လောကကြီးက အရှုံးသမားတွေကို ဒုတိယအကြိမ် အခွင့်ရေးပေးတယ်

ငါတို့ မနက်ဖြန်ကို ကြိုဆိုရအောင်

“လောကကြီးက အရှုံးသမားတွေကို ဒုတိယအကြိမ်အခွင့်အရေးပေးတယ် ။ အဲ့ဒါကို မနက်ဖြန်လို့ ခေါ်တယ် ”

ကျွန်တော် ဒီစကားလေးကို သိပ်ကြိုက်တာပဲဘယ်ပုဂ္ဂိုလ်ပြောခဲ့တာလည်းတော့ မသိဘူး ။

ကျွန်တော်တို့တွေရဲ့ဘဝမှာ အချိန်အတော်ကြာအောင်ကြိုးစားခဲ့ရတဲ့ရည်မှန်းချက်တွေ ၊ ထင်သလို ဖြစ်မလာဘဲ ဖြတ်ရိုက်ခံရတဲ့ လောကဓံရိုက်ချက်တွေ ၊ ခပ်ပါးပါးလေး အရူးလုပ်ခံရဖူးတဲ့အချိန်တွေ ၊ အောင်မြင်ကာနီးမှ နောက်ကျောကိုဓားနဲ့ထိုးခံရဖူးတာတွေ အားလုံးပဲ တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ခံစားဖူးကြမှာပါတွေ့ကြုံဖူးကြမှာပါ ။ သိမြင်ဖူးကြမှာပါ ။

ကျွန်တော်တို့ ငိုကြွေးဖူးကြမှာပဲ ။ ကျွန်တော်တို့ မအောင်မြင်ခြင်းရဲ့ခံစားချက်တွေလည်း ရှိဖူးကြမှာပဲ ။

သူများကို ယုံကြည်ပေးဖို့နေနေသာသာ ကိုယ့်ကိုယ်ကို တောင် မယုံရဲတဲ့ ဆိုးရွားတဲ့အချိန်တွေကို ပိုင်ဆိုင်ဖူးကြမှာပဲ ။ ဒါ ဘာကြောင့်လဲ ။ ဒီအတွေ့အကြုံတွေကိုဘယ်ကရလဲ ။ အဖြေက တစ်ခုတည်း ပဲ ။ အဲ့ဒါ” ရှုံးနိမ့်ခြင်း ” က ။ သိပ်ကို ရိုးရှင်းတဲ့နိယာမပါပဲ။

နောင်တတိုင်းလည်း နောက်မကျသေးပါဘူးတဲ့

ကျွန်တော်တို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့အရာဟာအပြီးတိုင်စွန့်ခွာသွားကြတာလည်း ဟုတ်ချင်မှ ဟုတ်မှာပါ ။

ကျွန်တော်တို့ အသစ်တစ်ဖန်ပြန်ပြီး စလို့ရတဲ့ မနက်ဖြန် ဆိုတာ ရှိတယ် ။ ဒါဟာ လောကကြီးကပေးတဲ့ဒုတိယမြောက်အခွင့်အရေးပဲပေါ့ ။ မနက်ဖြန်တိုင်းဟာကြိုးစားလိုသူတွေအတွက် သစ်လွင်တောက်ပနေတယ်။

လှပစွာ ဆီးကြိုနေတယ် ။ အနာဂတ်မှာအောင်မြင်မှုရောင်ခြည်တွေ သန်းနေတယ် ။ နာကျင်စိတ်နဲ့ ကျလာတဲ့မျက်ရည်စတွေအတွက် သူ့ဘက်က ပြုံးပြီး လက်ယက်ခေါ်နေတယ် ။ ကြိုးစားစမ်းပါ ။ ထပ်ပြီးကြိုးစားစမ်းပါ ။ ထပ်ကာထပ်ကာကြိုးစားလိုက်စမ်းပါလို့ တိုက်တွန်းနှိုးဆော်နေတယ် ။

ဒီနေ့ စာမေးပွဲကျတာလား….

မနက်ဖြန်တိုင်းဟာ ဆီးကြိုနေတယ် ။ ထပ်ကြိုးစားထပ်ဖြေ ။ အောင်ရမှာပေါ့ ။

ပို့သမျှစာမူတွေ အကြိမ်ကြိမ် အပယ်ခံရတာလား….

မနက်ဖြန်တိုင်းဟာ ဆီးကြိုနေတယ် ။ထပ်ရေးထပ်ပို့ ။တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ကြိုးစားမှုသစ်ပင်ရဲ့အသီးအပွင့်ကို ခံစားရမှာပေါ့။

အသည်းကွဲနေတာလား…..

ဒါဆို မှတ်ထား ။ လောကကြီးက ပျော့ညံ့တဲ့လူတွေကိုဘယ်တော့မှ နေရာမပေးဘူး ။ လူတစ်ချို့က ကိုယ့်ကိုစွန့်လွှတ်သွားကြတာမဟုတ်ဘူး ။ လောကကြီးက ကိုယ်နဲ့မထိုက်တန်တဲ့သူတွေကို သူ့နည်းသူ့ဟန်နဲ့ ကိုယ့်ဘဝထဲက ပ,ထုတ်ပစ်လိုက်တာ ။ မနက်ဖြန်တိုင်းမှာပြုံးပါ ။ ကိုယ့်ကိုယ် ကို တည်ဆောက်ပါ ။ နာကျင်စေသူတွေကို ကျေးဇူးတင်ပါ ။ သူတို့တွေမှားကြောင်း သက်သေပြပါ ။

လူတစ်ယောက် ကျရှုံးချိန်ဟာ မိတ်ဆွေစစ်တွေကို တွေ့ဖို့ အကောင်းဆုံး အချိန်ပဲတဲ့ ။

ဒါကြောင့် ဒုက္ခရောက်ချိန်မှာ အားပေးဖေးမဖူးသူတွေ ယုံကြည်မှုပေးဖူးသူတွေ ရှေ့ကမားမားမတ်မတ်ရပ်တည်ပေးဖူးသူတွေ ခံစားနားလည်ပေးဖူးသူတွေ ကို ရက်ရက်ရောရော ချစ်ပါ ။ လေးလေးစားစား ဆက်ဆံပါ ။တန်ဖိုးထား မြတ်နိုးပါ ။ နှစ်နှစ်ကာကာ ပြုံးပြပါ ။

ကဲ သူငယ်ချင်းရေ ။ မင်းရော ရှုံးနိမ့်ဖူးတယ်မလား ..လာ ငါတို့ မနက်ဖြန်ကို ကြိုဆိုရအောင် …..

ဆန်းလင်းအောင်

ငါတို႔ မနက္​ျဖန္​ကုိ ၾကဳိဆုိရ​ေအာင္​

“​ေလာကႀကီးက အ႐ႈံးသမား​ေတြကုိ ဒုတိယအႀကိမ္​အခြင္​့အ​ေရး​ေပးတယ္​ ။ အဲ့ဒါကုိ မနက္​ျဖန္​လုိ႔ ​ေခၚတယ္​ ”

ကြၽန္​​ေတာ္​ ဒီစကား​ေလးကုိ သိပ္​ၾကဳိက္​တာပဲဘယ္​ပုဂၢိဳလ္​​ေျပာခဲ့တာလည္​း​ေတာ့ မသိဘူး ။

ကြၽန္​​ေတာ္တုိ႔​ေတြရဲ႕ဘ၀မွာ အခ်ိန္​အ​ေတာ္​ၾကာ​ေအာင္​ၾကဳိးစားခဲ့ရတဲ့ရည္​မွန္​းခ်က္​​ေတြ ၊ ထင္​သလုိ ျဖစ္​မလာဘဲ ျဖတ္​႐ုိက္​ခံရတဲ့ ​ေလာကဓံ႐ုိက္​ခ်က္​​ေတြ ၊ ခပ္​ပါးပါး​ေလး အ႐ူးလုပ္​ခံရဖူးတဲ့အခ်ိန္​​ေတြ ၊ ​ေအာင္​ျမင္​ကာနီးမွ ​ေနာက္​​ေက်ာကုိဓားနဲ႔ထုိးခံရဖူးတာ​ေတြ အားလုံးပဲ တစ္​ႀကိမ္​မဟုတ္​တစ္​ႀကိမ္​​ေတာ့ ခံစားဖူးၾကမွာပါ​ေတြ႔ၾကဳံဖူးၾကမွာပါ ။ သိျမင္​ဖူးၾကမွာပါ ။

ကြၽန္​​ေတာ္တုိ႔ ငုိ​ေျကြးဖူးၾကမွာပဲ ။ ကြၽန္​​ေတာ္တုိ႔ မ​​ေအာင္​ျမင္​ျခင္​းရဲ႕ခံစားခ်က္​​ေတြလည္​း ႐ွိဖူးၾကမွာပဲ ။

သူမ်ားကုိ ယုံၾကည္​​ေပးဖုိ႔​ေန​ေနသာသာ ကုိယ္​့ကုိယ္​ကုိ ​ေတာင္​ မယုံရဲတဲ့ ဆုိး႐ြားတဲ့အခ်ိန္​​ေတြကုိ ပုိင္​ဆုိင္​ဖူးၾကမွာပဲ ။ ဒါ ဘာ​ေၾကာင္​့လဲ ။ ဒီအ​ေတြ႔အၾကဳံ​ေတြကုိဘယ္​ကရလဲ ။ အ​ေျဖက တစ္​ခုတည္​း ပဲ ။ အဲ့ဒါ” ႐ႈံးနိမ္​့ျခင္​း ” က ။ သိပ္​ကုိ ႐ုိး႐ွင္​းတဲ့နိယာမပါပဲ။

​​ေနာင္​တတုိင္​းလည္​း ​ေနာက္​မက်​ေသးပါဘူးတဲ့

ကြၽန္​​ေတာ္တုိ႔လက္​လြတ္​ဆုံး႐ႈံးခဲ့ရတဲ့အရာဟာအၿပီးတုိင္​စြန္​႔ခြာသြားၾကတာလည္​း ဟုတ္​ခ်င္​မွ ဟုတ္​မွာပါ ။

ကြၽန္​​ေတာ္တုိ႔ အသစ္​တစ္​ဖန္​ျပန္​ၿပီး စလုိ႔ရတဲ့ မနက္ျဖန္​ ဆုိတာ ႐ွိတယ္​ ။ ဒါဟာ ​ေလာကႀကီးက​ေပးတဲ့ဒုတိယ​ေျမာက္​အခြင္​့အ​ေရးပဲ​ေပါ့ ။ မနက္​ျဖန္​တုိင္​းဟာၾကဳိးစားလုိသူ​ေတြအတြက္​ သစ္​လြင္​​ေတာက္​ပ​ေနတယ္​။

လွပစြာ ဆီးၾကဳိ​ေနတယ္​ ။ အနာဂတ္​မွာ​ေအာင္​ျမင္​မႈေရာင္​ျခည္​​ေတြ သန္​း​ေနတယ္​ ။ နာက်င္​စိတ္​နဲ႔ က်လာတဲ့မ်က္​ရည္​စ​ေတြအတြက္​ သူ႔ဘက္​က ျပဳံးၿပီး လက္​ယက္​​ေခၚ​ေနတယ္​ ။ ၾကဳိးစားစမ္​းပါ ။ ထပ္​ၿပီးၾကဳိးစားစမ္​းပါ ။ ထပ္​ကာထပ္​ကာၾကဳိးစားလုိက္​စမ္​းပါလုိ႔ တုိက္​တြန္​းႏႈိး​ေဆာ္​​ေနတယ္​ ။

ဒီ​ေန႔ စာ​ေမးပြဲက်တာလား….

မနက္​ျဖန္​တုိင္​းဟာ ဆီးၾကဳိ​ေနတယ္​ ။ ထပ္​ၾကဳိးစားထပ္​​ေျဖ ။ ​ေအာင္​ရမွာ​ေပါ့ ။

ပုိ႔သမ်ွစာမူ​ေတြ အႀကိမ္​ႀကိမ္​ အပယ္​ခံရတာလား….

မနက္​ျဖန္​တုိင္​းဟာ ဆီးၾကိဳ​ေနတယ္​ ။ထပ္​​ေရးထပ္​ပုိ႔ ။တစ္​ႀကိမ္​မဟုတ္​တစ္​ႀကိမ္​​ေတာ့ ၾကဳိးစားမႈသစ္​ပင္​ရဲ႕အသီးအပြင္​့ကုိ ခံစားရမွာ​ေပါ့။

အသည္​းကြဲ​ေနတာလား…..

ဒါဆုိ မွတ္​ထား ။ ​ေလာကႀကီးက ​ေပ်ာ့ညံ့တဲ့လူ​ေတြကုိဘယ္​​ေတာ့မွ ​ေနရာမ​ေပးဘူး ။ လူတစ္​ခ်ိဳ႕က ကုိယ္​့ကုိစြန္​႔လႊတ္​သြားၾကတာမဟုတ္​ဘူး ။ ​ေလာကႀကီးက ကုိယ္​နဲ႔မထုိက္​တန္​တဲ့သူ​ေတြကုိ သူ႔နည္​းသူ႔ဟန္​နဲ႔ ကုိယ္​့ဘ၀ထဲက ပ,ထုတ္​ပစ္​လုိက္​တာ ။ မနက္​ျဖန္​တုိင္​းမွာျပဳံးပါ ။ ကုိယ္​့ကုိယ္​ ကုိ တည္​​ေဆာက္​ပါ ။ နာက်င္​​ေစသူ​ေတြကုိ ​ေက်းဇူးတင္​ပါ ။ သူတုိ႔​ေတြမွား​ေၾကာင္​း သက္​​ေသျပပါ ။

လူတစ္​​ေယာက္​ က်႐ႈံးခ်ိန္​ဟာ မိတ္​​ေဆြစစ္​​ေတြကုိ ေတြ႔ဖုိ႔ အ​ေကာင္​းဆုံး အခ်ိန္​ပဲတဲ့ ။

ဒါ​ေၾကာင္​့ ဒုကၡေရာက္​ခ်ိိန္​မွာ အား​ေပး​ေဖးမဖူးသူ​ေတြ ယုံၾကည္​မႈေပးဖူးသူ​ေတြ ​ေ႐ွ႕ကမားမားမတ္​မတ္​ရပ္​တည္​​ေပးဖူးသူ​ေတြ ခံစားနားလည္​​ေပးဖူးသူ​ေတြ ကုိ ရက္​ရက္​ေရာ​ေရာ ခ်စ္​ပါ ။ ​ေလး​ေလးစားစား ဆက္​ဆံပါ ။တန္​ဖိုးထား ျမတ္​ႏုိးပါ ။ ႏွစ္​ႏွစ္​ကာကာ ျပဳံးျပပါ ။

ကဲ သူငယ္​ခ်င္​း​ေရ ။ မင္​း​ေရာ ႐ႈံးနိမ္​့ဖူးတယ္​မလား ..လာ ငါတုိ႔ မနက္​ျဖန္​ကုိ ၾကဳိဆုိရ​ေအာင္​ …..

ဆန္​းလင္​းေအာင္​