မိန်းမလှ နဲ့ မိန်းမကောင်း
သိက္ခာရှိတဲ့ မိန်းမဆိုတာ ဘယ်ယောကျာ်းကိုမှ တစ်ဖက်သက်လိုက်မကြိုက်ဘူး …။
မြင့်မြတ်တဲ့ မိန်းမဆိုတာ ဘယ်ယောကျာ်းကိုမှ တစ်ခြားမိန်းမနဲ့ ယှဉ်မလှုဘူး …။
ထက်မြတ်တဲ့ မိန်းမဆိုတာ ဘယ်ယောကျာ်းကိုမှ အီစီကလီလုပ်မချစ်တတ်ဘူး …။
ရိုးသားဖြူစင်တဲ့ မိန်းမကောင်းဆိုတာ ဘယ်ယောကျာ်းကို မှမလှည့်စားဘူး …။
ချစ်သူရည်းစားများတိုင်း အပေါစားမိန်းမ မဟုတ်ပါဘူး ။
ဒါပေမယ့် မိန်းမကောင်းပီသသူတိုင်း ကတော့ ပန်းကောင်းတစ်ကာပွင့်ပဲ ပန်တယ်။ မိန်းမကောင်းရဲ့တန်ဖိုးဆိုတာ သူ့လက်ထဲ မှာ…မိန်းကလေးတစ်ယောက်ရဲ့ စာရိတ္တဆိုတာ သူ့လက်ထဲမှာ …။
ရေအိုင် အဆင့်လောက်ရှိရင် တွေ့သမျှလူတိုင်းက ခြေဆေးကြမှာပဲ …။
ဇရပ်အဆင့်လောက်ရှိရင် သူတောင်းစားလည်းလာအိပ်နိုင်တယ် …။
အနင်းခံ ဖိနပ်တန်ဖိုးလောက်ရှိရင် ခြေထောင့်မှာပဲ နေရာမယ် …။
အမြင့်မှာနေတဲ့ ဦးထုပ်လောက် တန်ဖိုးရှိရင် လူတိုင်းက ခေါင်းပေါ်တင်ထားကြမှာပဲ …။
လူမိုက်များလေလေ ပညာရှိတန်ဖိုးတက်လေလေပဲ …။ မိန်းမပျက်များလေလေ မိန်းမကောင်းတွေ တန်ဖိုးတတ်လေလေပဲ …။
ပန်းတွေ လွယ်လွယ်ပွင့်ရင် လူတိုင်းက နမ်းရှိုက်လို့ နွမ်းသွားရင် စွန့်ပစ်ကြမှာပဲ …။
လှတဲ့ မိန်းကလေးက မျက်နှာနဲ့ ခန္ဓာကိုယ်ပဲ အဓိက ဂရုစိုက်တယ် …။
မိန်းမကောင်းတွေက စိတ်နှလုံးနဲ့ အကျင်းစရိုက်ကို အဓိက ဂရုစိုက်တယ် …။
မိန်းမလှတွေ က မျက်စိကိုအေးစေတယ် ငယ်စဉ်မှာလှတယ် …။
မိန်းမကောင်းကတော့ စိတ်နှလုံးကိုအေးစေတယ် အိုသည့်တိုင်အောင်လှတယ် …။
မိန်းမလှတွေက ရတနာ တစ်ပါးဆိုမိန်းမကောင်းကတော့ ရတနာသိုက်ပါပဲ…။
PPA (တွံတေး)
PPA (တွံတေး)