အရြယ္တင္နုပ်ိုခ်င္တဲ့မိန္းကေလးတိုင္း သိကိုသိထားရမယ့္အလွအပလွ်ို႕ဝွက္ခ်က္(၃)ခု

မိန္းကေလးတိုင္း မလွခ်င္တဲ့သူ၊ မနုပ််ိဳခ်င္တဲ့သူမရွိပါဘူး။ မိန္းကေလးဆိုတာ အသက္အရြယ္ၾကီးရင့္လာလည္း အေရးအေၾကာင္းကင္းစင္ျပီး အရြယ္တင္နုပ်ိုလွပတဲ့သူ၊ အျမဲတမ္းလွပေနတဲ့သူျဖစ္ခ်င္ၾကပါတယ္။ အသက္ၾကီးလာတဲ့အထိ နုပ်ိဳလွပဖို႕အတြက္ မိန္းကေလးတိုင္းမျဖစ္မေနသိထားရမယ့္ အလွအပဆိုင္ရာလွ်ို႕ဝွက္ခ်က္ေတြကို ေျပာျပေပးလိုက္ပါတယ္။

(၁) ကိုယ္တိုင္လုပ္ အေရးအေၾကာင္းကင္းခရင္မ္

freepik

vaselline စားပြဲတင္ဇြန္းနွစ္ဇြန္းကိုအပူေပးျပီး သံလြင္ဆီတစ္ဇြန္း၊ ၾကက္ဥအနွစ္တစ္လံုး၊ ပ်ားရည္တစ္ဇြန္း၊ ေထာပတ္သီးအမွည့္တစ္လံုးတို႕ကို အနွစ္ျဖစ္ေအာင္ ေရာေမႊပါ။ မ်က္နွာကိုေျပာင္စင္ေအာင္သစ္ျပီး ရလာတဲ့အႏွစ္ကိုမ်က္နွာအႏွံ႕ခပ္ထူထူေလးလိမ္းကာ မိနစ္၂၀ ေလာက္ထားေပးပါ။ ျပီးရင္ ေရၾကက္သီးေနြးေလးနဲ႕မ်က္နွာသစ္လိုက္ပါ။ တစ္ပတ္နွစ္ၾကိမ္ေလာက္လုပ္ေပးရင္ မ်က္နွာေပၚမွာျဖစ္ေလ့ရွိတဲ့ အေရးအေၾကာင္းေတြမျဖစ္လာေအာင္ တားဆီးေပးနိုင္တာေၾကာင့္ အသက္ၾကီးလာလည္း ရြယ္တူေတြထက္ နုပ်ိဳေနပါလိမ့္မယ္။

(၂) ကိုယ္တိုင္လုပ္ အမည္းစက္ေပ်ာက္ေပါင္းတင္ေဆး

ဂ်ံဳမႈန္႕နွစ္ဇြန္း၊ နနြင္းအနည္းငယ္၊ ႏြားနို႕အစိမ္းေလးဇြန္း၊ သံပရိုရည္တစ္ဇြန္း၊ အုန္းဆီတစ္ဇြန္း တို႕ကိုေရာေမႊျပီး မ်က္နွာအနွံ႕ထူထူေလးလိမ္းေပးပါ။ ၁၀ မိနစ္ၾကာရင္ မ်က္နွာအႏွံ႕ဖြဖြေလးနွိပ္နယ္ေပးျပီီး ေရၾကက္သီးေနြးေလးနဲ႕ ေဆးခ်ေပးလိုက္ပါ။သံုးရက္တစ္ၾကိမ္ေလာက္ လုပ္ေပးရင္ အမည္းစက္ေတြသိသိသာသာေလ်ာ့ပါးလာတာကိုေတြ႕ရပါလိမ့္မယ္။

(၃) ဆားဝက္ျခံေပ်ာက္ေပါင္းတင္ေဆး

freepik

ဂ်ံဳမႈန္႕နွစ္ဇြန္း၊ မုန္႕ဖုတ္ဆိုဒါတစ္ဇြန္း၊ပ်ားရည္တစ္ဇြန္းတို႕ကိုေရာေမႊျပီး မ်က္နွာအနွံ႕လိမ္းေပးပါ။ မိနစ္နွစ္ဆယ္ေလာက္ထားျပီးရင္ ေရေနြးေလးနဲ႕မ်က္နွာသစ္ေပးကာ တစ္သွ်ူးစကၠူေလးနဲ႕ ဆားဝက္ျခံေတြကို ညွစ္ထုတ္ေပးျပီး ေရေအးနဲ႕မ်က္နွာျပန္သစ္ေပးပါ။ ဒါျပီးရင္ေတာ့ တိုနာလိမ္းေပးပါ။ တစ္ပတ္တစ္ၾကိမ္လုပ္ေပးရင္ မ်က္နွာေပၚကဆားဝက္ျခံေတြကို တျဖည္းျဖည္းသက္သာေပ်ာက္ကင္းလာေစပါလိမ့္မယ္။

written by PP

မိန်းကလေးတိုင်း မလှချင်တဲ့သူ၊ မနုပျျိုချင်တဲ့သူမရှိပါဘူး။ မိန်းကလေးဆိုတာ အသက်အရွယ်ကြီးရင့်လာလည်း အရေးအကြောင်းကင်းစင်ပြီး အရွယ်တင်နုပျိုလှပတဲ့သူ၊ အမြဲတမ်းလှပနေတဲ့သူဖြစ်ချင်ကြပါတယ်။ အသက်ကြီးလာတဲ့အထိ နုပျိုလှပဖို့အတွက် မိန်းကလေးတိုင်းမဖြစ်မနေသိထားရမယ့် အလှအပဆိုင်ရာလျှို့ဝှက်ချက်တွေကို ပြောပြပေးလိုက်ပါတယ်။

(၁) ကိုယ်တိုင်လုပ် အရေးအကြောင်းကင်းခရင်မ်

vaselline စားပွဲတင်ဇွန်းနှစ်ဇွန်းကိုအပူပေးပြီး သံလွင်ဆီတစ်ဇွန်း၊ ကြက်ဥအနှစ်တစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ထောပတ်သီးအမှည့်တစ်လုံးတို့ကို အနှစ်ဖြစ်အောင် ရောမွှေပါ။ မျက်နှာကိုပြောင်စင်အောင်သစ်ပြီး ရလာတဲ့အနှစ်ကိုမျက်နှာအနှံ့ခပ်ထူထူလေးလိမ်းကာ မိနစ်၂၀ လောက်ထားပေးပါ။ ပြီးရင် ရေကြက်သီးနွေးလေးနဲ့မျက်နှာသစ်လိုက်ပါ။ တစ်ပတ်နှစ်ကြိမ်လောက်လုပ်ပေးရင် မျက်နှာပေါ်မှာဖြစ်လေ့ရှိတဲ့ အရေးအကြောင်းတွေမဖြစ်လာအောင် တားဆီးပေးနိုင်တာကြောင့် အသက်ကြီးလာလည်း ရွယ်တူတွေထက် နုပျိုနေပါလိမ့်မယ်။

(၂) ကိုယ်တိုင်လုပ် အမည်းစက်ပျောက်ပေါင်းတင်ဆေး

ဂျုံမှုန့်နှစ်ဇွန်း၊ နနွင်းအနည်းငယ်၊ နွားနို့အစိမ်းလေးဇွန်း၊ သံပရိုရည်တစ်ဇွန်း၊ အုန်းဆီတစ်ဇွန်း တို့ကိုရောမွှေပြီး မျက်နှာအနှံ့ထူထူလေးလိမ်းပေးပါ။ ၁၀ မိနစ်ကြာရင် မျက်နှာအနှံ့ဖွဖွလေးနှိပ်နယ်ပေးပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။သုံးရက်တစ်ကြိမ်လောက် လုပ်ပေးရင် အမည်းစက်တွေသိသိသာသာလျော့ပါးလာတာကိုတွေ့ရပါလိမ့်မယ်။

(၃) ဆားဝက်ခြံပျောက်ပေါင်းတင်ဆေး

ဂျုံမှုန့်နှစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါတစ်ဇွန်း၊ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးပါ။ မိနစ်နှစ်ဆယ်လောက်ထားပြီးရင် ရေနွေးလေးနဲ့မျက်နှာသစ်ပေးကာ တစ်သျှူးစက္ကူလေးနဲ့ ဆားဝက်ခြံတွေကို ညှစ်ထုတ်ပေးပြီး ရေအေးနဲ့မျက်နှာပြန်သစ်ပေးပါ။ ဒါပြီးရင်တော့ တိုနာလိမ်းပေးပါ။ တစ်ပတ်တစ်ကြိမ်လုပ်ပေးရင် မျက်နှာပေါ်ကဆားဝက်ခြံတွေကို တဖြည်းဖြည်းသက်သာပျောက်ကင်းလာစေပါလိမ့်မယ်။

written by PP