အိမ်ထောင်ရေးတစ်ခုမှာ လင်နှင့် မယား ထားရှိရမည့် စိတ်နေစိတ်ထားများ

မေတ္တာစကား လက်ဆောင်

ကျွန်တော်တို့ အိမ်ထောင်ကြပြီး မကြာခင် ဇနီးမောင်နှံ့ နှစ်ဦးသည် မိဘ နှစ်ပါးအားနှစ်စဉ်နှစ်တိုင်း သွားရောက်၍ ကန်တော့ဖြစ်လေသည်။

ဒီလို ကန်တော့အပြီးမှာ ဖခင်ဖြစ်သူက အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး ခုလို ဆုံးမစကားပြောပါတယ်။

“သားနဲ့ သမီးတို့ အဖေပြောမဲ့ စကားလေးတွေကို အမြဲနှလုံးသွင်းထားပါနော်။

ဒီနေ့ကစပြီး သားတို့ သမီးတို့ဟာအိမ်ထောင်ရှင်တွေဖြစ်သွားကြပြီ။ ဒီတော့ အရင်လို လူပျို၊ အပျိုတွေလို နေလို့မရတော့ဘူး။

” အိမ်ထောင်ပြု ” ခြင်းဆိုတဲ့ စကား ၃လုံးဟာ သူ့မှာ အဓိပ္ပါယ်တွေရှိပါတယ်။

“အိမ် ” ဆိုတာ……လူသားတွေအားလုံးအတွက် နေထိုင်ခြင်း။ရပ်တည်ခြင်း။လို့ အဓိပ္ပါယ်ဆောင်တယ်။

“ထောင် ” ဆိုတာ……ထူထောင်ခြင်း။ ခိုင်ခန့်ခြင်း။တည့်မက်ခြင်း။ မြဲမြန်ခြင်း။ လို့ အဓိပ္ပါယ်ဆောင်တယ်။

” ပြု ” ဆိုတာ……ပြုပြင်ခြင်း။ ပြောင်းလဲခြင်း။ အသစ်ရေးဆွဲခြင်း။ လို့ အဓိပ္ပါယ်ဆောင်ပါတယ်တဲ့။သားနဲ့ သမီးတို့။

အေး ဒီတော့ အိမ်ထောင်ပြုခြင်းကို အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင်သူနဲ့ကိုယ်နဲ့ဘဝနှစ်ခုပေါင်းစပ်ပြီး ဘဝဆိုတဲ့အိမ်တစ်လုံးကို ခိုင်မြဲအောင် တည်ဆောက်ပြီး မကောင်းသောအတွေး| မကောင်းသောအကြံ| မကောင်းသော အလုပ်များရှိခဲ့ရင် ယနေ့မှစ၍ ပြုပြင်ပြောင်းလည်းပြီး လောကမှာ တန်ဖိုးရှိတဲ့ အိမ်ထောင်ရှင်ယောကျာ်း| တန်ဖိုးရှိတဲ့ အိမ်ထောင်ရှင်မိန်းမ ဖြစ်အောင်ကြိုးစားမယ်လို့ ယူစရမယ်။

အေး ဒီတော့ သားကို အရင်ပြောရမယ်။

” ဒီမယ်သား အိမ်ထောင်ရှင်ယောကျာ်းတစ်ယောက်ဟာ ရာထူး| အာဏာ|ပါဝါရပြီး အမြင့်တနေရာကို ရောက်တိုင်း အမြင်ကျယ်ပြီလို့ မထင်ပါနဲ့။

နောက် ယောကျာ်းဆိုတာ ငွေရှာပေးနိူင်ပြီး ကုတင်ပေါ်က ကိစ္စလောက် ခံစားရရင် တော်ပြီဆိုတဲ့ အတွေးနဲ့ မပြီးပါဘူး။

လောကမှာ အိမ်ထောင်ရေးတစ်ခုသာယာဖို့ဆိုရင် လင်နှင့်မယား အပေးအယူမျှဖို့ရယ်။

နှစ်ဦးသားဟာ ပညာနား| ပညာမျက်စိနဲ့ ပညာဦးနှောက်ဖြင့် ရှေ့ကို ကြိုုကြည့် ကြိုတွေးနိူင်ပြီး အကောင်းအဆိုး ခွဲခြားနိူင်ဖို အရမ်းအရေးကြီးပါတယ်။

အိမ်ထောင်ရှင် ယောကျာ်းတစ်ယောက်ဟာ” ရေ “နဲ့ တူပြီး မိန်းမဖြစ်သူဟာ” ကန်ဘောင် “နဲ့ တူတယ်။

ယောကျာ်း ရှာဖွေလို သရမျှ ငွေကိုမျှမျှတတ စည်းကမ်းရှိစွာ သုံးဆွဲတတ်ရမယ်။

အသုံးနဲ့ အဖြုန်း နားလည် ရမယ်။လိုသည်ထက်ပို၍ မစားနဲ့| မဝတ်နဲ့။မသွားနဲ့။ ဒါမှ အကြွေးကင်းတဲ့ မိသားစုဘဝကိုပိုင်ဆိုင်နိူင်မယ် သားနဲ့သမီး။

လောကမှာ အလွန်တော်တဲ့ မိန်းမများဟာ လှေကားနဲ့တူပြီးအလွန်ချော်တဲ့ မိန်းမများကြတော့ ယောကျာ်းတစ်ယောက်အတွက်အမှိုက်နဲ့တူတယ်။ မီးနဲ့တူတယ်။ သူ့ကြောင့်ပူလောင်ရတယ်။

ညကို မီးထွန်းပြီး ငွေရှာတာတောင်မလောက်တဲ့ဘဝဖြစ်တတ်တယ်။

ဒါတွေကို သတိထားပါ သားနဲ့သမီး။

နောက် အိမ်ထောင်သက်တမ်းကြာလာရင် လူတွေဟာ ရေရောထားတဲ့” ဝိုင် “တစ်ခွက်လို ဖြစ်သွားတတ်တယ်။

“ဝိုင်” ဆိုတာ ပကတိအရသာက အချိုအရသာပါ။” မေက မောင်လောက်မချစ်ပါဘူး။

မောင်က မေ့လောက်မချစ်ပါဘူး” နဲ့ တစ်ဦးနဲ့တစ်ဦး အချစ်ပြိုင်ရင်း ပြိုင်ရင်းနဲ့ နောက်တော့တဖြေးဖြေး အချစ်တွေပေါ့ပြီး ရေရောထားတဲ့ ဝိုင်တစ်ခွက်လို ဖြစ်သွားတတ်တယ်နော်။

ဒါကြောင့် သတိထားပါ။ အချစ်တွေမပြိုင်မိပါစေနဲ့။

နောက်အသက် (၄၅)နှစ်နောက်ပိုင်းရောက်ရင် တချို့အိမ်ထောင်သည်တွေဟာ စိတ်တွေပြောင်းလည်းပြီး အိမ်ထောင်ရေး ပြဿနာကြီးငယ်ဖြစ်ပွှားစေတတ်တယ်နော်။ ဒါကိုလည်းသတိပေးပါရစေ။ သားနဲ့သမီး……

လောကမှာ အိမ်ထောင်တစ်ခုတည်ဆောက်ရတာ ဘုရားတစ်ဆူ တည်ဆောက်ရသလိုပါပဲ။

ဘာလိုလဲ ဆိုတော့………ဘုရားဆိုတာ ဘယ်လို အင်္ဂ ါရပ်တွေနဲ့ ပြည့်စုံနေပါစေ ဘုရားမှာ ဆွဲလည်း မရှိရင်။ ဆွဲလည်းမပါရင် မသာယာနိူင်ဘူးတဲ့။

ဘုရားကို တော| တောင်ထဲမှာပဲတည်တည်။ မြို့ထဲ| ရွာထဲမှာပဲတည်တည်။ဒီ ဆွဲလည်းသံ (တချွန်ချွန်) ကြားရသော ဘုရားစေတီတို့မှာ လွန်စွာမှ သာယာလှတယ်။

ထိုအတူပါပဲ အိမ်ထောင်ရေးမှာလည်းတောမှာပဲပြုပြု | မြို့မှာပဲပြုပြု ဆွဲလည်း တည်းဟူသော သားသမီး ရတနာဆိုတာ မရှိလို့ မဖြစ်ပါဘူး။

ဒီသားသမီးကို အကြောင်းပြုပြီးအိမ်ထောင်ရေးရဲ့ တန်ဖိုးနဲ့ လူ့ဘဝကိုနားလည်ပြီး လေးနက်တဲ့ အတွေးအမြင်များနဲ့ ဘဝဟာ အဓိပ္ပါယ်တွေများစွာရှိပြီးအိမ်ထောင်ရေးဟာ ပျော်ရွှင်ခြင်း|သာယာခြင်း| ကြည်နူးခြင်းတွေနဲ့ ဘဝဟာလေးနက်လာလိမ့်မယ်နော်။

ဒါလေးတွေကိုလည်း သားနဲ့ သမီး မမေ့ပါနဲ့နော်။

နောက်ဆုံး အနေနဲ့ အဖေအထူး မှာချင်တာကတော့ သားနဲ့ သမီးတို့ဟာ ဘယ်လို အိမ်ထောင်ရေးဘဝမျိုးကို ရောက်နေပါစေ။

ခေါင်အမိုးမလုံတဲ့ အိမ်တစ်လုံးလို မဖြစ်ပါစေနဲ့။ အမိုးမလုံတဲ့ အိမ်ဟာ ဘယ်လောက် တန်ဖိုးကြီးမားတဲ့ ပစ္စည်းဥစ္စာတွေ မည်မျှပင် ရှိစေကာမူ ကြါလာရင် ဒီမိုးရေတွေကြောင့် ပျက်စီးဆုံးရှုံးပြီး တန်ဖိုးမဲ့သွားတတ်တယ်။

ထိုအတူပါပဲ အိမ်ထောင်တစ်ခုမှာ လင်နှင့်မယား ဟာ စာရိတ္တတည်းဟူသော ခေါင်းမိုးကြီး ပွင့်ပြီဆိုရင် ဒီအိမ်ထောင်ရေးဟာဘဝမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး တဖြေးဖြေးဆွေးမြေ့ ပြိုကျပျက်စီးသွားနိူင်ပါတယ်။

ဒါကြောင့် သားနဲ့ သမီးတို့ရဲ့ အိမ်ထောင်ရေးလေး သာယာဖို့| ငြိမ်းချမ်းဖို့| အောင်မြင်ဖိုဆိုရင် စာရိတ္တခေါင်မိုးကို ဘဝထပ်ဆုံး လွှမ်းခြုံ ကာမိုးနိူင်ကြပါစေလို့အဖေ ဆန္ဒပြုလိုက်ပါတယ်။

စိတ်ချပါအဖေ သားတို့သမီးတို့အားလုံးသာယာ| ငြိမ်းချမ်း | ပျော်ရွှင်သော အိမ်ထောင်ရေးမျိုး တည်ဆောက်ပါမယ်လို့ ကတိပေးပါတယ်။

လောကထဲရှိ အိမ်ထောင်ရှင်များအားလုံးကိုယ်စိတ် နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ။

မေတ္တာဖြင့်

Z.C ( ရွှေကုန်းရွာ )

ေမတၱာစကား လက္ေဆာင္

ကြ်န္ေတာ္တို႔ အိမ္ေထာင္ၾကျပီး မၾကာခင္ ဇနီးေမာင္နွံ႔ နွစ္ဦးသည္ မိဘ နွစ္ပါးအားနွစ္စဥ္နွစ္တိုင္း သြားေရာက္၍ ကန္ေတာ့ျဖစ္ေလသည္။

ဒီလို ကန္ေတာ့အျပီးမွာ ဖခင္ျဖစ္သူက အိမ္ေထာင္ေရးနဲ႕ ပတ္သတ္ျပီး ခုလို ဆုံးမစကားေျပာပါတယ္။

“သားနဲ႕ သမီးတို႔ အေဖေျပာမဲ႕ စကားေလးေတြကို အျမဲနွလုံးသြင္းထားပါေနာ္။

ဒီေန႔ကစျပီး သားတို႔ သမီးတို႔ဟာအိမ္ေထာင္ရွင္ေတြျဖစ္သြားျကျပီ။ ဒီေတာ့ အရင္လို လူပ်ိဳ၊ အပ်ိဳေတြလို ေနလို႔မရေတာ့ဘူး။

” အိမ္ေထာင္ျပဳ ” ျခင္းဆိုတဲ႕ စကား ၃လုံးဟာ သူ႔မွာ အဓိပၸါယ္ေတြရွိပါတယ္။

“အိမ္ ” ဆိုတာ……လူသားေတြအားလုံးအတြက္ ေနထိုင္ျခင္း။ရပ္တည္ျခင္း။လို႔ အဓိပၸါယ္ေဆာင္တယ္။

“ေထာင္ ” ဆိုတာ……ထူေထာင္ျခင္း။ ခိုင္ခန္႔ျခင္း။တည့္မက္ျခင္း။ ျမဲျမန္ျခင္း။ လို႔ အဓိပၸါယ္ေဆာင္တယ္။

” ျပဳ ” ဆိုတာ……ျပဳျပင္ျခင္း။ ေျပာင္းလဲျခင္း။ အသစ္ေရးဆြဲျခင္း။ လို႔ အဓိပၸါယ္ေဆာင္ပါတယ္တဲ႕။သားနဲ႕ သမီးတို႔။

ေအး ဒီေတာ့ အိမ္ေထာင္ျပဳျခင္းကို အဓိပၸါယ္ဖြင့္ရမယ္ဆိုရင္သူနဲ႕ကိုယ္နဲ႕ဘဝနွစ္ခုေပါင္းစပ္ျပီး ဘဝဆိုတဲ႕အိမ္တစ္လုံးကို ခိုင္ျမဲေအာင္ တည္ေဆာက္ျပီး မေကာင္းေသာအေတြး| မေကာင္းေသာအၾကံ| မေကာင္းေသာ အလုပ္မ်ားရွိခဲ႕ရင္ ယေန႔မွစ၍ ျပဳျပင္ေျပာင္းလည္းျပီး ေလာကမွာ တန္ဖိုးရွိတဲ႕ အိမ္ေထာင္ရွင္ေယာက်ာ္း| တန္ဖိုးရွိတဲ႕ အိမ္ေထာင္ရွင္မိန္းမ ျဖစ္ေအာင္ျကိဳးစားမယ္လို႔ ယူစရမယ္။

ေအး ဒီေတာ့ သားကို အရင္ေျပာရမယ္။

” ဒီမယ္သား အိမ္ေထာင္ရွင္ေယာက်ာ္းတစ္ေယာက္ဟာ ရာထူး| အာဏာ|ပါဝါရျပီး အျမင့္တေနရာကို ေရာက္တိုင္း အျမင္က်ယ္ျပီလို႔ မထင္ပါနဲ႕။

ေနာက္ ေယာက်ာ္းဆိုတာ ေငြရွာေပးနိူင္ျပီး ကုတင္ေပၚက ကိစၥေလာက္ ခံစားရရင္ ေတာ္ျပီဆိုတဲ႔ အေတြးနဲ႕ မျပီးပါဘူး။

ေလာကမွာ အိမ္ေထာင္ေရးတစ္ခုသာယာဖို႔ဆိုရင္ လင္နွင့္မယား အေပးအယူမ်ွဖို႔ရယ္။

နွစ္ဦးသားဟာ ပညာနား| ပညာမ်က္စိနဲ႕ ပညာဦးေနွာက္ျဖင့္ ေရွ႔ကို ႀကိဳုၾကည့္ ၾကိဳေတြးနိူင္ျပီး အေကာင္းအဆိုး ခြဲျခားနိူင္ဖို အရမ္းအေရးၾကီးပါတယ္။

အိမ္ေထာင္ရွင္ ေယာက်ာ္းတစ္ေယာက္ဟာ” ေရ “နဲ႕ တူျပီး မိန္းမျဖစ္သူဟာ” ကန္ေဘာင္ “နဲ႕ တူတယ္။

ေယာက်ာ္း ရွာေဖြလို သရမ်ွ ေငြကိုမ်ွမ်ွတတ စည္းကမ္းရွိစြာ သုံးဆြဲတတ္ရမယ္။

အသုံးနဲ႕ အျဖဳန္း နားလည္ ရမယ္။လိုသည္ထက္ပို၍ မစားနဲ႕| မဝတ္နဲ႕။မသြားနဲ႕။ ဒါမွ အေၾကြးကင္းတဲ႕ မိသားစုဘဝကိုပိုင္ဆိုင္နိူင္မယ္ သားနဲ႕သမီး။

ေလာကမွာ အလြန္ေတာ္တဲ႕ မိန္းမမ်ားဟာ ေလွကားနဲ႕တူျပီးအလြန္ေခ်ာ္တဲ႕ မိန္းမမ်ားျကေတာ့ ေယာက်ာ္းတစ္ေယာက္အတြက္အမိႈက္နဲ႕တူတယ္။ မီးနဲ႕တူတယ္။ သူ႔ေျကာင့္ပူေလာင္ရတယ္။

ညကို မီးထြန္းျပီး ေငြရွာတာေတာင္မေလာက္တဲ႕ဘဝျဖစ္တတ္တယ္။

ဒါေတြကို သတိထားပါ သားနဲ႕သမီး။

ေနာက္ အိမ္ေထာင္သက္တမ္းၾကာလာရင္ လူေတြဟာ ေရေရာထားတဲ႕” ဝိုင္ “တစ္ခြက္လို ျဖစ္သြားတတ္တယ္။

“ဝိုင္” ဆိုတာ ပကတိအရသာက အခ်ိဳအရသာပါ။” ေမက ေမာင္ေလာက္မခ်စ္ပါဘူး။

ေမာင္က ေမ့ေလာက္မခ်စ္ပါဘူး” နဲ႕ တစ္ဦးနဲ႕တစ္ဦး အခ်စ္ျပိဳင္ရင္း ျပိဳင္ရင္းနဲ႕ ေနာက္ေတာ့တေျဖးေျဖး အခ်စ္ေတြေပါ့ျပီး ေရေရာထားတဲ႕ ဝိုင္တစ္ခြက္လို ျဖစ္သြားတတ္တယ္ေနာ္။

ဒါေျကာင့္ သတိထားပါ။ အခ်စ္ေတြမျပိဳင္မိပါေစနဲ႕။

ေနာက္အသက္ (၄၅)နွစ္ေနာက္ပိုင္းေရာက္ရင္ တခ်ိဳ႕အိမ္ေထာင္သည္ေတြဟာ စိတ္ေတြေျပာင္းလည္းျပီး အိမ္ေထာင္ေရး ျပႆနာျကီးငယ္ျဖစ္ပြွားေစတတ္တယ္ေနာ္။ ဒါကိုလည္းသတိေပးပါရေစ။ သားနဲ႕သမီး……

ေလာကမွာ အိမ္ေထာင္တစ္ခုတည္ေဆာက္ရတာ ဘုရားတစ္ဆူ တည္ေဆာက္ရသလိုပါပဲ။

ဘာလိုလဲ ဆိုေတာ့………ဘုရားဆိုတာ ဘယ္လို အဂၤ ါရပ္ေတြနဲ႕ ျပည့္စုံေနပါေစ ဘုရားမွာ ဆြဲလည္း မရွိရင္။ ဆြဲလည္းမပါရင္ မသာယာနိူင္ဘူးတဲ႕။

ဘုရားကို ေတာ| ေတာင္ထဲမွာပဲတည္တည္။ ျမိဳ႕ထဲ| ရြာထဲမွာပဲတည္တည္။ဒီ ဆြဲလည္းသံ (တခ်ြန္ခြ်န္) ၾကားရေသာ ဘုရားေစတီတို႔မွာ လြန္စြာမွ သာယာလွတယ္။

ထိုအတူပါပဲ အိမ္ေထာင္ေရးမွာလည္းေတာမွာပဲျပဳျပဳ | ျမိဳ႔မွာပဲျပဳျပဳ ဆြဲလည္း တည္းဟူေသာ သားသမီး ရတနာဆိုတာ မရွိလို႔ မျဖစ္ပါဘူး။

ဒီသားသမီးကို အေျကာင္းျပဳျပီးအိမ္ေထာင္ေရးရဲ႕ တန္ဖိုးနဲ႕ လူ႔ဘဝကိုနားလည္ျပီး ေလးနက္တဲ႕ အေတြးအျမင္မ်ားနဲ႕ ဘဝဟာ အဓိပၸါယ္ေတြမ်ားစြာရွိျပီးအိမ္ေထာင္ေရးဟာ ေပ်ာ္ရြွင္ျခင္း|သာယာျခင္း| ၾကည္နူးျခင္းေတြနဲ႕ ဘဝဟာေလးနက္လာလိမ့္မယ္ေနာ္။

ဒါေလးေတြကိုလည္း သားနဲ႔ သမီး မေမ့ပါနဲ႕ေနာ္။

ေနာက္ဆုံး အေနနဲ႕ အေဖအထူး မွာခ်င္တာကေတာ့ သားနဲ႕ သမီးတို႔ဟာ ဘယ္လို အိမ္ေထာင္ေရးဘဝမ်ိဳးကို ေရာက္ေနပါေစ။

ေခါင္အမိုးမလုံတဲ့ အိမ္တစ္လုံးလို မျဖစ္ပါေစနဲ႕။ အမိုးမလုံတဲ့ အိမ္ဟာ ဘယ္ေလာက္ တန္ဖိုးျကီးမားတဲ႕ ပစၥည္းဥစၥာေတြ မည္မ်ွပင္ ရွိေစကာမူ ၾကါလာရင္ ဒီမိုးေရေတြေၾကာင့္ ပ်က္စီးဆုံးရွံုးျပီး တန္ဖိုးမဲ႕သြားတတ္တယ္။

ထိုအတူပါပဲ အိမ္ေထာင္တစ္ခုမွာ လင္နွင့္မယား ဟာ စာရိတၱတည္းဟူေသာ ေခါင္းမိုးျကီး ပြင့္ျပီဆိုရင္ ဒီအိမ္ေထာင္ေရးဟာဘဝမွာ ရုပ္ပ်က္ဆင္းပ်က္ျဖစ္ျပီး တေျဖးေျဖးေဆြးေျမ႔ ျပိဳက်ပ်က္စီးသြားနိူင္ပါတယ္။

ဒါေျကာင့္ သားနဲ႕ သမီးတို႔ရဲ႕ အိမ္ေထာင္ေရးေလး သာယာဖို႔| ျငိမ္းခ်မ္းဖို႔| ေအာင္ျမင္ဖိုဆိုရင္ စာရိတၲေခါင္မိုးကို ဘဝထပ္ဆုံး လြွမ္းျခံဳ ကာမိုးနိူင္ၾကပါေစလို႕အေဖ ဆႏၵျပဳလိုက္ပါတယ္။

စိတ္ခ်ပါအေဖ သားတို႔သမီးတို႔အားလုံးသာယာ| ျငိမ္းခ်မ္း | ေပ်ာ္ရြွင္ေသာ အိမ္ေထာင္ေရးမ်ိဳး တည္ေဆာက္ပါမယ္လို႔ ကတိေပးပါတယ္။

ေလာကထဲရွိ အိမ္ေထာင္ရွင္မ်ားအားလုံးကိုယ္စိတ္ နွစ္ပါး က်န္းမာ ခ်မ္းသာျကပါေစ။

ေမတၱာျဖင့္

Z.C ( ေရြွကုန္းရြာ )