ခွင့်လွှတ်လိုက်ပါ သူ စိတ်ဆိုးနေလား…ကိုယ်က ခွင့်လွှတ်လိုက်ပါ….

ခွင့်လွှတ်လိုက်ပါ

သူ စိတ်ဆိုးနေလား…ကိုယ်က ခွင့်လွှတ်လိုက်ပါ….

သူ ပူလောင်နေပေမယ့် ကိုယ်က မပူတော့ပါ…

သူ မှားနေသလား….သနားလိုက်ပါ….

သူ့ ခမျာ အသိက မှောင်နေရှာတာပါ….

သူ ရွဲ့နေလား….ကိုယ်က မှန်အောင်နေလိုက်ပါ….

သူ မသိရှာဘူး…ရွဲ့သူသာ လျှင် တိမ်းပါးသွားတော့မှာ….

သူ မာနတွေ အလံလွှင့်နေသလား…

သူ မသိဘူး…သူ အောက်ကျတော့မှာ….

သူ တွန့်တိုနေလား…..ကိုယ်က ရက်ရောလိုက်ပါ…

သူ ဆင်းရဲ မယ့်လမ်းစ သူ ဖန်တီးနေတာပါ…

သူ မေတ္တာ မထားနိုင်ဘူးတဲ့လား…ကိုယ်က ဉာဏ်ရှိတာဘဲ…

သူ နှလုံးသား လောင်ကျွမ်းနေပေမယ့်ကိုယ်က မေတ္တာခြုံလို့ လုံနေတယ်…

သူ့ ကိုခွင့်မလွှတ်နိုင်ဘူးလား…ကိုယ်က ဥပေက္ခာပြုလိုက်ပါ…

ကိုယ့်ကို ကိုယ် သနားတယ်မဟုတ်လား…ခွင့်လွှတ်ခြင်းကိုရယူလိုက်ပါ…

ကိုယ့် နှလုံးသားဟာတန်ဖိုးရှိတဲ့အတွက်

ကိလေသာမီးတွေ လောင်မြိုက်ဖို့မထိုက်တန်လို့ ပါ…

အရှင်ပညာသာရ-ဓမ္မစေတမန်

ခြင့္လႊတ္လိုက္ပါ

သူ စိတ္ဆိုးေနလား…ကိုယ္က ခြင့္လႊတ္လိုက္ပါ….

သူ ပူေလာင္ေနေပမယ့္ ကိုယ္က မပူေတာ့ပါ…

သူ မွားေနသလား….သနားလိုက္ပါ….

သူ႔ ခမ်ာ အသိက ေမွာင္ေနရွာတာပါ….

သူ ႐ြဲ႕ေနလား….ကိုယ္က မွန္ေအာင္ေနလိုက္ပါ….

သူ မသိရွာဘူး…႐ြဲ႕သူသာ လွ်င္ တိမ္းပါးသြားေတာ့မွာ….

သူ မာနေတြ အလံလႊင့္ေနသလား…

သူ မသိဘူး…သူ ေအာက္က်ေတာ့မွာ….

သူ တြန္႔တိုေနလား…..ကိုယ္က ရက္ေရာလိုက္ပါ…

သူ ဆင္းရဲ မယ့္လမ္းစ သူ ဖန္တီးေနတာပါ…

သူ ေမတၱာ မထားႏိုင္ဘူးတဲ့လား…ကိုယ္က ဥာဏ္ရွိတာဘဲ…

သူ ႏွလုံးသား ေလာင္ကြၽမ္းေနေပမယ့္ကိုယ္က ေမတၱာၿခဳံလို႔ လုံေနတယ္…

သူ႔ ကိုခြင့္မလႊတ္ႏိုင္ဘူးလား…ကိုယ္က ဥေပကၡာျပဳလိုက္ပါ…

ကိုယ့္ကို ကိုယ္ သနားတယ္မဟုတ္လား…ခြင့္လႊတ္ျခင္းကိုရယူလိုက္ပါ…

ကိုယ့္ ႏွလုံးသားဟာတန္ဖိုးရွိတဲ့အတြက္

ကိေလသာမီးေတြ ေလာင္ၿမိဳက္ဖို႔မထိုက္တန္လို႔ ပါ…

အရွင္ပညာသာရ-ဓမၼေစတမန္