သားေယာက်ာ္းေလးေမြးထားတဲ့ေမေမတိုင္း သားေလးကိုမျဖစ္မေနသင္ေပးသင့္တဲ့အရာမ်ား

freepik

မိခင္ေတြအေနနဲ႕ သမီးမိန္းကေလးေမြးထားရင္ မိန္းကေလးပီပီသသ ေနတတ္ထိုင္တတ္ဖို႕၊ ေျပာတတ္ဆိုတတ္ဖို႕ေတြကို မျဖစ္မေနသင္ေပးရမယ္ဆိုတဲ့ တာဝန္ရွိေပမယ့္ သားေယာက်ာ္းေလးေမြးလာရင္ေတာ့ ေယာက်ာ္းေလးပဲ ေထာင္အျပင္တန္းမရွိဘူး ဆိုတဲ့စိတ္မ်ိဳးရွိတတ္ၾကပါတယ္။ သားေယာက်ာ္းေလးေမြးထားတဲ့ ေမေမေတြအေနနဲ႕ ကိုယ့္ရဲဲ႕သားကို ေယာက်ာ္းပီသသူတစ္ေယာက္ အျဖစ္ၾကီးျပင္းလာဖို႕အတြက္ ဒီအခ်က္ေလးေတြကို မျဖစ္မေနသင္ေပးသင့္ပါတယ္။

(၁) ေပ်ာ္ရႊင္မႈရဲ႕အဓိပၸါယ္ကိုသင္ျပေပးပါ

freepik

စိတ္ခ်မ္းသာမႈ၊ ေပ်ာ္ရႊင္မႈဟာ ေအာင္ျမင္မႈ၊ေငြေၾကး၊ အဆင့္အတန္း စတာေတြနဲ႕ မသက္ဆိုင္ေၾကာင္း ၊ ကိုယ့္အတြင္းစိတ္ကလာတာျဖစ္ေၾကာင္း ေျပာျပပါ။ က်ရံႈးျခင္းက ကိုယ့္ရဲ႕ေပ်ာ္ရႊင္မႈကိုမဖ်က္ဆီးနိုင္ဘူး၊ အတိုက္အခိုက္ အဖ်က္အဆီးေတြမ်ားတဲ့ ေလာကၾကီးမွာ စိတ္ကိုသက္ေတာင့္သက္သာထားတတ္ေအာင္ သင္ေပးပါ။

(၂) ေလးစားတတ္ဖို႕သင္ျပေပးပါ

လူတစ္ဖက္သားကိုေလးစားတတ္ဖို႕ ငယ္ကတည္းက သင္ျပထားေပးပါ။ ကိုယ့္အတန္းေဖာ္အခ်င္းခ်င္းေလးစားဖုိ႕၊ မိန္းကေလးေတြကို ေလးေလးစားစားဆက္ဆံဖို႕ သင္ျပေပးပါ။

(၃) ကိုယ္ခ်င္းစာတတ္ဖို႕သင္ျပေပးပါ

လူတိုင္းမွာအဆင္မေျပတဲ့အေျခအေနေတြရွိတတ္လို႕ အားလံုးကိုကိုယ္နဲ႕ႏိႈင္းျပီး ကိုယ္ခ်င္းစားတတ္ဖို႕လိုတဲ့အေၾကာင္း ေျပာျပေပးပါ။ တိရစာၦန္ေလးေတြကအစ နာက်င္ေအာင္မလုပ္ဖို႕ တတ္နိုင္သေလာက္သင္ေပးပါ။

freepik

(၄) အမွားကိုဝန္ခံတတ္ဖို႕၊တာဝန္ယူတတ္ဖို႕သင္ျပေပးပါ

အမွားတစ္ခုလုပ္ထားရင္ အဲ့ဒီအမွားကိုေရွာင္မေျပးဘဲ တာဝန္ယူတတ္ဖို႕ သင္ျပေပးပါ။ ေယာက်ာ္းပီသတဲ့သူတစ္ေယာက္ျဖစ္ဖို႕ အမွားကိုဝန္ခံတတ္ဖို႕၊ တာဝန္ယူဖို႕လိုေၾကာင္း နားလည္ေအာင္ သင္ေပးပါ။

(၅) တန္ဖိုးထားတတ္ဖို႕သင္ျပေပးပါ

ကိုယ့္ရဲ႕အသံုးအေဆာင္ ပစၥည္းပစၥယေတြကို တန္ဖိုးထားတတ္ဖို႕၊ ကိုယ့္မိသားစုနဲ႕ သူငယ္ခ်င္းေတြကိုတန္ဖိုးထားတတ္ဖို႕ သင္ေပးပါ။ ပတ္ဝန္းက်င္သဘာဝအလွအပေတြကိုတန္ဖိုးထားတတ္ဖို႕ သင္ေပးပါ။ဒါေတြကို တန္ဖိုးထားတတ္လာတဲ့အခါ ဖ်က္လိုဖ်က္ဆီးစိတ္လည္း နည္းသြားပါလိမ့္မယ္။

written by PP

မိခင်တွေအနေနဲ့ သမီးမိန်းကလေးမွေးထားရင် မိန်းကလေးပီပီသသ နေတတ်ထိုင်တတ်ဖို့၊ ပြောတတ်ဆိုတတ်ဖို့တွေကို မဖြစ်မနေသင်ပေးရမယ်ဆိုတဲ့ တာဝန်ရှိပေမယ့် သားယောကျာ်းလေးမွေးလာရင်တော့ ယောကျာ်းလေးပဲ ထောင်အပြင်တန်းမရှိဘူး ဆိုတဲ့စိတ်မျိုးရှိတတ်ကြပါတယ်။ သားယောကျာ်းလေးမွေးထားတဲ့ မေမေတွေအနေနဲ့ ကိုယ့်ရဲ့သားကို ယောကျာ်းပီသသူတစ်ယောက် အဖြစ်ကြီးပြင်းလာဖို့အတွက် ဒီအချက်လေးတွေကို မဖြစ်မနေသင်ပေးသင့်ပါတယ်။

(၁) ပျော်ရွှင်မှုရဲ့အဓိပ္ပါယ်ကိုသင်ပြပေးပါ

စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုဟာ အောင်မြင်မှု၊ငွေကြေး၊ အဆင့်အတန်း စတာတွေနဲ့ မသက်ဆိုင်ကြောင်း ၊ ကိုယ့်အတွင်းစိတ်ကလာတာဖြစ်ကြောင်း ပြောပြပါ။ ကျရှုံးခြင်းက ကိုယ့်ရဲ့ပျော်ရွှင်မှုကိုမဖျက်ဆီးနိုင်ဘူး၊ အတိုက်အခိုက် အဖျက်အဆီးတွေများတဲ့ လောကကြီးမှာ စိတ်ကိုသက်တောင့်သက်သာထားတတ်အောင် သင်ပေးပါ။

(၂) လေးစားတတ်ဖို့သင်ပြပေးပါ

လူတစ်ဖက်သားကိုလေးစားတတ်ဖို့ ငယ်ကတည်းက သင်ပြထားပေးပါ။ ကိုယ့်အတန်းဖော်အချင်းချင်းလေးစားဖို့၊ မိန်းကလေးတွေကို လေးလေးစားစားဆက်ဆံဖို့ သင်ပြပေးပါ။

(၃) ကိုယ်ချင်းစာတတ်ဖို့သင်ပြပေးပါ

လူတိုင်းမှာအဆင်မပြေတဲ့အခြေအနေတွေရှိတတ်လို့ အားလုံးကိုကိုယ်နဲ့နှိုင်းပြီး ကိုယ်ချင်းစားတတ်ဖို့လိုတဲ့အကြောင်း ပြောပြပေးပါ။ တိရစ္ဆာန်လေးတွေကအစ နာကျင်အောင်မလုပ်ဖို့ တတ်နိုင်သလောက်သင်ပေးပါ။

(၄) အမှားကိုဝန်ခံတတ်ဖို့၊တာဝန်ယူတတ်ဖို့သင်ပြပေးပါ

အမှားတစ်ခုလုပ်ထားရင် အဲ့ဒီအမှားကိုရှောင်မပြေးဘဲ တာဝန်ယူတတ်ဖို့ သင်ပြပေးပါ။ ယောကျာ်းပီသတဲ့သူတစ်ယောက်ဖြစ်ဖို့ အမှားကိုဝန်ခံတတ်ဖို့၊ တာဝန်ယူဖို့လိုကြောင်း နားလည်အောင် သင်ပေးပါ။

(၅) တန်ဖိုးထားတတ်ဖို့သင်ပြပေးပါ

ကိုယ့်ရဲ့အသုံးအဆောင် ပစ္စည်းပစ္စယတွေကို တန်ဖိုးထားတတ်ဖို့၊ ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေကိုတန်ဖိုးထားတတ်ဖို့ သင်ပေးပါ။ ပတ်ဝန်းကျင်သဘာဝအလှအပတွေကိုတန်ဖိုးထားတတ်ဖို့ သင်ပေးပါ။ဒါတွေကို တန်ဖိုးထားတတ်လာတဲ့အခါ ဖျက်လိုဖျက်ဆီးစိတ်လည်း နည်းသွားပါလိမ့်မယ်။

written by PP

 

Be the first to comment

Leave a Reply

Your email address will not be published.


*