ပိုက်ဆံရှိရင် သင်ဟာ သူတော်ကောင်းလဲ ဖြစ်နိုင်သလိုလူလိမ္မာလဲ လုပ်လို့ရတယ်…
ပိုက်ဆံရှိရင် သင့်အတွက် စိုးရိမ်ပေးမဲ့သူပေါသလို သင့်ကို ချစ်ခင်သူလဲပေါနေလိမ့်မယ်…
ပိုက်ဆံရှိရင် သင်ဘာလုပ်လုပ် ချစ်စရာကောင်းနေပါလိမ့်မယ် ဘယ်လိုနေနေ လှနေပါလိမ့်မယ်
ပိုက်ဆံရှိရင် ကုသိုလ်တွေအများကြီးလဲ ရနိုင်သလို အလှူအတန်းများစွာလဲ လုပ်လို့ရတယ်…
ပိုက်ဆံရှိရင် လက်ညိုးညွှန်ရာ ရေဖြစ်သလို သင့်မျက်ရည်တစ်စက် ဘယ်သူမှ အကျမခံပါဘူး…
ပိုက်ဆံရှိရင် သင်ဟာ သားသမီးလိမ္မာ တစ်ဦး ဖြစ်နိုင်သလို
အိမ်ထောင်ဖက်ကောင်းလဲ ဖြစ်နိုင်တယ် ဒါ့အပြင်သူတို့အတွက် ကယ်တင်ရှင်လဲ ဖြစ်နိုင်ပါတယ်….
ကိုယ့်ကို ချစ်လွန်းနေရင်လဲ ဘဝင်မမြင့်ပါနဲ့ ပိုက်ဆံမျက်နှာကြောင့်ပါ
ကိုယ့်ကိုမချစ်တော့ရင်လဲ ဂရုမစိုက်ပါနဲ့ ပိုက်ဆံရှာဖို့သာအဓိကအချိန်ပေးပါ…
ပိုက်ဆံရှာနေတဲ့ အချိန်မှာအတုတွေကြားက အစစ်တွေကိုမှတ်သားသွားပါ…
အောင်မြင်လာတဲ့တနေ့ အဲ့လူတစ်ဦးတိုင်းကို ကောင်းကောင်း အသုံးချပါ နေရာပေးသင့်သူပေးပါ
အတုအစစ်တော့ ခွဲတက်ပါစေ
ဒါကြောင့် ဘယ်သူတွေ ဘာပြောပြော ငွေမက်ပါ ငွေရှာပါ
ပြောတဲ့ပါးစပ်တွေကို လဲ ငွေနဲ့ ပိတ်ထားလို့တောင်ရပါသေးတယ်
မာယာချို
မာယာချို