အမြဲစိတ်ချမ်းသာအောင် နေထိုင်နည်း

ဘဝနေထိုင်နည်း

( ၁ ) သိသလောက် မပြောပါနဲ့

ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိူင်ပါဘူး လူတစ်ယောက်ရဲ့ လက်ခံနားလည်မူှဆိုတာ အရွယ်နဲ့ဆိုင်သလို

သူကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံ ၊ အတွေးအခေါ်နဲ့ဆိုင်ပါတယ်။

အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ကိုမိန်းမယူတာ ၊ ရည်းစားထားတာ မကောင်းဘူး အပူမရှာနဲ့တရားရှာလို့ သွားပြောရင် လက်ခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

ပါးစပ်မှာ ခဲဖျက်မပါသလို စကားဆိုတာကလည်း တန်ဖိုးထားတတ် သူနဲ့သာ သင့် စကားတွေက တန်ဖိုးထားခြင်း ခံရမှာပါ။

( ၂ ) အမြင်မတော်ရင် မျက်နှာလွဲနေပါ

အမြင်မတော်တာတွေ့တိုင်း ၊ မှားနေတာတွေ့တိုင်း မပြောပါနဲ့

အမြင်မတော်တိုင်းသာ ပြောနေမယ်ဆိုင် သင် ရွာပြင်အထုတ်ခံရပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ လူအများစုက ကိုယ်လုပ်တာ ကိုယ်မှန်တယ်ထင်နေပြီး အမှန်တရားကိုထောက်ပြရင်သူတို့ကို အရှက်ခွဲတယ်ဆိုပီး သင့်ကို အမြင်စောင်းကြပါလိမ့်မယ်။

လူအများအရှေ့မှာ ဖက်နမ်းနေပီး အမြင်မတော်သော အပြုအမူများလုပ်ဆောင်နေသော ချစ်သူနှစ်ဦးကို “မင်းတို့ မရှက်ကြဘူးလားကွာ”လို့သွားပြောရင် သင့်ကို အထင်လွဲသွားပါလိမ့်မယ်။

( ၃ ) ကြားတိုင်းမယုံပါနဲ့

နားဆိုတာက အကြားအာရုံဖြစ်သောကြောင့် သင့် နားထဲကိုဟုတ်တာ ၊ မဟုတ်တာ ၊ မှန်တာ ၊ မမှန်တာ အကုန်ကြားနေရပါလိမ့်မယ်။

ကြားနေတိုင်း လိုက်ခံစားနေရင် သင့် မှာ နှလုံးသား အပိုမပါသလို ဦးနှောက်လည်း အပိုမပါဘူးလေ။လူတစ်ချို့က သင့်ကို တစ်မျိုးပြောမယ် ၊ နောက်လူတစ်ချို့က သင့် ကိုတစ်မျိုးလာပြောကြပါလိမ့်မယ်။

ဘယ်သူတွေက ဘာတွေပဲပြောပြော ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်ပီးနှလုံးသားနဲ့ တော်သင့်ရုံပဲ ခံစားပါ။

မြင်ရင်မြင်တယ်လို့ မှတ် ၊ ကြားရင် ကြားတယ်လို့မှတ်ပြီး လောကမှာ ဖြစ်ပျက်နေတဲ့ အရာတော်တော်များများကို သင်လက်ခံလာနိူင်ရင်

သင့် ပါးစပ်ကလည်း သင့်တော်သော ၊ အမုန်းမပွားသော ၊ အများလက်ခံနိူင်သော စကားကို ပြောဆိုလာပါလိမ့်မယ်။

နူှတ် ကိုစောင့်စည်းလာနိူင်ခြင်းသည် လူမုန်းနည်းလာမယ်။

အမြင်ကျယ်ကျယ်ကြည့်လာနိူင်ပြီး အကောင်းမြင်စိတ်များလာရင်သူရော မိမိပါ အေးချမ်းလာပါလိမ့်မယ်။

နားကကြားခဲ့သမျှကို ဟိုဘက်နားကဝင်ပြီး ဒီဘက်နားက ထွက်ခဲ့ရင်သင့် ရင်ထဲမှာ ခံစားချက်နည်းလာသလို အခြားသူကို အပြစ်မြင်မူှလည်း လျော့နည်းလာပြီး ကိစ္စတော်တော်များများမှာ သင်ငြိမ်းချမ်းပျော်ရွှင်လာပါလိမ့်မယ်။

သူငယ်ချင်း….နေတတ်ရင် ၊ လက်ခံတတ်ရင် အရာအားလုံးက ကျေနပ်စရာတွေချည်းပါပဲ။

လေးစားစွာဖြင့်

ဇင်းနစ် မကွေး

ဘဝေနထုိင္နည္း

( ၁ ) သိသေလာက္ မေျပာပါနဲ႔

ကုိယ္သိတာနဲ႔ သူမ်ားက လက္ခံထားတာ မတူညီႏူိင္ပါဘူး လူတစ္ေယာက္ရဲ႕ လက္ခံနားလည္မူွဆုိတာ အရြယ္နဲ႔ဆုိင္သလုိ

သူၾကဳံေတြ႔ခဲ့ရေသာ ဘဝအေတြ႔အၾကဳံ ၊ အေတြးအေခၚနဲ႔ဆုိင္ပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ လူငယ္တစ္ေယာက္ကုိမိန္းမယူတာ ၊ ရည္းစားထားတာ မေကာင္းဘူး အပူမ႐ွာနဲ႔တရား႐ွာလုိ႔ သြားေျပာရင္ လက္ခံမွာ မဟုတ္ဘူးလုိ႔ ထင္ပါတယ္။

ပါးစပ္မွာ ခဲဖ်က္မပါသလုိ စကားဆုိတာကလည္း တန္ဖုိးထားတတ္ သူနဲ႔သာ သင့္ စကားေတြက တန္ဖုိးထားျခင္း ခံရမွာပါ။

( ၂ ) အျမင္မေတာ္ရင္ မ်က္ႏွာလြဲေနပါ

အျမင္မေတာ္တာေတြ႔တုိင္း ၊ မွားေနတာေတြ႔တုိင္း မ​ေျပာပါနဲ႔

အျမင္မေတာ္တုိင္းသာ ေျပာေနမယ္ဆုိင္ သင္ ရြာျပင္အထုတ္ခံရပါလိမ့္မယ္။

ဘာလုိ႔လဲဆုိေတာ့ လူအမ်ားစုက ကုိယ္လုပ္တာ ကုိယ္မွန္တယ္ထင္ေနၿပီး အမွန္တရားကုိေထာက္ျပရင္သူတုိ႔ကုိ အ႐ွက္ခြဲတယ္ဆုိပီး သင့္ကုိ အျမင္ေစာင္းၾကပါလိမ့္မယ္။

လူအမ်ားအေ႐ွ႕မွာ ဖက္နမ္းေနပီး အျမင္မေတာ္ေသာ အျပဳအမူမ်ားလုပ္ေဆာင္ေနေသာ ခ်စ္သူႏွစ္ဦးကုိ “မင္းတုိ႔ မ႐ွက္ၾကဘူးလားကြာ”လုိ႔သြားေျပာရင္ သင့္ကုိ အထင္လြဲသြားပါလိမ့္မယ္။

( ၃ ) ၾကားတုိင္းမယုံပါနဲ႔

နားဆုိတာက အၾကားအာ႐ုံျဖစ္ေသာေၾကာင့္ သင့္ နားထဲကုိဟုတ္တာ ၊ မဟုတ္တာ ၊ မွန္တာ ၊ မမွန္တာ အကုန္ၾကားေနရပါလိမ့္မယ္။

ၾကားေနတုိင္း လုိက္ခံစားေနရင္ သင့္ မွာ ႏွလုံးသား အပုိမပါသလုိ ဦးေႏွာက္လည္း အပုိမပါဘူးေလ။လူတစ္ခ်ဳိ့က သင့္ကုိ တစ္မ်ဳိးေျပာမယ္ ၊ ေနာက္လူတစ္ခ်ဳိ့က သင့္ ကုိတစ္မ်ဳိးလာေျပာၾကပါလိမ့္မယ္။

ဘယ္သူေတြက ဘာေတြပဲေျပာေျပာ ကုိယ့္ဦးေႏွာက္နဲ႔ ခ်င့္ခ်ိန္ပီးႏွလုံးသားနဲ႔ ေတာ္သင့္႐ုံပဲ ခံစားပါ။

ျမင္ရင္ျမင္တယ္လုိ႔ မွတ္ ၊ ၾကားရင္ ၾကားတယ္လုိ႔မွတ္ၿပီး ေလာကမွာ ျဖစ္ပ်က္ေနတဲ့ အရာေတာ္ေတာ္မ်ားမ်ားကုိ သင္လက္ခံလာႏူိင္ရင္

သင့္ ပါးစပ္ကလည္း သင့္ေတာ္ေသာ ၊ အမုန္းမပြားေသာ ၊ အမ်ားလက္ခံႏူိင္ေသာ စကားကုိ ေျပာဆုိလာပါလိမ့္မယ္။

ႏူွတ္ ကုိေစာင့္စည္းလာႏူိင္ျခင္းသည္ လူမုန္းနည္းလာမယ္။

အျမင္က်ယ္က်ယ္ၾကည့္လာႏူိင္ၿပီး အေကာင္းျမင္စိတ္မ်ားလာရင္သူေရာ မိမိပါ ေအးခ်မ္းလာပါလိမ့္မယ္။

နားကၾကားခဲ့သမ်ွကုိ ဟုိဘက္နားကဝင္ၿပီး ဒီဘက္နားက ထြက္ခဲ့ရင္သင့္ ရင္ထဲမွာ ခံစားခ်က္နည္းလာသလုိ အျခားသူကုိ အျပစ္ျမင္မူွလည္း ေလ်ာ့နည္းလာၿပီး ကိစၥေတာ္ေတာ္မ်ားမ်ားမွာ သင္ၿငိမ္းခ်မ္းေပ်ာ္ရႊင္လာပါလိမ့္မယ္။

သူငယ္ခ်င္း….ေနတတ္ရင္ ၊ လက္ခံတတ္ရင္ အရာအားလံုးက ေက်နပ္စရာေတြခ်ည္းပါပဲ။

ေလးစားစြာျဖင့္

ဇင္းနစ္​ မေကြး

Be the first to comment

Leave a Reply

Your email address will not be published.


*