သင့်ချစ်သူဟာ သူ့အဆက်ဟောင်းကိုအခုချိန်ထိမမေ့နိုင်သေးဘူးဆိုတာ သိသာနေတဲ့အချက်များ

freepik





freepik





freepik




written by PP

ကိုယ်က ကိုယ့်ချစ်သူရဲ့အချစ်ဦးလည်းဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ် ကိုယ်က ဒုတိယလူ၊ တတိယလူ စသဖြင့်ဖြစ်နိုင်ပြီး သူ့ရဲ့နောက်ဆုံးအချစ်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ကိုယ့်ဘေးနားမှာ ချစ်သူအဖြစ်ရှိနေတဲ့သူက သူ့ရဲ့အချစ်ဟောင်း၊ အဆက်ဟောင်းကို မမေ့နိုင်သေးတာမျိုးတော့ ဘယ်သူမှလိုချင်ကြမယ်မထင်ပါဘူး။ သင့်ဘေးနားမှာရှိနေတဲ့ သင်ချစ်ရတဲ့သူက သူ့ရဲ့အချစ်ဟောင်းကို မမေ့နိုင်သေးဘူးဆိုတာ ဒီအချက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။

(၁) သူတို့နှစ်ယောက်ရဲ့အတိတ်အကြောင်းတွေတစ်စွန်းတစ်စပြောတတ်တယ်

သူတို့နှစ်ယောက်ရဲ့အရင်ကအမှတ်တရတွေအကြောင်း၊ သူတို့နှစ်ယောက်ရဲ့အတိတ်အကြောင်းတွေကို တစ်စွန်းတစ်စပြောတာမျိုး၊ သူတို့အတူတူသွားခဲ့တဲ့နေရာတွေအကြောင်းပြောတာမျိုးက သူဟာ သူ့အဆက်ဟောင်းကိုမမေ့နိုင်သေးဘူးဆိုတာဖော်ပြနေတာပါ။

(၂) သင်တို့နှစ်ယောက်ကိုအမြဲတမ်းနှိုင်းယှဉ်တတ်တယ်

သင့်ရဲ့ရုပ်ရည်၊ အပြုအမူ၊ အပြောအဆို စတာတွေကို သူ့ရဲ့အဆက်ဟောင်းနဲ့နှိုင်းယှဉ်ပြောတာမျိုးကလည်း သူဟာအဆက်ဟောင်းကို မမေ့နိုင်ဘူးဆိုတဲ့ သက်သေပါပဲ။

(၃) သူတို့ရဲ့အရင်ကပုံတွေရှိနေတုန်းပဲ

သူ့ဖုန်းထဲမှာ ဒါမှမဟုတ် သူ့ရဲ့ကွန်ပျူတာမှာ၊ hard disk ထဲမှာ သူ့တို့ရဲ့အရင်ကပုံတွေရှိနေတာဟာလည်း သူ့စိတ်ထဲမှာ သူ့အချစ်ဟောင်းနဲ့ပတ်သက်လို့ အမှတ်တရရှိနေတုန်းမို့ဖြစ်ပါတယ်။

(၄) သင့်ကိုနာမည်မှားပြီးခေါ်တာမျိုး

သူဟာသင့်ကိုသင့်နာမည်မဟုတ်တဲ့နာမ်စားနဲ့မှားပြီးခေါ်တာမျိုး၊ သင့်ကိုခေါ်နေကျမဟုတ်တဲ့နာမည်နဲ့ခေါ်တာမျိုးကလည်း သူ့အဆက်ဟောင်းနဲ့မှားနေတာဖြစ်နိုင်ပါတယ်။ ဒါဟာလည်း သူဟာအရင်လူကိုမမေ့နိုင်သေးဘူးဆိုတာ သိသာတဲ့အချက်တစ်ခုပါ။

(၅) သူ့အဆက်ဟောင်းရဲ့အကြောင်းတွေကိုစိတ်ဝင်စားနေတုန်းပဲ

သူဟာ သူ့အချစ်ဟောင်းနဲ့ပတ်သက်တဲ့အကြောင်းတွေကိုစိတ်ဝင်တစားရှိနေပြီး တခြားတစ်ယောက်နဲ့တွဲသွားတဲ့အခါ သဝန်တိုနေတတ်ပါတယ်။

written by PP