အိုဇာတာေကာင္းခ်င္တဲ့မိန္းကေလးေတြအတြက္ အိမ္ေထာင္ဖက္ေရြးခ်ယ္နည္း

freepik

မိန္းကေလးေတြအေနနဲ႕ ကိုယ္လက္ထပ္မယ့္ လက္တြဲေဖာ္၊အိမ္ေထာင္ဖက္ကိုေရြးတဲ့အခါ ပိုက္ဆံရွိမွ၊ ရုပ္ေခ်ာမွဆိုတဲ့ စံနႈန္းေတြထက္ ကိုယ့္အတြက္တစ္သက္တာလံုး လံုျခံုမႈေပးနိုင္မယ့္သူမ်ိဳးကို ေရြးခ်ယ္သင့္ပါတယ္။ ဘဝလက္တြဲေဖာ္ဆိုတာရဲ႕အဓိပၸါယ္က ဘဝတေလွ်ာက္လံုး သူနဲ႕အတူတူလက္တြဲျပီး အဆိုးအေကာင္းမွန္သမွ်ရင္ဆိုင္ေက်ာ္ျဖတ္ၾကမယ္၊ တစ္ေယာက္နဲ႕တစ္ေယာက္ အေဖာ္ျပဳျပီးေနသြားၾကမယ္ဆိုတဲ့ အဓိပၸါယ္ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ မိန္းကေလးေတြအေနနဲ႕ ဘဝလက္တြဲေဖာ္ေရြးခ်ယ္တဲ့အခါ ထားရွိသင့္တဲ့ စံႏႈန္းေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

(၁) ယံုၾကည္ရမယ့္သူ

ကိုယ္နဲ႕တစ္သက္လံုးအတူလက္တြဲသြားရမယ့္သူက ယံုၾကည္လို႕မရတဲ့သူ၊ ကိုယ့္ကိုအျမဲတမ္းစိတ္ပူပန္ေအာင္လုပ္မယ့္သူမ်ိဳးျဖစ္ေနရင္ တစ္သက္လံုးသံသယေတြနဲ႕ စိတ္ပူပန္ေနရပါလိမ့္မယ္။ သမီးရည္းစားဘဝမွာကတည္းက ကိုယ့္ကိုစိတ္ပူပန္ေအာင္မလုပ္တဲ့သူ၊ ယံုၾကည္ရတဲ့သူမ်ိဳးကိုသာ လက္တြဲေဖာ္အျဖစ္ေရြးခ်ယ္သင့္ပါတယ္။

(၂) စာနာစိတ္ရွိသူ

freepik

ကိုယ္နဲ႕တစ္သက္လံုးအတူတူေနမယ့္သူတစ္ေယာက္က ကိုယ္ခ်င္းစာနာစိတ္မရွိတဲ့သူ၊ အနိုင္ယူတတ္တဲ့သူ၊ သူမ်ားဘက္ကို မၾကည့္ေပးတတ္တဲ့ အတၱသမားတစ္ေယာက္ျဖစ္ေနမယ္ဆိုရင္ တစ္သက္လံုးစိတ္ဆင္းရဲရမွာေပါ့။ ဒါေၾကာင့္ ရုပ္ရည္ေခ်ာေမာတာထက္ ကိုယ္ခ်င္းစာနာစိတ္ရွိသူကိုသာ အိမ္ေထာင္ဖက္အျဖစ္ေရြးခ်ယ္သင့္ပါတယ္။

(၃) ဖခင္စိတ္ရွိသူ

အိမ္ေထာင္ျပုတဲ့အခါ သားသမီးေတြရလာမွာပါ။ အဲ့ဒီသားသမီးေတြကို ေစာင့္ေရွာက္လိုစိတ္ရွိတဲ့သူ၊ တာဝန္ေက်လိုစိတ္ရွိသူ၊ သားသမီးေတြမ်က္နွာပ်က္မယ့္အရာေတြကို မလုပ္မယ့္သူ ၊ ဖခင္စိတ္ရွိတဲ့သူမ်ိဳးကိုေရြးခ်ယ္မွ ေပ်ာ္ရႊင္စရာမိသားစုေလးကို တည္ေဆာက္နိုင္မွာပါ။

(၄) ၾကိုးစားခ်င္စိတ္ရွိတဲ့သူ

freepik

မိန္းကေလးေတြဟာ ပိုက္ဆံမရွိတဲ့သူကို အိမ္ေထာင္ဖက္အျဖစ္ေရြးခ်ယ္လိုက္ရင္ ကိုယ့္ရဲ႕အနာဂတ္က အဆင္ေျပပါ့မလားဆိုျပီး စိတ္ပူတတ္ၾကပါတယ္။ တကယ္တမ္းမွာေတာ့ ပိုက္ဆံရွိတဲ့သူထက္ ၾကိုးစားခ်င္စိတ္ရွိသူကိုသာ ေရြးခ်ယ္သင့္တာပါ။ ပိုက္ဆံရွိျပီး ၾကိုးစားခ်င္စိတ္မရွိရင္ ဒီပိုက္ဆံေတြဟာ တစ္ေန႕ေန႕မွာ ကုန္သြားျပီး ဒုကၡေရာက္တတ္ပါတယ္။ ၾကိုးစားခ်င္စိတ္ရွိတဲ့သူကေတာ့ ပိုက္ဆံမရွိေပမယ့္ အျမဲဇြဲရွိတာေၾကာင့္ ကိုယ့္မိသားစုမ်က္နွာမငယ္ရေအာင္ သူကေသခ်ာေပါက္ ၾကိုးစားပါလိမ့္မယ္။

(၅) ဦးေဆာင္နိုင္စြမ္းရွိျပီး လက္တြဲေခၚတတ္တဲ့သူ

အိမ္ေထာင္တစ္ခုရဲ႕တာဝန္ကို အိမ္ေထာင္ဦးစီးကပဲ အျမဲဦးေဆာင္ေနရမယ္လို႕ မဆိုလိုပါဘူး။ ဒါေပမယ့္ ခင္ပြန္းေကာင္းတစ္ေယာက္၊ ဖခင္ေကာင္းတစ္ေယာက္ျဖစ္ဖို႕အတြက္ ဦးေဆာင္တတ္တဲ့သူတစ္ေယာက္ျဖစ္ဖို႕လိုပါတယ္။ အေသးအဖြဲေလးေတြမွာ ဦးေဆာင္နိုင္စြမ္းမရွိတဲ့သူတစ္ေယာက္က မိသားစုကိုလည္း ေကာင္းေကာင္းဦးေဆာင္နိုင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ အိမ္ေထာင္ျပုျပီးေနာက္ စိတ္ခ်မ္းသာဖို႕အတြက္ ဦးေဆာင္နိုင္စြမ္းရွိျပီး လက္တြဲေခၚတတ္တဲ့သူမ်ိဳးကို ေရြးခ်ယ္ရမွာပါ။

written by PP

မိန်းကလေးတွေအနေနဲ့ ကိုယ်လက်ထပ်မယ့် လက်တွဲဖော်၊အိမ်ထောင်ဖက်ကိုရွေးတဲ့အခါ ပိုက်ဆံရှိမှ၊ ရုပ်ချောမှဆိုတဲ့ စံနှုန်းတွေထက် ကိုယ့်အတွက်တစ်သက်တာလုံး လုံခြုံမှုပေးနိုင်မယ့်သူမျိုးကို ရွေးချယ်သင့်ပါတယ်။ ဘဝလက်တွဲဖော်ဆိုတာရဲ့အဓိပ္ပါယ်က ဘဝတလျှောက်လုံး သူနဲ့အတူတူလက်တွဲပြီး အဆိုးအကောင်းမှန်သမျှရင်ဆိုင်ကျော်ဖြတ်ကြမယ်၊ တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုပြီးနေသွားကြမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ဘဝလက်တွဲဖော်ရွေးချယ်တဲ့အခါ ထားရှိသင့်တဲ့ စံနှုန်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ယုံကြည်ရမယ့်သူ

ကိုယ်နဲ့တစ်သက်လုံးအတူလက်တွဲသွားရမယ့်သူက ယုံကြည်လို့မရတဲ့သူ၊ ကိုယ့်ကိုအမြဲတမ်းစိတ်ပူပန်အောင်လုပ်မယ့်သူမျိုးဖြစ်နေရင် တစ်သက်လုံးသံသယတွေနဲ့ စိတ်ပူပန်နေရပါလိမ့်မယ်။ သမီးရည်းစားဘဝမှာကတည်းက ကိုယ့်ကိုစိတ်ပူပန်အောင်မလုပ်တဲ့သူ၊ ယုံကြည်ရတဲ့သူမျိုးကိုသာ လက်တွဲဖော်အဖြစ်ရွေးချယ်သင့်ပါတယ်။

(၂) စာနာစိတ်ရှိသူ

ကိုယ်နဲ့တစ်သက်လုံးအတူတူနေမယ့်သူတစ်ယောက်က ကိုယ်ချင်းစာနာစိတ်မရှိတဲ့သူ၊ အနိုင်ယူတတ်တဲ့သူ၊ သူများဘက်ကို မကြည့်ပေးတတ်တဲ့ အတ္တသမားတစ်ယောက်ဖြစ်နေမယ်ဆိုရင် တစ်သက်လုံးစိတ်ဆင်းရဲရမှာပေါ့။ ဒါကြောင့် ရုပ်ရည်ချောမောတာထက် ကိုယ်ချင်းစာနာစိတ်ရှိသူကိုသာ အိမ်ထောင်ဖက်အဖြစ်ရွေးချယ်သင့်ပါတယ်။

(၃) ဖခင်စိတ်ရှိသူ

အိမ်ထောင်ပြုတဲ့အခါ သားသမီးတွေရလာမှာပါ။ အဲ့ဒီသားသမီးတွေကို စောင့်ရှောက်လိုစိတ်ရှိတဲ့သူ၊ တာဝန်ကျေလိုစိတ်ရှိသူ၊ သားသမီးတွေမျက်နှာပျက်မယ့်အရာတွေကို မလုပ်မယ့်သူ ၊ ဖခင်စိတ်ရှိတဲ့သူမျိုးကိုရွေးချယ်မှ ပျော်ရွှင်စရာမိသားစုလေးကို တည်ဆောက်နိုင်မှာပါ။

(၄) ကြိုးစားချင်စိတ်ရှိတဲ့သူ

မိန်းကလေးတွေဟာ ပိုက်ဆံမရှိတဲ့သူကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်လိုက်ရင် ကိုယ့်ရဲ့အနာဂတ်က အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ ပိုက်ဆံရှိတဲ့သူထက် ကြိုးစားချင်စိတ်ရှိသူကိုသာ ရွေးချယ်သင့်တာပါ။ ပိုက်ဆံရှိပြီး ကြိုးစားချင်စိတ်မရှိရင် ဒီပိုက်ဆံတွေဟာ တစ်နေ့နေ့မှာ ကုန်သွားပြီး ဒုက္ခရောက်တတ်ပါတယ်။ ကြိုးစားချင်စိတ်ရှိတဲ့သူကတော့ ပိုက်ဆံမရှိပေမယ့် အမြဲဇွဲရှိတာကြောင့် ကိုယ့်မိသားစုမျက်နှာမငယ်ရအောင် သူကသေချာပေါက် ကြိုးစားပါလိမ့်မယ်။

(၅) ဦးဆောင်နိုင်စွမ်းရှိပြီး လက်တွဲခေါ်တတ်တဲ့သူ

အိမ်ထောင်တစ်ခုရဲ့တာဝန်ကို အိမ်ထောင်ဦးစီးကပဲ အမြဲဦးဆောင်နေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ခင်ပွန်းကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဦးဆောင်တတ်တဲ့သူတစ်ယောက်ဖြစ်ဖို့လိုပါတယ်။ အသေးအဖွဲလေးတွေမှာ ဦးဆောင်နိုင်စွမ်းမရှိတဲ့သူတစ်ယောက်က မိသားစုကိုလည်း ကောင်းကောင်းဦးဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အိမ်ထောင်ပြုပြီးနောက် စိတ်ချမ်းသာဖို့အတွက် ဦးဆောင်နိုင်စွမ်းရှိပြီး လက်တွဲခေါ်တတ်တဲ့သူမျိုးကို ရွေးချယ်ရမှာပါ။

written by PP

Be the first to comment

Leave a Reply

Your email address will not be published.


*