ေကာ္ဖီမႈန္႕စစ္စစ္ကိုအသားအေရနဲ႕ဆံပင္ေကာင္းဖို႕အတြက္ အသံုးျပုနည္းမ်ား

brightside.me

အနံ႕ေမႊးေမႊးေကာ္ဖီတစ္ခြက္က သင့္ရဲ႕မနက္ခင္းကိုလန္းဆန္းေစျပီး အလုပ္လုပ္တဲ့အခါ အာရံုစူးစိုက္မႈေကာင္းမြန္ေစပါတယ္။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ေသးပါဘူး။ ေကာ္ဖီမႈန္႕စစ္စစ္က အလွအပအတြက္လည္း အေတာ္ေလးအသံုးဝင္ပါတယ္။ ေကာ္ဖီမႈန္႕ကို အသားအေရနဲ႕ဆံပင္အတြက္သံုးနိုင္မယ့္နည္းလမ္းေကာင္းေလးေတြကေတာ့ ….

(၁) ေကာ္ဖီမႈန္႕နဲ႕ ေၾကးခြ်တ္နည္း

freepik

ေကာ္ဖီမႈန္႕ခြက္နဲ႕တစ္ခြက္၊ သၾကားညိုခြက္နဲ႕တစ္ခြက္၊ သံလြင္ဆီသံုးဇြန္း၊ ပ်ားရည္နွစ္ဇြန္းကိုေရာေမႊျပီး မ်က္နွာအနွံ႕ခပ္ထူထူေလးလိမ္းကာ လက္ေခ်ာင္းထိပ္ေလးနဲ႕ဖြဖြေလးနွိပ္နယ္ေပးပါ။ ၁၀မိနစ္ခန္႕နွိပ္နယ္ျပီးရင္ ေရေနြးေလးနဲ႕မ်က္နွာသစ္ေပးလိုက္ပါ။ မ်က္နွာအသားအေရေပၚမွာတင္ေနတဲ့ အညစ္အေၾကးေတြကို လံုးဝေျပာင္စင္သြားေစပါတယ္။

(၂) ႏႈတ္ခမ္းေျခာက္တာကိုေပ်ာက္ေအာင္လုပ္နည္း

ႏႈတ္ခမ္းေျခာက္တာဟာ ရာသီမေရြးျဖစ္တတ္တဲ့အရာတစ္ခုျဖစ္ျပီး သင့္ကိုအလွပ်က္ေစတဲ့အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ ေျခာက္ေသြ႕ကြဲအက္ေနတဲ့နႈတ္ခမ္းကိုစိုေျပနူးညံ့ေစဖို႕ ေကာ္ဖီမႈန္႕နဲ႕သံလြင္ဆီကိုေရာျပီး နႈတ္ခမ္းေပၚမွာလိမ္းကာ သြားပြတ္တံေလးနဲ႕ပြတ္တိုက္ေပးလိုက္ပါ။

(၃) ေခါင္းေလွ်ာ္ရည္

Spa concept. Self care with coffee body scrub. Natural organic cosmetics, homemade product, alternative lifestyle. White putty background

ေကာ္ဖီမႈန္႕ကိုေခါင္းေလွ်ာ္ရည္အေနနဲ႕လည္းသံုးလို႕ရပါတယ္။ ေရတစ္ခြက္ကိုအပူေပးကာ ၾကက္သီးေနြးေလာက္အေနအထားရေအာင္ အေအးခံပါ။ အဲ့ဒီေရထဲကို ေကာ္ဖီမႈန္႕ ၅ ဇြန္းထည့္ျပီး အျမွဳပ္ေလးေတြထလာတဲ့အထိေရာေမႊျပီးရင္ ေခါင္းေလွ်ာ္ရည္အျဖစ္သံုးနိုင္ပါျပီ။ ေကာ္ဖီမႈန္႕နဲ႕ေခါင္းေလွ်ာ္တာက ဆံပင္ကိုေတာက္ေျပာင္ေစျပီး ဦးေရျပားကိုလည္းက်န္းမာေစပါတယ္။

(၄) မ်က္ကြင္းညိုတာကိုေပ်ာက္ေစတဲ့နည္း

ေကာ္ဖီမႈန္႕ကိုေရေနြးနဲ႕ေဖ်ာ္ျပီး ေရခဲေသတၱာထဲမွာ၁၀မိနစ္ေလာက္အေအးခံလိုက္ပါ။ အာလူးကိုအကြင္းေလးေတြလွီးျပီး အေအးခံထားတဲ့ေကာ္ဖီထဲမွာနစ္လိုက္ကာ မ်က္ကြင္းညိုေနတဲ့အေပၚမွာ ကပ္ထားေပးပါ။ ၁၅ မိနစ္ေလာက္ကပ္ျပီးတာနဲ႕ မ်က္ကြင္းညိုတာေတြ ေပ်ာက္သြားပါလိမ့္မယ္။

written by PP

အနံ့မွှေးမွှေးကော်ဖီတစ်ခွက်က သင့်ရဲ့မနက်ခင်းကိုလန်းဆန်းစေပြီး အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်မှုကောင်းမွန်စေပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကော်ဖီမှုန့်စစ်စစ်က အလှအပအတွက်လည်း အတော်လေးအသုံးဝင်ပါတယ်။ ကော်ဖီမှုန့်ကို အသားအရေနဲ့ဆံပင်အတွက်သုံးနိုင်မယ့်နည်းလမ်းကောင်းလေးတွေကတော့ ….

(၁) ကော်ဖီမှုန့်နဲ့ ကြေးချွတ်နည်း

ကော်ဖီမှုန့်ခွက်နဲ့တစ်ခွက်၊ သကြားညိုခွက်နဲ့တစ်ခွက်၊ သံလွင်ဆီသုံးဇွန်း၊ ပျားရည်နှစ်ဇွန်းကိုရောမွှေပြီး မျက်နှာအနှံ့ခပ်ထူထူလေးလိမ်းကာ လက်ချောင်းထိပ်လေးနဲ့ဖွဖွလေးနှိပ်နယ်ပေးပါ။ ၁၀မိနစ်ခန့်နှိပ်နယ်ပြီးရင် ရေနွေးလေးနဲ့မျက်နှာသစ်ပေးလိုက်ပါ။ မျက်နှာအသားအရေပေါ်မှာတင်နေတဲ့ အညစ်အကြေးတွေကို လုံးဝပြောင်စင်သွားစေပါတယ်။

(၂) နှုတ်ခမ်းခြောက်တာကိုပျောက်အောင်လုပ်နည်း

နှုတ်ခမ်းခြောက်တာဟာ ရာသီမရွေးဖြစ်တတ်တဲ့အရာတစ်ခုဖြစ်ပြီး သင့်ကိုအလှပျက်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ခြောက်သွေ့ကွဲအက်နေတဲ့နှုတ်ခမ်းကိုစိုပြေနူးညံ့စေဖို့ ကော်ဖီမှုန့်နဲ့သံလွင်ဆီကိုရောပြီး နှုတ်ခမ်းပေါ်မှာလိမ်းကာ သွားပွတ်တံလေးနဲ့ပွတ်တိုက်ပေးလိုက်ပါ။

(၃) ခေါင်းလျှော်ရည်

ကော်ဖီမှုန့်ကိုခေါင်းလျှော်ရည်အနေနဲ့လည်းသုံးလို့ရပါတယ်။ ရေတစ်ခွက်ကိုအပူပေးကာ ကြက်သီးနွေးလောက်အနေအထားရအောင် အအေးခံပါ။ အဲ့ဒီရေထဲကို ကော်ဖီမှုန့် ၅ ဇွန်းထည့်ပြီး အမြှုပ်လေးတွေထလာတဲ့အထိရောမွှေပြီးရင် ခေါင်းလျှော်ရည်အဖြစ်သုံးနိုင်ပါပြီ။ ကော်ဖီမှုန့်နဲ့ခေါင်းလျှော်တာက ဆံပင်ကိုတောက်ပြောင်စေပြီး ဦးရေပြားကိုလည်းကျန်းမာစေပါတယ်။

(၄) မျက်ကွင်းညိုတာကိုပျောက်စေတဲ့နည်း

ကော်ဖီမှုန့်ကိုရေနွေးနဲ့ဖျော်ပြီး ရေခဲသေတ္တာထဲမှာ၁၀မိနစ်လောက်အအေးခံလိုက်ပါ။ အာလူးကိုအကွင်းလေးတွေလှီးပြီး အအေးခံထားတဲ့ကော်ဖီထဲမှာနစ်လိုက်ကာ မျက်ကွင်းညိုနေတဲ့အပေါ်မှာ ကပ်ထားပေးပါ။ ၁၅ မိနစ်လောက်ကပ်ပြီးတာနဲ့ မျက်ကွင်းညိုတာတွေ ပျောက်သွားပါလိမ့်မယ်။

written by PP