အိမ္မွာေသာင္းက်န္းေနတဲ့ၾကြက္ေတြကို အျပတ္နွိမ္နင္းနိုင္မယ့္နည္းလမ္းေကာင္းမ်ား

pixabay

အိမ္ထဲမွာ ၾကြက္ေတြရွိရင္ ညဘက္အိပ္မရေလာက္ေအာင္ ေသာင္းက်န္းတတ္တဲ့အျပင္ ရွိသမွ်အစားအေသာက္၊အဝတ္အထည္ေတြကိုလိုက္ကိုက္တတ္တာေၾကာင့္ အေတာ္ေလးစိတ္အေနွာက္အယွက္ျဖစ္ရပါတယ္။ ဒါတင္မကေသးပါဘူး၊ အိမ္မွာ ၾကြက္ေတြရွိတာက အိမ္သားေတြရဲ႕က်န္းမာေရးအတြက္လည္း မေကာင္းပါဘူး။ ဒါေၾကာင့္ အိမ္မွာရွိတဲ့ၾကြက္ေတြကို ေနာက္ထပ္လံုးဝမလာေအာင္ နွိမ္နင္းနိုင္မယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ပူဒီနာရြက္

pixabay

ပူဒီနာရြက္ရဲ႕အနံ႕ကိုၾကြက္ေတြက မခံနိုင္ပါဘူး။ ဒါေၾကာင့္ အစားအေသာက္ေတြနားကို ၾကြက္ေတြမလာေစခ်င္ရင္ ပူဒီနာရြက္ေတြနဲ႕ေရာထားထားလိုက္ပါ။

(၂) ေလးညွင္း

ေလးညွင္းအနံ႕ကၾကြက္ေတြကိုေျပးေစတာေၾကာင့္ ၾကြက္ေတြလာတတ္တဲ့လမ္းေၾကာင္းမွာ ေလးညွင္းပြင့္ေလးေတြထားထားလိုက္ရင္ ၾကြက္ေတြမလာေတာ့ပါဘူး။

(၃) ပရုတ္လံုး

အဝတ္ေတြကို ၾကြက္မကိုက္ေစဖို႕၊ အဝတ္ေသတၱာနဲ႕ ဗီရိုေတြထဲကိုၾကြက္ေတြမလာေစဖို႕ ပရုတ္လံုးထည့္ထားေပးလိုက္ပါ။

(၄) ခဲပတ္ျပား

freepik

ခဲပတ္ျပားရဲ႕ေျပာင္လက္တဲ့မ်က္နွာျပင္ကလည္းၾကြက္ေတြကို ေျပးေစပါတယ္။ ဒါေၾကာင့္ ၾကြက္မလာေစခ်င္တဲ့ေနရာေတြမွာ ခဲပတ္ျပားေတြကို အပိုင္းအစေလးေတြျဖတ္ျပီးခ်ထားေပးလိုက္ရံုပါပဲ။

(၅) ဘီယာ

မီးဖိုေခ်ာင္ထဲက ဟင္းခ်က္တဲ့အနီးနားေတြမွာ ၊ ထမင္းစားပြဲရဲ႕ေျခေထာက္ေတြမ်ာ ဘီယာနည္းနည္းေလာင္းထားေပးလိုက္ရင္ ၾကြက္ေတြမလာနို္င္ပါဘူး။ ၾကြက္ေတြေနတတ္တဲ့နံရံေထာင့္ေတြနဲ႕ အိမ္ၾကမ္းျပင္ကိုလည္း ဘီယာေလာင္းထားေပးရင္ ၾကြက္ေတြမေအာင္းနိုင္ေတာ့ပါဘူး။

written by PP

အိမ်ထဲမှာ ကြွက်တွေရှိရင် ညဘက်အိပ်မရလောက်အောင် သောင်းကျန်းတတ်တဲ့အပြင် ရှိသမျှအစားအသောက်၊အဝတ်အထည်တွေကိုလိုက်ကိုက်တတ်တာကြောင့် အတော်လေးစိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ ဒါတင်မကသေးပါဘူး၊ အိမ်မှာ ကြွက်တွေရှိတာက အိမ်သားတွေရဲ့ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် အိမ်မှာရှိတဲ့ကြွက်တွေကို နောက်ထပ်လုံးဝမလာအောင် နှိမ်နင်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပူဒီနာရွက်

ပူဒီနာရွက်ရဲ့အနံ့ကိုကြွက်တွေက မခံနိုင်ပါဘူး။ ဒါကြောင့် အစားအသောက်တွေနားကို ကြွက်တွေမလာစေချင်ရင် ပူဒီနာရွက်တွေနဲ့ရောထားထားလိုက်ပါ။

(၂) လေးညှင်း

လေးညှင်းအနံ့ကကြွက်တွေကိုပြေးစေတာကြောင့် ကြွက်တွေလာတတ်တဲ့လမ်းကြောင်းမှာ လေးညှင်းပွင့်လေးတွေထားထားလိုက်ရင် ကြွက်တွေမလာတော့ပါဘူး။

(၃) ပရုတ်လုံး

အဝတ်တွေကို ကြွက်မကိုက်စေဖို့၊ အဝတ်သေတ္တာနဲ့ ဗီရိုတွေထဲကိုကြွက်တွေမလာစေဖို့ ပရုတ်လုံးထည့်ထားပေးလိုက်ပါ။

(၄) ခဲပတ်ပြား

ခဲပတ်ပြားရဲ့ပြောင်လက်တဲ့မျက်နှာပြင်ကလည်းကြွက်တွေကို ပြေးစေပါတယ်။ ဒါကြောင့် ကြွက်မလာစေချင်တဲ့နေရာတွေမှာ ခဲပတ်ပြားတွေကို အပိုင်းအစလေးတွေဖြတ်ပြီးချထားပေးလိုက်ရုံပါပဲ။

(၅) ဘီယာ

မီးဖိုချောင်ထဲက ဟင်းချက်တဲ့အနီးနားတွေမှာ ၊ ထမင်းစားပွဲရဲ့ခြေထောက်တွေမျာ ဘီယာနည်းနည်းလောင်းထားပေးလိုက်ရင် ကြွက်တွေမလာနိုင်ပါဘူး။ ကြွက်တွေနေတတ်တဲ့နံရံထောင့်တွေနဲ့ အိမ်ကြမ်းပြင်ကိုလည်း ဘီယာလောင်းထားပေးရင် ကြွက်တွေမအောင်းနိုင်တော့ပါဘူး။

written by PP

Be the first to comment

Leave a Reply

Your email address will not be published.


*