ပေါ့ပေါ့လေးမနေကြပါနဲ့ တစ်ပါးသူအကြွေးတင်နေကြသူများ ပြန်ဆပ်တတ်ကြပါစေ

အကြွေးဆိုတာလူတိုင်းနဲ့မကင်းပါဘူး။ တစ်ချို့ကတစ်ကယ်လိုအပ်လို့ခေတ္တယူသုံးတာ ….တစ်ချို့ကျသူများနားကရအောင်ယူနိုင်တာကို ကိုယ်ပိုင်အစွမ်းအစလို့ထင်မှတ်ကြတယ်။

တစ်ချို့ကရောင်းရင်းဝယ်ရင်းတစ်ကယ်ခက်ခဲလို့ မတတ်သာလို့ပြန်မပေးနိုင်ကြတာ။ ဘာဘဲဖြစ်ဖြစ် အကြွေးဆိုတာ အပိုင်ပေးတာမဟုတ်လို့ကိုယ့်အပေါ်မှာသူတစ်ပါးရဲ့ရွှေ ငွေ ရတနာ အိမ် ခြံ မြေ တစ်ခုခုသူ့ပိုင်ဆိုင်မှုအတွက် ရစရှိတာရသင့်ရထိုက်လို့မျှော်လင့်နေသမျှတော့ ကိုယ်ပေးစရာရှိတဲ့အကြွေးကိုမျှော်လင့်နေကြမှာပါဘဲ။ ကိုယ့်မှာလည်းအခက်အခဲရှိသလို …

ကိုယ်ပေးစရာရှိတဲ့သူမှာလည်း အခက်အခဲရှိနိုင်တာပါဘဲ။ အကြွေးဆိုတာဘယ်လောက်များများ ဆပ်ချင်စိတ်ရှိသူ အကြွေးသံသရာကိုကြောတ်တတ်သူအဖို့တော့ဆပ်တတ်ရင်ကြေပါတယ်။ ..မဆပ်ချင်သူ သံသရာမကြောက်သူအဖို့ကတော့ ဘာသိဘာသာနေနိုင်ပါတယ်။ အကြွေးဆိုတာကတော့လူတိုင်းနဲမကင်းကြပါဘူ။း ကျွန်တော်တို့မှာလည်းရှိပါတယ်လူတိုင်းလည်းရှိကြပါတယ်။ ဒါပေမယ့်လူဆိုတာကတော့အကြွေးရဲအကျိုး အပြစ်ကိုနားလည်ရပါမယ် ကြောက်တတ်ရပါ့မယ်။

မကြောက်တတ်သူနားမလည်သူအဖို့လည်း ဘာမှမဖြစ်ပါဘူးတစ်ချို့လူတွေပြောတတ်တဲ့စကားလေးရှိပါတယ်။ အကြွေးကင်းတာ တိရိစ္ဆာန်ဘဲရှိတယ်။ လူဆိုတာကတော့အကြွေးရှိမှာပေါ့ဆိုတဲ့စကားလေးပါ။ တစ်ကယ်တော့တရိစ္ဆာန်တွေမှာလည်း အကြွေးရှိပါတယ်။ ပြောရရင်တော့ ကံကြွေးပေါ့တိရိစ္ဆာန်တို့သဘာဝအရကတော့ အကြွေးဆိုတာနားလည်းမလည်ဘူး။ သိလည်းမသိဘူး။

လူတို့နင်ဘဲငဆ မညှာမတာခိုင်းရင်လည်းလုပ်နေရမှာပါဘဲမလုပ်ရင်အရိုက်အနှက်ခံနေရမှာကိုး သူတို့ပခုံးမှာအနာဖြစ်နေလို့ ညောင်းညာနေလို့ နေထိုင်မကောင်းဖြစ်လို့ဆင်ခြေပေးလို့မရပါဘူး။ ရှင်းပြခွင့်နိုင်ခွင့် အသနားခံနိုင်ခွင့်လည်းမရတဲ့ဘဝတွေပါ။ ၃၁ဘုံမှာကျင်လည်နေသမျှကိုယ်လည်း တိရိစ္ဆာန်ဘဝမရောက်ဘူးလု့ိ မပြောနိုင်ပါဘူး။ ခင်ဗျာတိရိစ္ဆာန်ဘဝမှာတောင် ကံတွေကမတူကြပါဘူး။ သူဌေးအိမ်ရောက်ပီးစားကောင်းသောက်ဖွယ်နဲ့နေရာထိုင်ခင်းအကောင်းစားနဲ့ တယုတယနဲ့ပြုစုစောင့်ရှောက်ခြင်းခံနေရတာတွေလည်း ရှိပါသေးတယ်။

အဲဒါတွေဟာ ကိုယ်ပြုခဲ့တဲ့ကံ ကံ၏အကျိုးတွေအပေါ်မှာမူတည်ပြီးကွဲပြားခြားနားသွားကြတာတွေပါ။ အဲဒါကြောင့် လူ့ဘဝရတုန်းရခိုက်မှာ သူတစ်ပါးကိုဒုက္ခမဖြစ်စေဘဲ တတ်နိုင်သမျှကူညီဖေးမနိုင်မယ့်သူဖြစ်အောင်ကြိုးစားနေထိုင်ကြပါစို့။ ခင်ဗျာအကြွေးနဲ့ပက်သက်ပြီး တစ်ချို့ကယဉ်ကျေးစွာနဲ့တောင်းမယ် လူမသိသူမသိ ပတ်ဝန်းကျင်မသိအောင်တောင်းနေတာကိုက အကြွေးရစရာရှိတဲ့သူက#မိမိရဲ့ဂုဏ်သိက္ခာ မိမိ မိသားစုရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားပြီး သီးခံစောင့်ဆိုင်းပေးတတ်သူမျိုးမို့ပိုလို့တောင်တန်ဖိုးထား၍ ကြိုးစားပြီးပေးဆပ်သင့်ပါတယ်။

အကြွေးနဲ့ပက်သက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာလူတောမတိုး လူရာမဝင် မျက်နှာငယ်ပြီးအရှက်ရတဲ့လူပေါင်းများစွာရှိကြပါတယ်။ အဲဒါကြောင့်မိမိရဲ့ဂုဏ်သိက္ခာကိုငဲ့ကွက်တန်ဖိုးထားတဲ့မိတ်ဆွေကို ပေးစရာများရှိခဲ့ရင် မခြေမငံပြောတာတို့အဆက်အသွယ်ဖြတ်ပြီးနေတာတို့မလုပ်ဘဲ ဖုံးဆက်အကြောင်းကြားပြီးအဆင်မပြေသေးတဲ့အကြောင်း ကာလတစ်ခုခုသတ်မှတ်ပြီးအဲဒီအချိန်ကျရင်ပေးပါမယ်ဆိုတဲ့အကြောင်း လူကိုယ်တိုင်ပွင့်ပွင့်လင်းလင်းပြောဆို၍သော်လည်ကောင်း ပြုလုပ်သင့်ပါတယ်။

သံသရာမှာအကြွေးနဲပက်သက်လို့ မယုံကြည်ဘူးဆိုရင်တောင်မှ ယခုလူ့ဘဝမှာကြုံတွေ့နေရတဲ့အဆင်မပြေမှုခက်ခဲမှုတွေ ပင်ပန်းဆင်းရဲမှုတွေဟာယခင်ဘဝကအကြွေးသံသရာရဲ့အကျိုးဆက်ဆိုတာလက်ကို လက်ခံရပါမယ်။ သံသရာအကြွေးဟောင်းကိုကြေအောင်ဆပ်ဖြစ်အောင်ဆပ်ကြပါ။ ဘယ်နည်းနဲ့မှအကြွေးသစ်ထပ်မယူပါနဲ့တော့လို့ သတိပေးတိုက်တွန်းစကားလေးပြောပါရစေဗျာ။

အကြွေးသံသရာထဲမှာလည်နေသမျှတော့ ဘဝတိုင်းခန္ဓာတိုင်းဘယ်သောအခါမှ ချမ်းသာသုခအစစ်ကိုရနိုင်မှာမဟုတ်ပါဘူး။ ရလည်းခနတာဘဲခံစားရမှာပါ။ လူလိမ်တို့မည်သည်မှာပထမ မိတ်ဆွေကောင်းဆုံးရှုံးရမည်။ ဒုတိယမိတ်ဆွေကောင်းမရှိခြင်းကြောင့် စီးပွားဥစ္စာယိုယွင်းဆုတ်ယုတ်မည်။ တတိယ စီးပွားဥစ္စာယိုယွင်းပျက်ဆီးသည့်အတွက် လူ့အသိုင်းအဝိုင်းနှင့်ကင်းကွာ၍ တစ်ဖြည်းဖြည်းမိမိ၏မျိုးဆက်နာမည်ဆိုးနဲပျက်သုဉ်းခြင်း သို့ဆိုက်ရောက်ပါမယ်။ အထက်ပါအကျိုးဆက်များဟာ ယခုပစ္စက္ခဘဝမှာကြုံတွေ့ရမည်အကျိုးများသာဖြစ်ပါတယ်။

သံသရာမှာမဖြစ်မနေကြုံရမယ့်အကျိုးဆက်တွေကိုတော့ ပုံတွေကိုကြည့်ပြီး သံဝေဂယူနိုင်ကြပါစေ တစ်ပါးသူအကြွေးတင်နေကြသူများပြန်ဆပ်တတ်ကြပါစေရန် ရည်ရွယ်ပြီးစေတနာရှေ့ထားလို့ရေးသားလိုက်ရပါသည်။

ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ ချစ်မိတ်ဆွေများခင်ဗျား။

Sein Kyi Lin

အ​ေႂကြးဆိုတာလူတိုင္​းနဲ႔မကင္​းပါဘူး။ တစ္​ခ်ိဳ႕ကတစ္​ကယ္​လိုအပ္​လို႔​ေခတၲယူသံုးတာ ….တစ္​ခ်ိဳ႕က်သူမ်ားနားကရ​ေအာင္​ယူနိုင္​တာကို ကိုယ္ပိုင္အစြမ္​းအစလို႔ထင္​မွတ္​ၾကတယ္​္​။ တစ္​ခ်ိဳ႕က​ေရာင္​းရင္​းဝယ္​ရင္​းတစ္​ကယ္​ခက္​ခဲလို႔ မတတ္​သာလို႔ျပန္​မ​ေပးနိုင္​ၾကတာ။ ဘာဘဲျဖစ္​ျဖစ္​ အ​ေႂကြးဆိုတာ အပိုင္​​ေပးတာမဟုတ္လို႔ကိုယ္​့အ​ေပၚမွာသူတစ္​ပါးရဲ႕​ေ႐ႊ ​ေငြ ရတနာ အိမ္​ ၿခံ ​ေျမ တစ္​ခုခု​သူ႔ပိုင္ဆိုင္မႈအတြက္ ရစရွိတာရသင္​့ရထိုက္လို႔​ေမ်ွာ္လင္​့​ေနသမ်ွ​ေတာ့ ကိုယ္​​ေပးစရာရိွတဲ့အ​ေႂကြးကို​ေမ်ွာ္လင္​့​ေနၾကမွာပါဘဲ။ ကိုယ္​့မွာလည္​းအခက္​အခဲရိွသလို …

ကိုယ္​​ေပးစရာရိွတဲ့သူမွာလည္​း အခက္​အခဲရိွနိုင္​တာပါဘဲ။ အ​ေႂကြးဆိုတာဘယ္​​ေလာက္​မ်ားမ်ား ဆပ္​ခ်င္​စိတ္​ရိွသူ အ​ေႂကြးသံသရာကို​ေၾကာတ္​တတ္​သူအဖို႔​ေတာ့ဆပ္​တတ္​ရင္​​ေၾကပါတယ္​။ ..မဆပ္​ခ်င္​သူ သံသရာမ​ေၾကာက္​သူအဖို႔က​ေတာ့ ဘာသိဘာသာ​ေနနိုင္​ပါတယ္။ ​အ​ေႂကြးဆိုတာက​ေတာ့လူတိုင္​းနဲမကင္​းၾကပါဘူ။း ကြၽန္​​ေတာ္​တ္ို႔မွာလည္​းရိွပါတယ္​လူတိုင္​းလည္​းရိွၾကပါတယ္။​ ဒါ​ေပမယ္​့လူဆိုတာက​ေတာ့အ​ေႂကြးရဲအက်ိဳး အျပစ္​ကိုနားလည္​ရပါမယ္​ ​​ေၾကာက္​တတ္​ရပါ့မယ္​။

မ​ေၾကာက္​တတ္​သူနားမလည္​သူအဖို႔လည္​း ဘာမွမျဖစ္​ပါဘူးတစ္​ခ်ိဳ႕လူ​ေတြ​ေျပာတတ္​တဲ့စကား​ေလးရိွပါတယ္။ ​အ​ေႂကြးကင္​းတာ တိရိစာၦန္​ဘဲရိွတယ္​။ လူဆိုတာက​ေတာ့အ​ေႂကြးရိွမွာ​ေပါ့ဆိုတဲ့စကား​ေလးပါ။ တစ္​ကယ္​​ေတာ့တရိစာၦန္​​ေတြမွာလည္​း အ​ေႂကြးရိွပါတယ္​။ ​ေျပာရရင္​​ေတာ့ ကံ​ေႂကြး​ေပါ့တိရိစာၦန္​တို႔သဘာဝအရက​ေတာ့ အ​ေႂကြးဆိုတာနားလည္​းမလည္​ဘူး။ သိလည္​းမသိဘူး။

လူတို႔နင္​ဘဲငဆ မညႇာမတာခိုင္​းရင္​လည္​းလုပ္​​ေနရမွာပါဘဲမလုပ္​ရင္​အရိုက္​အနွက္​ခံ​ေနရမွာကိုး သူတို႔ပခံုးမွာအနာျဖစ္​​ေနလို႔ ​ေညာင္​းညာ​ေနလို႔ ​ေနထိုင္​မ​ေကာင္​းျဖစ္​လို႔ဆင္​​ေျခ​ေပးလို႔မရပါဘူး။ ရွင္​းျပခြင္​့နိုင္​ခြင္​့ အသနားခံနိုင္​ခြင္​့လည္​းမရတဲ့ဘဝ​ေတြပါ။ ၃၁ဘံုမွာက်င္​လည္​​ေနသမ်ွကိုယ္​လည္​း တိရိစာၦန္​ဘဝမ​ေရာက္​ဘူးလု႔ိ မ​ေျပာနိုင္​ပါဘူး။ ခင္​ဗ်ာတိရိစာၦန္​ဘဝမွာ​​​ေတာင္​ ကံ​ေတြကမတူၾကပါဘူး။ သူ​ေဌးအိမ္​​ေရာက္​ပီးစား​ေကာင္​း​ေသာက္​ဖြယ္​နဲ႔​ေနရာထိုင္ခင္​းအ​ေကာင္​းစားနဲ႔ တယုတယနဲ႔ျပဳစု​ေစာင္​့​ေရွာက္​ျခင္​းခံ​ေနရတာ​ေတြလည္​း ရိွပါ​ေသးတယ္။

​အဲဒါ​ေတြဟာ ကိုယ္​ျပဳခဲ့တဲ့ကံ ကံ၏အက်ိဳး​ေတြအ​ေပၚမွာမူတည္​ၿပီးကြဲျပားျခားနားသြားၾကတာ​ေတြပါ။ အဲဒါ​ေၾကာင္​့ လူ႔ဘဝရတုန္​းရခိုက္​မွာ​ သူတစ္​ပါးကိုဒုကၡမျဖစ္​​ေစဘဲ တတ္​နိုင္​သမ်ွကူညီ​ေဖးမနိုင္​မယ္​့သူျဖစ္​​ေအာင္​ႀကိဳးစား​ေနထိုင္​ၾကပါစို႔။ ခင္​ဗ်ာအ​ေႂကြးနဲ႔ပက္​သက္​ၿပီး တစ္​ခ်ိဳ႕ကယဥ္​​ေက်းစြာနဲ႔​ေတာင္​းမယ္​ လူမသိသူမသိ ပတ္​ဝန္​းက်င္​မသိ​ေအာင္​​ေတာင္​း​ေနတာကိုက အေႂကြးရစရာရိွတဲ့သူက#မိမိရဲ႕ဂုဏ္​သိကၡာ မိမိ မိသားစုရဲ႕ဂုဏ္​သိကၡာကိုတန္​ဖိုးထားၿပီး​ သီးခံ​ေစာင္​့ဆိုင္​း​ေပးတတ္​သူမ်ိဳးမို႔ပိုလို႔​ေတာင္​တန္​ဖိုးထား၍ ႀကိဳးစားၿပီး​ေပးဆပ္​သင္​့ပါတယ္။

အ​ေႂကြးနဲ႔ပက္​သက္​ၿပီး​ ေဖ့စ္​ဘုတ္​​ေပၚမွာလူ​ေတာမတိုး လူရာမဝင္​ မ်က္​နွာငယ္​ၿပီးအရွက္​ရတဲ့လူ​ေပါင္းမ်ားစြာရိွၾကပါတယ္။ ​အဲဒါ​ေၾကာင္​့မိမိရဲ႕ဂုဏ္​သိကၡာကိုငဲ့ကြက္​တန္ဖ္ိုးထားတဲ့မိတ္​​ေဆြကို ​ေပးစရာမ်ားရိွခဲ့ရင္ ​မ​ေျခမငံ​ေျပာတာတို႔အဆက္​အသြယ္​ျဖတ္​ၿပီး​ေနတာတို႔မလုပ္​ဘဲ ဖံုးဆက္​အ​ေၾကာင္​းၾကားၿပီးအဆင္​မ​ေျပ​ေသးတဲ့အ​ေၾကာင္​း ကာလတစ္​ခုခုသတ္​မွတ္​ၿပီးအဲဒီအခ်ိန္​က်ရင္​​ေပးပါမယ္​ဆိုတဲ့အ​ေၾကာင္​း လူကိုယ္​တုိင္​ပြင္​့ပြင္​့လင္​းလင္​း​ေျပာဆို၍​ေသာ္​လည္​​ေကာင္​း ျပဳလုပ္​သင္​့ပါတယ္။

​သံသရာမွာအ​ေႂကြးနဲပက္​သက္​လို႔ မယံုၾကည္​ဘူးဆိုရင္​​ေတာင္​မွွ ယခုလူ႔ဘဝမွာႀကံဳ​ေတြ႕​ေနရတဲ့အဆင္​မ​ေျပမႈခက္​ခဲမႈ​ေတြ ပင္​ပန္​းဆင္​းရဲမႈ​ေတြဟာယခင္​ဘဝကအေႂကြးသံသရာရဲ႕အက်ိဳးဆက္​ဆိုတာလက္​ကို လက္​ခံရပါမယ္။ ​သံသရာအ​ေႂကြး​ေဟာင္​းကို​ေၾက​ေအာင္​ဆပ္​ျဖစ္​​ေအာင္​ဆပ္​ၾကပါ။ ဘယ္​နည္​းနဲ႔မွအ​ေႂကြးသစ္​ထပ္​မယူပါနဲ႔​ေတာ့လို႔ သတိ​ေပးတိုက္​တြန္​းစကား​ေလး​ေျပာပါရ​ေစဗ်ာ။

အ​ေႂကြးသံသရာထဲမွာလည္​​ေနသမ်ွ​ေတာ့ ဘဝတိုင္​းခႏၶာတိုင္​းဘယ္​​ေသာအခါမွ ခ်မ္​းသာသုခအစစ္​ကိုရနိုင္​မွာမဟုတ္​ပါဘူး။ ရလည္​းခနတာဘဲခံစားရမွာပါ။ လူလိမ္​တို႔မည္​သည္​မွာပထမ မိတ္​​ေဆြ​ေကာင္​းဆံုးရံႈးရမည္။ ​ဒုတိယမိတ္​​ေဆြ​ေကာင္​းမရိွျခင္​း​ေၾကာင္​့ စီးပြားဥစၥာယိုယြင္​းဆုတ္​ယုတ္​မည္။ ​တတိယ စီးပြားဥစၥာယိုယြင္​းပ်က္​ဆီးသည္​့အတြက္​္​ လူ႔အသိုင္​းအဝိုင္​းနွင္​့ကင္​းကြာ၍ တစ္​ျဖည္​းျဖည္​းမိမိ၏မ်ိဳးဆက္​နာမည္​ဆိုးနဲပ်က္​သုဥ္​းျခင္​း သို႔ဆိုက္​​ေရာက္​ပါမယ္​။ အထက္​ပါအက်ိဳးဆက္​မ်ားဟာ ယခုပစၥကၡဘဝမွာႀကံဳ​ေတြ႕ရမည္​အက်ိဳးမ်ားသာျဖစ္​ပါတယ္။

​သံသရာမွာမျဖစ္​မ​ေနႀကံဳရမယ္​့အက်ိဳးဆက္​​ေတြကို​ေတာ့ ​ပံု​ေတြကိုၾကည္​့ၿပီး သံ​ေဝဂယူနိုင္​ၾကပါ​ေစ​ တစ္​ပါးသူအ​ေႂကြးတင္​​ေနၾကသူမ်ားျပန္​ဆပ္​တတ္​ၾကပါ​ေစရန္​ ရည္​႐ြယ္​ၿပီး​ေစတနာ​ေရွ႕ထားလို႔​ေရးသားလိုက္​ရပါသည္​။

ကိုယ္​စိတ္​နွစ္​ျဖာက်န္​းမာခ်မ္​းသာၾကပါ​ေစ ခ်စ္​မိတ္​​ေဆြမ်ားခင္​ဗ်ား။

Sein Kyi Lin