မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ ရင်ဖွင့်စာ (၁၂)

မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ သမီးလေးတစ်ယောက်ရဲ့ ရင်ဖွင့်စာလေးတွေ မျှဝေခဲ့တာဆိုရင် အမှတ်စဉ်လေးတွေနဲ့ (၁၁) ထိပြီးခဲ့ပါပြီ . . .

အခု အမှတ်စဉ် (၁၂) အနေနဲ့ သမီးလေးတစ်ယောက် ရင်ဖွင့်ထားတာကို မျှဝေပေးလိုက်ပါတယ်နော် . . .

အတွေ့အကြုံဆိုတာ ငွေနဲ့ဝယ်လို့မရတဲ့အရာမို့ သူတစ်ပါးအတွေ့အကြုံကနေ သင်ခန်းစာ အတုယူစရာတွေ ယူနိုင်ကြပါစေ

ကျွန်မ အိမ်ထောင်ကွဲတဲ့အချိန်အသက်၄၄ နှစ် အဲ့အချိန် ကိုယ်နေခဲ့တဲ့ ပါတ်ဝန်းကျင်က လူတွေရဲ့အကြည့် အဆိုးဆုံးက ယောကျ်ားသားတွေရဲ့မျက်လုံးချက်ချင်းပြောင်းလည်းသွားခဲ့တယ်။

ဆိုင်ထိုင်ပြီး အမြဲတမ်း ကိုယ့်ကို လှလှပပ သပ်သပ်ယပ်ယပ်နေတတ်တဲ့ မိန်းမတစ်ယောက်ကို

ယောကျ်ားရှိစဉ်က ကြည့်ခဲ့ကြတဲ့ မျက်လုံးနဲ့ ယောကျ်ားနဲ့ကွာရှင်းပြီးချိန် ကြည့်ကြတဲ့ မျက်လုံးမတူသလိုဘယ်သွားသွားဘယ်လာလာ မျက်လုံးဒေါင့်ထောက် ကြည့်နေကြတာကတမျိုး ။

ဒီကြားထဲ ယောကျ်ားနဲ့ ယောကျ်ားအမျိုးတွေက ကျွန်မက ဖောက်ပြန်လို့ ကွာရှင်းလိုက်တာပါလို့သတင်းကလွှင့်သေးတယ်

ကျွန်မလေ ငိုစရာမျက်ရည်မရှိတော့ ပြောစရာစကားလုံးတွေလည်းမရှိတော့လို့ ဘယ်သူကိုမှမရှင်းပြတော့ဘဲ့

ကိုယ့်စိတ်ကို အားမွေ ကျွန်မကို မျက်လုံးဒေါင့်ထောက်ကြည့်သူအားလုံးရှေ့ ရင်ကော့ခေါင်းမော့လိုအကြောတင်းတင်း ဖြတ်သန်းပြလိုက်တယ်။

ကျွန်မကို ကြည့်နေတဲ့ မျက်လုံးတွေ ကို ကရုမစိုက် ခါတိုင်းအပြုံးလေးနဲ့ ပြန်နုတ်ဆက်တတ်တဲ့နေရာမှာ မသိချင်ယောင်ဆောင်ပြီး

မာန မျက်နှာနဲ့ ခပ်တင်းတင်းလေးနေပြလိုက်တာသုံးလ လောက်မှာအားလုံးရဲ့အကြည့်တွေ ပုံမှန်ပြန်ဖြစ်သွားသလို

ရမလားလို့လာစမ်းတဲ့ သူတွေလည်း ကျွန်မရှေ့ရောက်ရင် ခေါင်းငုံ့လို့သွားကြတယ် အဲ့ဒီအချိန်က စပြီး ကျွန်မပါတ်ဝန်းကျင်ကလူတွေ အပေါ် ကျွန်မရဲ့အပြုံးတွေ ပြန်လတ်ဆတ် လာခဲ့တယ်။

ခုဆို အိမ်ထောင်ကွဲပြီး ၅နှစ် မှာ ကျွန်မ အရမ်းပင်ပန်းခဲ့တယ် သားသမီးသုံးယောက် ပညာရေးအတွက် ကျိုးစားရုန်းကန်ခဲ့ရတယ်

ဒီကြားထဲ ကျွန်မကိုယ် ကျွန်မ ပိုပြီးလှပအောင် နေလာတယ်

အမြဲ တမ်း စမတ်ဖြစ်နေအောင် နေထိုင်တယ် အဲ့ဒါတွေကနောက်တစ်ယောက်အတွက်မဟုတ်ဘူး ကိုယ်လှနေတာကိုယ့်အတွက်

မြင်တဲ့သူတိုင်း ကြီးကြီးငယ်ငယ်ယောကျ်ားမိန်းရဲ့အကြည့်တွေကြားထဲ ကိုယ့်ကို ဂုဏ်ယူလို့ နေပျော်လာတယ် ဘာကြောင့်ဆို့ ယောကျ်ားမရှိတာနဲ့ စုတ်ပြတ်သတ်သွားပြီး လင်ပူမိတဲ့မိန်းမတစ်ယောက် မဟုတ်ဘူးဆိုတာ ပြလိုက်နိုင်လို့ဘဲ။

ဒီ Gpထဲက သူငယ်ချင်း ညီမလေးအားလုံး Single mon အားလုံး ကိုယ်ဆုံးဖြတ်ပြီးတဲ့နောက်မှာကိုယ်လျှောက်ရမဲ့လမ်းကို ရဲရဲလျှောက်ကြပါ

ပါတ်ဝန်းကျင် မျက်လုံးအဓိက ယောကျ်ား တွေရဲ့ မျက်လုံးတွေကို ကရုမစိုက်ဘဲသူတို့တွေရှေ့ရောက်တိုင်း မာနမျက်နှာနဲ့အကြောတင်းတင်း ဖြတ်လျှောက်ပြလိုက်ကြပါ။

ပါတ်ဝန်းကျင် မျက်လုံးတွေ ကရုစိုက်နေရင်ကိုယ်လျှောက်နေတဲ့လမ်း ယိုင်သွားတတ်ပါတယ်။

အချိန်က အဖြေမို့ တနေ့ အားလုံးက ကိုယ့်ရှေ့ရောက်ရင်ခေါင်းငုံ့သွားကြ ပါလိမ့်မယ်။

Rose

မိန္းမသားတို႔ ရင္ဖြင့္ရာ Group မွာ လာေရာက္ရင္ဖြင့္ထားတဲ့ သမီးေလးတစ္ေယာက္ရဲ႕ ရင္ဖြင့္စာေလးေတြ မွ်ေဝခဲ့တာဆိုရင္ အမွတ္စဥ္ေလးေတြနဲ႔ (၁၁) ထိၿပီးခဲ့ပါၿပီ . . .

အခု အမွတ္စဥ္ (၁၂) အေနနဲ႔ သမီးေလးတစ္ေယာက္ ရင္ဖြင့္ထားတာကို မွ်ေဝေပးလိုက္ပါတယ္ေနာ္ . . .

အေတြ႔အၾကံဳဆိုတာ ေငြနဲ႔၀ယ္လို႔မရတဲ့အရာမို႔ သူတစ္ပါးအေတြ႕အၾကံဳကေန သင္ခန္းစာ အတုယူစရာေတြ ယူႏိုင္ၾကပါေစ

ကြၽန္မ အိမ္ေထာင္ကြဲတဲ့အခ်ိန္အသက္၄၄ ႏွစ္ အဲ့အခ်ိန္ ကိုယ္ေနခဲ့တဲ့ ပါတ္ဝန္းက်င္က လူေတြရဲ႕အၾကည့္ အဆိုးဆံုးက ေယာက်္ားသားေတြရဲ႕မ်က္လံုးခ်က္ခ်င္းေျပာင္းလည္းသြားခဲ့တယ္။

ဆိုင္ထိုင္ၿပီး အျမဲတမ္း ကိုယ့္ကို လွလွပပ သပ္သပ္ယပ္ယပ္ေနတတ္တဲ့ မိန္းမတစ္ေယာက္ကို

ေယာက်္ား႐ွိစဥ္က ၾကည့္ခဲ့ၾကတဲ့ မ်က္လံုးနဲ႔ ေယာက်္ားနဲ႔ကြာ႐ွင္းၿပီးခ်ိန္ ၾကည့္ၾကတဲ့ မ်က္လံုးမတူသလိုဘယ္သြားသြားဘယ္လာလာ မ်က္လံုးေဒါင့္ေထာက္ ၾကည့္ေနျကတာကတမ်္ိုး ။

ဒီၾကားထဲ ေယာက်္ားနဲ႔ ေယာက်္ားအမ်ိဳးေတြက ကြၽန္မက ေဖာက္ျပန္လို႔ ကြာ႐ွင္းလိုက္တာပါလို႔သတင္းကလႊင့္ေသးတယ္

ကြၽန္မေလ ငိုစရာမ်က္ရည္မ႐ွိေတာ့ ေျပာစရာစကားလံုးေတြလည္းမ႐ွိေတာ့လို႔ ဘယ္သူကိုမွမ႐ွင္းျပေတာ့ဘဲ့

ကိုယ့္စိတ္ကို အားေမြ ကြၽန္မကို မ်က္လံုးေဒါင့္ေထာက္ၾကည့္သူအားလံုးေ႐ွ႕ ရင္ေကာ့ေခါင္းေမာ့လိုအေၾကာတင္းတင္း ျဖတ္သန္းျပလိုက္တယ္။

ကြၽန္မကို ၾကည့္ေနတဲ့ မ်က္လံုးေတြ ကို က႐ုမစိုက္ ခါတ္ုိုင္းအျပံဳးေလးနဲ႔ ျပန္ႏုတ္ဆက္တတ္တဲ့ေနရာမွာ မသိခ်င္ေယာင္ေဆာင္ၿပီး

မာန မ်က္ႏွာနဲ႔ ခပ္တင္းတင္းေလးေနျပလိုက္တာသံုးလ ေလာက္မွာအားလံုးရဲ႕အၾကည့္ေတြ ပံုမွန္ျပန္ျဖစ္သြားသလို

ရမလားလို႔လာစမ္းတဲ့ သူေတြလည္း ကြၽန္မေ႐ွ႕ေရာက္ရင္ ေခါင္းငံု႔လို႔သြားၾကတယ္ အဲ့ဒီအခ်ိန္က စၿပီး ကြၽန္မပါတ္ဝန္းက်င္ကလူေတြ အေပၚ ကြၽန္မရဲ႕အျပံဳးေတြ ျပန္လတ္ဆတ္ လာခဲ့တယ္။

ခုဆို အိမ္ေထာင္ကြဲၿပီး ၅ႏွစ္ မွာ ကြၽန္မ အရမ္းပင္ပန္းခဲ့တယ္ သားသမီးသံုးေယာက္ ပညာေရးအတြက္ က်ိဳးစား႐ုန္းကန္ခဲ့ရတယ္

ဒီၾကားထဲ ကြၽန္မကိုယ္ ကြၽန္မ ပိုၿပီးလွပေအာင္ ေနလာတယ္

အျမဲ တမ္း စမတ္ျဖစ္ေနေအာင္ ေနထိုင္တယ္ အဲ့ဒါေတြကေနာက္တစ္ေယာက္အတြက္မဟုတ္ဘူး ကိုယ္လွေနတာကိုယ့္အတြက္

ျမင္တဲ့သူတိုင္း ႀကီးႀကီးငယ္ငယ္ေယာက်္ားမိန္းရဲ႕အၾကည့္ေတြၾကားထဲ ကိုယ့္ကို ဂုဏ္ယူလို႔ ေနေပ်ာ္လာတယ္ ဘာေၾကာင့္ဆို႔ ေယာက်္ားမ႐ွိတာနဲ႔ စုတ္ျပတ္သတ္သြားၿပီး လင္ပူမိတဲ့မိန္းမတစ္ေယာက္ မဟုတ္ဘူးဆိုတာ ျပလိုက္ႏိုင္လို႔ဘဲ။

ဒီ Gpထဲက သူငယ္ခ်င္း ညီမေလးအားလံုး Single mon အားလံုး ကိုယ္ဆံုးျဖတ္ၿပီးတဲ့ေနာက္မွာကိုယ္ေလ်ွာက္ရမဲ့လမ္းကို ရဲရဲေလ်ွာက္ၾကပါ

ပါတ္ဝန္းက်င္ မ်က္လံုးအဓိက ေယာက်္ား ေတြရဲ႕ မ်က္လံုးေတြကို က႐ုမစိုက္ဘဲသူတို႔ေတြေ႐ွ႕ေရာက္တိုင္း မာနမ်က္ႏွာနဲ႔အေၾကာတင္းတင္း ျဖတ္ေလ်ွာက္ျပလိုက္ၾကပါ။

ပါတ္ဝန္းက်င္ မ်က္လံုးေတြ က႐ုစိုက္ေနရင္ကိုယ္ေလ်ွာက္ေနတဲ့လမ္း ယိုင္သြားတတ္ပါတယ္။

အခ်ိန္က အေျဖမို႔ တေန႔ အားလံုးက ကိုယ့္ေ႐ွ႕ေရာက္ရင္ေခါင္းငံု႔သြားၾက ပါလိမ့္မယ္။

Rose