုမဝယ်ပါနဲ့။ ဒီလိုပုံတွေကိုအိမ်ထဲမှာထားခြင်းက မကောင်းတဲ့အရာတွေကိုဖြစ်စေပါတယ်။

(၈) ကန္တာရဆူးပင်

ကန္တာရဆူးပင်တွေကို အလှပဲဖြစ်ဖြစ်အိမ်ထဲမှာစိုက်မထားပါနဲ့။ ဆူးပင်သေးသေးလေးတွေက ချစ်စရာကောင်းတယ်ဆိုပေမယ့် သင့်ကိုကံဆိုးစေနိုင်တာကြောင့် အိမ်ထဲမှာမစိုက်ထားတာအကောင်းဆုံးပါ။

written by PP