ကျွန်မအတွက်ပဲ အချစ်ရေးက ကံမကောင်းတာလား
အချစ်ရေးကပဲ ကျွန်မအတွက် ကံကောင်းခြင်းမရှိတာလားမသိတော့ဘူး
ပထမဦးဆုံး ချစ်ခဲ့တဲ့ချစ်သူကို သူနဲ့ပဲ
ဘဝကြီးကပြီးဆုံးခဲ့မယ်ထင်ခဲ့တာ
သူ့မှာနောက်ထပ် ဒုတိယလူထပ်ရှိလာတဲ့အချိန်မှာ
ကျွန်မလက်ကိုပဲဆက်တွဲမယ်တဲ့ ဒါပေမယ့်
တစ်ဖက်မှာ အခြေအနေတွေလွန်ခဲ့တာကို ဒုတိယလူကိုယ်တိုင်က
သူ့သိက္ခာအတွက်ပြောလာတော့ မိန်းမသားချင်းကိုယ်ချင်းစာစိတ်နဲ့
ကိုယ့်ဘက်ကနောက်ဆုတ်ခဲ့တယ်
အခုလိုဘာကြောင့်သစ္စာမရှိတာလဲ လို့မေးတော့
မင်းမှာငါနဲ့ပတ်သက်လို့ ချစ်သူဖြစ်တယ်ဆိုရုံပဲရှိခဲ့တာလေ
ငါလည်းလူထဲကလူမို့ သာယာမိတာပေါ့တဲ့လား အဲဒီအချိန်က စပြီး
သူနဲ့ပတ်သက်တာမှန်သမျှ ချစ်လျက်နဲ့ စွန့်လွှတ်ခဲ့တယ် အားလုံးကိုမေ့ပစ်နိုင်အောင်
ကြိုးစားခဲ့တယ် အချိန်တွေ အကြာကြီး တစ်ယောက်တည်း
ဖြတ်သန်းလာခဲ့တယ် လအနည်းငယ်ကြာတော့
သူဆက်သွယ်လာပြန်တယ် မောင်မှားသွားပါတယ်
မောင့်ကိုခွင့်လွှတ်ပေးပါလား အရင်လိုပြန်ချစ်ခွင့်ပေးပါလားတဲ့
ဘာကြောင့်လဲလို့မေးလိုက်တော့ ဒုတိယလူက
သူ့အပေါ်မှာကျွန်မလောက် နားလည်မှု မပေးဘူး
ခိုင်ကတောင်တစ်ခါမှမဆဲခဲ့တဲ့မောင့်ကို ဆဲတယ်တဲ့ မိဘတွေ
အထိတောင် ထိခိုက်ပြီးပြောဆိုတယ် မောင်ပြန်လာခွင့်ရှိမလားတဲ့
တော်ပြီလေ ကျွန်မအတွက် သူနဲ့ပတ်သက်တာမှန်သမျှ
ဘာအကြောင်းမှမရှိတော့ဘူး လေ ဒါကြောင့်ထပ်ပြီးမပတ်သက်ပဲ
ဝေးဝေးမှာပဲ နေခဲ့တယ် မောင့်ကိုအရမ်းချစ်ခဲ့ပါတယ်
မောင့်ကိုချစ်ခဲ့တဲ့အချစ်တွေ အားလုံးကို
မောင်ကိုယ်တိုင်ဖျက်စီးပြစ်ခဲ့ပြီပဲ ပြန်မလာပါနဲ့ တော့လို့ နှုတ်ဆက်ခဲ့တယ်
ဒုတိယတစ်ကြိမ်
ကျွန်မကိုအရမ်းချစ်ပါတယ်ဆိုတဲ့အစ်ကိုကြီး တစ်ယောက်ထပ်ပြီး ပေါ်လာခဲ့တယ်
သူ့မိဘ ကိုယ့်မိဘတွေအသိပေးတဲ့အထိ သူ့ဘက်ကချစ်ပြခဲ့တယ်
ကိုယ့်ကိုယ်နားလည်မှုအပြည့် ပေးခဲ့တယ်
သူ့ဘက်ကအလိုလိုက်ခဲ့သလို ဂရုလည်းစိုက်ခဲ့တယ်
ကျွန်မခရီးခဏခဏသွားရတယ် သူစိတ်ပူပေးခဲ့တယ်
ရောက်လေရာဖုန်းခေါ်တယ် ဒီလိုနဲ့
တစ်နှစ်နဲ့သုံးလအထိတွဲလက်တွေမြဲခဲ့ကြတယ်
ဒီတစ်ခါခရီးကပြန်လာရင် လက်ထပ်ဖို့အထိသူပြောခဲ့တယ်
ပြန်မလာခင်သုံးရက်လောက်အလိုမှာ သူရဲ့ပထမလူနဲ့
သူနဲ့အဆက်အသွယ်မပြတ်သေးဘူးဆိုတာ သိလိုက်ရတယ်
ကံကြမ္မာက ပဲ ကျွန်မအတွက် ကံကောင်းစေခဲ့တာလား
ကံဆိုးစေခဲ့တာလား တကယ်မသိတော့ဘူး
သူတို့အရင်ကအတူနေခဲ့တဲ့ပုံတွေမြင်လိုက်ရတော့
မယုံကြည်နိုင်လောက်အောင်ဆွံ့အခဲ့ရတယ် ဒီတစ်ကြိမ်မှာလဲ
ခွင့်လွှတ်ခြင်းတွေ ကုန်ဆုံးခဲ့လို့
စွန့်လွှတ်ခြင်းနဲ့အဆုံးသတ်ခဲ့ရပြန်တယ် ချစ်ခဲ့ကြတဲ့တစ်နှစ်နဲ့သုံးလ
ငါးရက်တစ်လျှောက်လုံး အရမ်းချစ်ပြခဲ့လို့
ကျေးဇူးအများကြီးတင်ပါတယ် ကိုကိုရယ်
ကိုယ့်ဘဝကိုနောက်ပိုင်းမှာ အချစ်နဲ့ဝေးဝေးမှာနေပြီး
ဖြတ်သန်းဖို့ဆုံးဖြတ်ချက်ချလိုက်တယ်
နောက်ထပ်လည်း အချစ်ကိုချစ်ဖို့ကြောက်လာခဲ့တယ်
မောင့်ကိုချစ်တဲ့အချစ်နဲ့ ကိုကို့ ကိုချစ်ခဲ့တဲ့အချစ်ကမတူပေမယ့်
ပေးခဲ့ကြတဲ့ဒဏ်ရာတွေက တစ်ထပ်တည်း ဖြစ်ခဲ့တယ်
ကျေပါစေ ဒီဝဋ်မျိုးကြီးနဲ့ ဘယ်တော့မှ မဆုံပါရစေနဲ့တော့လား ကံကြမ္မာကြီးရယ်
မေသူခိုင်
ကြၽန္မအတြက္ပဲ အခ်စ္ေရးက ကံမေကာင္းတာလား
အခ်စ္ေရးကပဲ ကြၽန္မအတြက္ ကံေကာင္းျခင္းမရိွတာလားမသိေတာ့ဘူး
ပထမဦးဆုံး ခ်စ္ခဲ့တဲ့ခ်စ္သူကို သူနဲ႔ပဲ
ဘဝႀကီးကၿပီးဆံုးခဲ့မယ္ထင္ခဲ့တာ
သူ႔မွာေနာက္ထပ္ ဒုတိယလူထပ္ရိွလာတဲ့အခ်ိန္မွာ
ကြၽန္မလက္ကိုပဲဆက္တြဲမယ္တဲ့ ဒါေပမယ့္
တစ္ဖက္မွာ အေျခအေနေတြလြန္ခဲ့တာကို ဒုတိယလူကိုယ္တိုင္က
သူ႔သိကၡာအတြက္ေျပာလာေတာ့ မိန္းမသားခ်င္းကိုယ္ခ်င္းစာစိတ္နဲ႔
ကိုယ့္ဘက္ကေနာက္ဆုတ္ခဲ့တယ္
အခုလိုဘာေၾကာင့္သစၥာမရိွတာလဲ လို႔ေမးေတာ့
မင္းမွာငါနဲ႔ပတ္သက္လို႔ ခ်စ္သူျဖစ္တယ္ဆိုရံုပဲရိွခဲ့တာေလ
ငါလည္းလူထဲကလူမို႔ သာယာမိတာေပါ့တဲ့လား အဲဒီအခ်ိန္က စၿပီး
သူနဲ႔ပတ္သက္တာမွန္သမွ် ခ်စ္လ်က္နဲ႔ စြန္႔လႊတ္ခဲ့တယ္ အားလံုးကိုေမ့ပစ္နိုင္ေအာင္
ႀကိဳးစားခဲ့တယ္ အခ်ိန္ေတြ အၾကာႀကီး တစ္ေယာက္တည္း
ျဖတ္သန္းလာခဲ့တယ္ လအနည္းငယ္ၾကာေတာ့
သူဆက္သြယ္လာျပန္တယ္ ေမာင္မွားသြားပါတယ္
ေမာင့္ကိုခြင့္လႊတ္ေပးပါလား အရင္လိုျပန္ခ်စ္ခြင့္ေပးပါလားတဲ့
ဘာေၾကာင့္လဲလို႔ေမးလိုက္ေတာ့ ဒုတိယလူက
သူ႔အေပၚမွာကြၽန္မေလာက္ နားလည္မႈ မေပးဘူး
ခိုင္ကေတာင္တစ္ခါမွမဆဲခဲ့တဲ့ေမာင့္ကုိ ဆဲတယ္တဲ့ မိဘေတြ
အထိေတာင္ ထိခိုက္ၿပီးေျပာဆိုတယ္ ေမာင္ျပန္လာခြင့္ရိွမလားတဲ့
ေတာ္ၿပီေလ ကြၽန္မအတြက္ သူနဲ႔ပတ္သက္တာမွန္သမွ်
ဘာအေၾကာင္းမွမရွိေတာ႔ဘူး ေလ ဒါေၾကာင့္ထပ္ၿပီးမပတ္သက္ပဲ
ေဝးေဝးမွာပဲ ေနခဲ့တယ္ ေမာင့္ကုိအရမ္းခ်စ္ခဲ့ပါတယ္
ေမာင့္ကိုခ်စ္ခဲ့တဲ့အခ်စ္ေတြ အားလံုးကို
ေမာင္ကိုယ္တိုင္ဖ်က္စီးျပစ္ခဲ့ၿပီပဲ ျပန္မလာပါနဲ႔ ေတာ့လို႔ ႏႈတ္ဆက္ခဲ့တယ္
ဒုတိယတစ္ႀကိမ္
ကြၽန္မကိုအရမ္းခ်စ္ပါတယ္ဆိုတဲ့အစ္ကိုႀကီး တစ္ေယာက္ထပ္ၿပီး ေပၚလာခဲ့တယ္
သူ႔မိဘ ကိုယ့္မိဘေတြအသိေပးတဲ့အထိ သူ႔ဘက္ကခ်စ္ျပခဲ့တယ္
ကုိယ့္ကိုယ္နားလည္မႈအျပည့္ ေပးခဲ့တယ္
သူ႔ဘက္ကအလိုလိုက္ခဲ့သလို ဂ႐ုလည္းစိုက္ခဲ့တယ္
ကြၽန္မခရီးခဏခဏသြားရတယ္ သူစိတ္ပူေပးခဲ့တယ္
ေရာက္ေလရာဖုန္းေခၚတယ္ ဒီလိုနဲ႔
တစ္ႏွစ္နဲ႔သံုးလအထိတြဲလက္ေတြျမဲခဲ့ၾကတယ္
ဒီတစ္ခါခရီးကျပန္လာရင္ လက္ထပ္ဖို႔အထိသူေျပာခဲ့တယ္
ျပန္မလာခင္သံုးရက္ေလာက္အလိုမွာ သူရဲ႕ပထမလူနဲ႔
သူနဲ႔အဆက္အသြယ္မျပတ္ေသးဘူးဆိုတာ သိလိုက္ရတယ္
ကံၾကမၼာက ပဲ ကြၽန္မအတြက္ ကံေကာင္းေစခဲ့တာလား
ကံဆိုးေစခဲ့တာလား တကယ္မသိေတာ့ဘူး
သူတို႔အရင္ကအတူေနခဲ့တဲ့ပံုေတြျမင္လိုက္ရေတာ့
မယံုၾကည္ႏိုင္ေလာက္ေအာင္ဆြံ႔အခဲ့ရတယ္ ဒီတစ္ႀကိမ္မွာလဲ
ခြင့္လႊတ္ျခင္းေတြ ကုန္ဆံုးခဲ့လို႔
စြန္႔လႊတ္ျခင္းနဲ႔အဆံုးသတ္ခဲ့ရျပန္တယ္ ခ်စ္ခဲ့ၾကတဲ့တစ္ႏွစ္နဲ႔သံုးလ
ငါးရက္တစ္ေလွ်ာက္လံုး အရမ္းခ်စ္ျပခဲ့လို႔
ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ကိုကိုရယ္
ကိုယ့္ဘဝကိုေနာက္ပိုင္းမွာ အခ်စ္နဲ႔ေဝးေဝးမွာေနၿပီး
ျဖတ္သန္းဖို႔ဆံုးျဖတ္ခ်က္ခ်လိုက္တယ္
ေနာက္ထပ္လည္း အခ်စ္ကိုခ်စ္ဖို႔ေၾကာက္လာခဲ့တယ္
ေမာင့္ကိုခ်စ္တဲ့အခ်စ္နဲ႔ ကိုကို႔ ကိုခ်စ္ခဲ့တဲ့အခ်စ္ကမတူေပမယ့္
ေပးခဲ့ၾကတဲ့ဒဏ္ရာေတြက တစ္ထပ္တည္း ျဖစ္ခဲ့တယ္
ေက်ပါေစ ဒီဝဋ္မ်ိဳးႀကီးနဲ႔ ဘယ္ေတာ့မွ မဆံုပါရေစနဲ႔ေတာ့လား ကံၾကမၼာႀကီးရယ္
ေမသူခိုင္