ရာသီဥတုပူလာလို့ သင့်ကားကို အနက်ရောင်စတေကာကပ်မယ်ဆိုရင် ဒါလေးသိထားပါ

ရာသီဥတုကြောင့် အနက်ရောင်စတေကာကပ်ချင်နေတဲ့ ကျွန်တော့်ယာဉ်မောင်းတွေရှိကြပါလိမ့်မယ်။ စတေကာအမဲကြီးတွေကပ်လို့ အမြဲတမ်းစည်းကမ်းလိုက်နာခဲ့တဲ့ ယာဉ်မောင်းတွေဖြစ်တဲ့အတွက် စည်းကမ်းဖေါက်ရာကျသွားမှာကို စိုးရိမ်းနေတဲ့ယာဉ်မောင်းကောင်းတွေလည်းရှိနေပါလိမ့်မယ်။

ဘယ်လိုရာခိုင်နှုန်းနဲ့ ဘယ်လိုကပ်ခွင့်ရှိတာလဲဆိုတာကို တိတိကျကျမသိတာလည်းပါတာပေါ့။ ဒါကြောင့် ယာဉ်အသုံးပြုသူ ညီအကိုတွေအတွက် အနက်ရောင်စတေကာရာခိုင်နှုန်းလေးကို ဒီလိုပြောပြချင်ပါတယ်။

ကြားဖူးထားကြတဲ့အတိုင်း ၆၀ ၄၀ ပါ မြင်နိုင်စွမ်း ၆၀ မမြင်နိုင်စွမ်း ၄၀ ပါ။ ပိုပြီးနားလည်အောင်ထပ်ရှင်းပြရရင် မြင်နိုင်စွမ်း ၆၀ ဆိုတာ ကားထဲမှာရှိတဲ့ လူ၊ အရာဝတ္ထုစသည်တို့ကို ၆၀ ရာခိုင်နှုန်း ကောင်းစွားမြင်ရခြင်းကိုဆိုလိုပါတယ်။ မမြင်နိုင်စွမ်း ၄၀ ဆိုတာကတော့ ကားထဲမှာရှိတဲ့ လူ၊ အရာဝတ္ထုစသည်တို့ကို ၄၀ ရာခိုင်နှုန်းမမြင်ရခြင်းကိုဆိုလိုပါတယ်။

မြင်နိုင်စွမ်း ၆၀% မမြင်နိုင်စွမ်း ၄၀% ဆိုတာ အဲ့ဒီလိုအဓိပ္ပါယ်ပါခင်ဗျာ။ ဒီတော့ မိမိကားကို စတေကာကပ်ချင်လို့ ဆိုင်မှာရောက်တဲ့အခါ မြင်နိုင်စွမ်း ၆၀ မမြင်နိုင်စွမ်း ၄၀ လို့သေချာပြောဆိုရင်း စတေကာနဲ့ပတ်သတ်လို့ စည်းကမ်းဖေါက်ရာကြနေမလားဆိုတဲ့စိတ်လေး ပျယ်ဖေါက်လိုက်လို့ရပါပြီ။

မှတ်ချက်။ ။အငှားယာဉ်များ/AA,BB,CC, စသည့် Taxi ယာဉ်များကတော့ စတေကာအမဲ၊ လိုက်ကာတပ်ဆင်ခြင်း ၊လေစုပ်ခွက်၊ ကြော်ငြာကပ်ခြင်းများပြုလုပ်မောင်နှင်ခြင်းမပြုရလို့ ယမန်နှစ်ကထဲက စာထုတ်ပြန်ထားသည်ကိုတွေ့ရပါသည်။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

ရာသီဥတုေၾကာင့္ အနက္ေရာင္စေတကာကပ္ခ်င္ေနတဲ႔ ကြ်န္ေတာ့္ယာဥ္ေမာင္းေတြရွိၾကပါလိမ့္မယ္။ စေတကာအမဲႀကီးေတြကပ္လို႔ အၿမဲတမ္းစည္းကမ္းလိုက္နာခဲ႔တဲ႔ ယာဥ္ေမာင္းေတြျဖစ္တဲ႔အတြက္ စည္းကမ္းေဖါက္ရာက်သြားမွာကို စိုးရိမ္းေနတဲ႔ယာဥ္ေမာင္းေကာင္းေတြလည္းရွိေနပါလိမ့္မယ္။

ဘယ္လိုရာခိုင္ႏႈန္းနဲ႔ ဘယ္လိုကပ္ခြင့္ရွိတာလဲဆိုတာကို တိတိက်က်မသိတာလည္းပါတာေပါ့။ ဒါေၾကာင့္ ယာဥ္အသံုးျပဳသူ ညီအကိုေတြအတြက္ အနက္ေရာင္စေတကာရာခိုင္ႏႈန္းေလးကို ဒီလိုေျပာျပခ်င္ပါတယ္။

ၾကားဖူးထားၾကတဲ႔အတိုင္း ၆၀ ၄၀ ပါ ျမင္ႏိုင္စြမ္း ၆၀ မျမင္ႏိုင္စြမ္း ၄၀ ပါ။ ပိုၿပီးနားလည္ေအာင္ထပ္ရွင္းျပရရင္ ျမင္ႏိုင္စြမ္း ၆၀ ဆိုတာ ကားထဲမွာရွိတဲ႔ လူ၊ အရာဝတၳဳစသည္တို႔ကို ၆၀ ရာခိုင္ႏႈန္း ေကာင္းစြားျမင္ရျခင္းကိုဆိုလိုပါတယ္။ မျမင္ႏိုင္စြမ္း ၄၀ ဆိုတာကေတာ့ ကားထဲမွာရွိတဲ႔ လူ၊ အရာဝတၳဳစသည္တို႔ကို ၄၀ ရာခိုင္ႏႈန္းမျမင္ရျခင္းကိုဆိုလိုပါတယ္။

ျမင္ႏိုင္စြမ္း ၆၀% မျမင္ႏိုင္စြမ္း ၄၀% ဆိုတာ အဲ႔ဒီလိုအဓိပၸါယ္ပါခင္ဗ်ာ။ ဒီေတာ့ မိမိကားကို စေတကာကပ္ခ်င္လို႔ ဆိုင္မွာေရာက္တဲ႔အခါ ျမင္ႏိုင္စြမ္း ၆၀ မျမင္ႏိုင္စြမ္း ၄၀ လို႔ေသခ်ာေျပာဆိုရင္း စေတကာနဲ႔ပတ္သတ္လို႔ စည္းကမ္းေဖါက္ရာၾကေနမလားဆိုတဲ႔စိတ္ေလး ပ်ယ္ေဖါက္လိုက္လို႔ရပါၿပီ။

မွတ္ခ်က္။ ။အငွားယာဥ္မ်ား/AA,BB,CC, စသည့္ Taxi ယာဥ္မ်ားကေတာ့ စေတကာအမဲ၊ လိုက္ကာတပ္ဆင္ျခင္း ၊ေလစုပ္ခြက္၊ ေၾကာ္ျငာကပ္ျခင္းမ်ားျပဳလုပ္ေမာင္ႏွင္ျခင္းမျပဳရလို႔ ယမန္ႏွစ္ကထဲက စာထုတ္ျပန္ထားသည္ကိုေတြ႔ရပါသည္။

ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ